ထိုင်ဝမ်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူငါးဦး သေဆုံး၊ လူ ၅,၉၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

183
ရောင်နီ (NP News) - သြဂုတ် ၅
ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးကာ ထိုင်ဝမ်တောင်ပိုင်းမှ လူ ၅,၉၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ကျွန်းရဲ့စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါတဲ့ ဧရိယာဖြစ်တဲ့ ထိုင်ဝမ်တောင်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းမှစ မုန်တိုင်းငယ်နဲ့ အနောက်တောင်ဘက်လေစီးကြောင်းများ အားကောင်းလာ ကာ ရက်သတ္တပတ်ကြာ မိုးရွာသွန်းမှုဖြစ်ခဲ့ပါတယ်။ Central Weather Administration ရဲ့အဆိုအရ လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်း တောင်ထူထပ်တဲ့ ဒေသအစိတ်အပိုင်းတွေမှာ မိုးရေ ၂.၆ မီတာကျော် ရွာသွန်းခဲ့ပြီး အရင် ပုံမှန် မိုးရေချိန် ၂.၁ မီတာနဲ့ယှဉ်ရင် ပမာဏ အလွန်များတာ တွေ့ရတယ်လို့ ဆိုပါတယ်။
တောင်ပြိုကျမှုနဲ့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေသလို သြဂုတ်လ ၄ ရက်မှ စတင်ကာ မိုးရွာနိုင်သေးတယ်လို့ မိုးလေဝသ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Zawgyi Version:
ထိုင္ဝမ္ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူငါးဦး ေသဆုံး၊ လူ ၅,၉၀၀ ေက်ာ္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္း
ေရာင္နီ (NP News) - ၾသဂုတ္ ၅
ထိုင္ဝမ္မွာ ၿပီးခဲ့တဲ့ ရက္သတၱပတ္က စံခ်ိန္တင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈနဲ႔ ေရႀကီးမႈေတြ ျဖစ္ပြားခဲ့ၿပီး လူငါးဦး ေသဆုံးကာ ထိုင္ဝမ္ေတာင္ပိုင္းမွ လူ ၅,၉၀၀ ေက်ာ္ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။
ကြၽန္းရဲ႕စိုက္ပ်ိဳးေရးက႑အတြက္ အေရးပါတဲ့ ဧရိယာျဖစ္တဲ့ ထိုင္ဝမ္ေတာင္ပိုင္းမွာ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြ ျဖစ္ေပၚခဲ့တဲ့ ဇူလိုင္လ ေႏွာင္းပိုင္းမွစ မုန္တိုင္းငယ္နဲ႔ အေနာက္ေတာင္ဘက္ေလစီးေၾကာင္းမ်ား အားေကာင္းလာ ကာ ရက္သတၱပတ္ၾကာ မိုး႐ြာသြန္းမႈျဖစ္ခဲ့ပါတယ္။ Central Weather Administration ရဲ႕အဆိုအရ လြန္ခဲ့တဲ့ ခုနစ္ရက္အတြင္း ေတာင္ထူထပ္တဲ့ ေဒသအစိတ္အပိုင္းေတြမွာ မိုးေရ ၂.၆ မီတာေက်ာ္ ႐ြာသြန္းခဲ့ၿပီး အရင္ ပုံမွန္ မိုးေရခ်ိန္ ၂.၁ မီတာနဲ႔ယွဥ္ရင္ ပမာဏ အလြန္မ်ားတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။
ေတာင္ၿပိဳက်မႈနဲ႔ ေရႀကီးေရလွ်ံမႈေတြ ဆက္လက္ျဖစ္ေပၚေနသလို ၾသဂုတ္လ ၄ ရက္မွ စတင္ကာ မိုး႐ြာႏိုင္ေသးတယ္လို႔ မိုးေလဝသ အာဏာပိုင္ေတြက သတိေပးထားပါတယ္။