ရိက္ခာပြတ်လပ်မှုကြောင့် အမ်းစစ်ရှောင်များ ဆန်အစား မျှစ်ကိုစားသောက်နေကြရ

 491

သက်ပိုင်( NP News) - ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများအနေဖြင့် ရိက္ခာ ရှားပါးမှုကြောင့် ဆန်အစား မျှစ်ကို ပြုတ်ကာ စားသောက်နေကြရကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ထိုသို့ စားသောက်နေရသည့် အိမ်ထောင်စုများစွာ ရှိကြောင်းနှင့် ရခိုင်လူမျိုးများနှင့် ချင်းလူမျိုးများ ပါဝင်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ၏ ပြောကြားချက်အရ သိရသည်။
“အမ်းမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ လုံးဝစားစရာမရှိလို့ မျှစ်တွေကိုချိုးပြီး ပြုတ်စားနေရတဲ့အထိ ဖြစ်နေကြတယ်။ စားရေးသောက်ရေးကတော့ လုံးဝကို ခက်ခဲနေကြတယ်။လက်ရှိမှာတော့ အသင်းအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးနေကြပါတယ်။ ဒါပေမဲ့ အကုန်လုံးကိုတော့ မကူညီနိုင်သေးပါဘူး ” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောဆိုထားသည်။
အမ်းမြို့နယ်ကို ထိန်းချုပ်ထားသော AA အဖွဲ့အနေဖြင့် လက်ရှိတွင် ပြည်မနှင့်ဆက်သွယ်သွားလာသော လမ်းများကို ပိတ်ဆို့ထားသည့်အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်စည်ရောင်းဝယ်မှုများမှာ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် ရခိုင်ဒေသမှ စစ်ဘေးရှောင်များကို ကူညီပေးရန်ဟုဆိုကာ (HDCO)အမည်ဖြင့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ထားသော်လည်း ထိရောက်သော ကူညီမှုမလုပ်ဆောင်နိုင်ကြောင်း ဒေသခံအချို့က ဝေဖန်မှုများရှိနေကြသည်။

Zawgyi Version:
ရိကၡာျပတ္လပ္မႈေၾကာင့္ အမ္းစစ္ေရွာင္မ်ား ဆန္အစား မွ်စ္ကိုစားေသာက္ေနၾကရ
သက္ပိုင္( NP News) - ဩဂုတ္ ၃
ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ေနၾကရေသာ ျပည္သူမ်ားအေနျဖင့္ ရိကၡာ ရွားပါးမႈေၾကာင့္ ဆန္အစား မွ်စ္ကို ျပဳတ္ကာ စားေသာက္ေနၾကရေၾကာင္း စစ္ေဘးေရွာင္မ်ားကို ကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။
ထိုသို႔ စားေသာက္ေနရသည့္ အိမ္ေထာင္စုမ်ားစြာ ရွိေၾကာင္းႏွင့္ ရခိုင္လူမ်ိဳးမ်ားႏွင့္ ခ်င္းလူမ်ိဳးမ်ား ပါဝင္ေၾကာင္း ကူညီေဆာင္႐ြက္ေပးေနသူ၏ ေျပာၾကားခ်က္အရ သိရသည္။
“အမ္းၿမိဳ႕နယ္ထဲက စစ္ေဘးေရွာင္စခန္းေတြမွာ လုံးဝစားစရာမရွိလို႔ မွ်စ္ေတြကိုခ်ိဳးၿပီး ျပဳတ္စားေနရတဲ့အထိ ျဖစ္ေနၾကတယ္။ စားေရးေသာက္ေရးကေတာ့ လုံးဝကို ခက္ခဲေနၾကတယ္။လက္ရွိမွာေတာ့ အသင္းအဖြဲ႕အစည္းေတြအေနနဲ႔ ကူညီေပးေနၾကပါတယ္။ ဒါေပမဲ့ အကုန္လုံးကိုေတာ့ မကူညီႏိုင္ေသးပါဘူး ” ဟု ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက ေျပာဆိုထားသည္။
အမ္းၿမိဳ႕နယ္ကို ထိန္းခ်ဳပ္ထားေသာ AA အဖြဲ႕အေနျဖင့္ လက္ရွိတြင္ ျပည္မႏွင့္ဆက္သြယ္သြားလာေသာ လမ္းမ်ားကို ပိတ္ဆို႔ထားသည့္အတြက္ ေဒသတြင္း ကုန္စည္စီးဆင္းမႈ၊ ကုန္စည္ေရာင္းဝယ္မႈမ်ားမွာ ျပတ္ေတာက္လ်က္ရွိေၾကာင္း သိရသည္။
AA အဖြဲ႕အေနျဖင့္ ရခိုင္ေဒသမွ စစ္ေဘးေရွာင္မ်ားကို ကူညီေပးရန္ဟုဆိုကာ (HDCO)အမည္ျဖင့္ အဖြဲ႕အစည္းတစ္ရပ္ ထူေထာင္ထားေသာ္လည္း ထိေရာက္ေသာ ကူညီမႈမလုပ္ေဆာင္ႏိုင္ေၾကာင္း ေဒသခံအခ်ိဳ႕က ေဝဖန္မႈမ်ားရွိေနၾကသည္။

Related news

© 2021. All rights reserved.