ရုရှား ကရရှန်နီနီကော့ဗ် မီးတောင်နှစ်ပေါင်း ၄၇၅ အတွင်း ပထမဆုံး အကြိမ်ပေါက်ကွဲ

 184

ရောင်နီ (NP News) - သြဂုတ် ၅

ရုရှားနိုင်ငံ အရှေ့ပိုင်း ကမ်ချက်ကာ ဒေသမှာရှိတဲ့ ကရရှန်နီနီကော့ဗ် မီးတောင်ဟာ စံချိန်တင် ငလျင် လှုပ်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ၊ နှစ်ပေါင်း ၄၇၅ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲမှုဖြစ်ခဲ့ တယ်လို့ နိုင်ငံရဲ့အရေးပေါ် အာဏာပိုင်တွေက တနင်္ဂနွေနေ့ (သြဂုတ် ၃ ရက်) မှာ ပြောကြားပါတယ်။
၁၅၅ဝ ပြည့်နှစ်မှာမှ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ ကရရှန်နီနီကော့ဗ် မီးတောင်မှ ပြာတွေလွင့်စင်ထွက်နေတာ တွေကို ရုရှားနိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ တွေ့မြင်ရပါတယ်။ မီးတောင်ပြာတွေ အမြင့် ၆,၀၀၀ မီတာထိ ရောက်ရှိခဲ့ပြီး အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာဆီ ပျံ့နှံ့သွားခဲ့တာကြောင့် လူနေထူထပ်တဲ့ နေရာတွေမှာတော့ ပြာတွေ ကျလာတာမျိုးမရှိဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုအတွက် "လိမ္မော်ရောင်" လေကြောင်း အန္တရာယ်ကုဒ် သတ်မှတ်ထားပြီး ယင်းဒေသကို ဖြတ်ကာ ပျံသန်းမယ့် လေယာဉ်ပျံသန်းမှုတွေကို ခဏရပ်ဆိုင်းထား တယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့(ဇူလိုင် ၃ဝ ရက်) က ပြင်းအား ၈.၈ အဆင့်ရှိ ငလျင်၊ ရုရှား နိုင်ငံ၊ ကန်ချက်က ကျွန်းဆွယ်မှာ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းဖြစ်ပွားလာတဲ့မီးတောင်ပေါက်ကွဲမှု ဖြစ်ပြီး ငလျင် စလှုပ်ခတ်တဲ့နေ့ကလည်း ရုရှား၊ ဥရောပနဲ့ အာရှမှာ အမြင့်ဆုံး မီးတောင်ဖြစ်တဲ့ ကဲလ်ယူချီဗိစကော် မီးတောင်လည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Zawgyi Version:
႐ုရွား ကရရွန္နီနီေကာ့ဗ္ မီးေတာင္ႏွစ္ေပါင္း ၄၇၅ အတြင္း ပထမဆုံး အႀကိမ္ေပါက္ကြဲ
ေရာင္နီ (NP News) - ၾသဂုတ္ ၅
႐ုရွားႏိုင္ငံ အေရွ႕ပိုင္း ကမ္ခ်က္ကာ ေဒသမွာရွိတဲ့ ကရရွန္နီနီေကာ့ဗ္ မီးေတာင္ဟာ စံခ်ိန္တင္ ငလ်င္ လႈပ္ခတ္ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ၊ ႏွစ္ေပါင္း ၄၇၅ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေပါက္ကြဲမႈျဖစ္ခဲ့ တယ္လို႔ ႏိုင္ငံရဲ႕အေရးေပၚ အာဏာပိုင္ေတြက တနဂၤေႏြေန႔ (ၾသဂုတ္ ၃ ရက္) မွာ ေျပာၾကားပါတယ္။
၁၅၅ဝ ျပည့္ႏွစ္မွာမွ ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့ ကရရွန္နီနီေကာ့ဗ္ မီးေတာင္မွ ျပာေတြလြင့္စင္ထြက္ေနတာ ေတြကို ႐ုရွားႏိုင္ငံပိုင္ မီဒီယာမွ ထုတ္ျပန္တဲ့ ဓာတ္ပုံေတြအရ ေတြ႕ျမင္ရပါတယ္။ မီးေတာင္ျပာေတြ အျမင့္ ၆,၀၀၀ မီတာထိ ေရာက္ရွိခဲ့ၿပီး အေရွ႕ဘက္ ပစိဖိတ္သမုဒၵရာဆီ ပ်ံ႕ႏွံ႔သြားခဲ့တာေၾကာင့္ လူေနထူထပ္တဲ့ ေနရာေတြမွာေတာ့ ျပာေတြ က်လာတာမ်ိဳးမရွိဘူးလို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။ မီးေတာင္ေပါက္ကြဲမႈအတြက္ "လိေမၼာ္ေရာင္" ေလေၾကာင္း အႏၲရာယ္ကုဒ္ သတ္မွတ္ထားၿပီး ယင္းေဒသကို ျဖတ္ကာ ပ်ံသန္းမယ့္ ေလယာဥ္ပ်ံသန္းမႈေတြကို ခဏရပ္ဆိုင္းထား တယ္လို႔ ဝန္ႀကီးဌာနက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ဗုဒၶဟူးေန႔(ဇူလိုင္ ၃ဝ ရက္) က ျပင္းအား ၈.၈ အဆင့္ရွိ ငလ်င္၊ ႐ုရွား ႏိုင္ငံ၊ ကန္ခ်က္က ကြၽန္းဆြယ္မွာ လႈပ္ခတ္ခဲ့ၿပီးေနာက္ပိုင္းျဖစ္ပြားလာတဲ့မီးေတာင္ေပါက္ကြဲမႈ ျဖစ္ၿပီး ငလ်င္ စလႈပ္ခတ္တဲ့ေန႔ကလည္း ႐ုရွား၊ ဥေရာပနဲ႔ အာရွမွာ အျမင့္ဆုံး မီးေတာင္ျဖစ္တဲ့ ကဲလ္ယူခ်ီဗိစေကာ္ မီးေတာင္လည္း ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.