Penny-farthing စက်ဘီးအမျိုးအစားဖြင့် အမြန်နှုန်းဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်ခဲ့သည့် ကနေဒါအမျိုးသမီး

 160

Pika (NP News) - သြဂုတ်လ ၅

၁၈၇ဝ ပြည့်နှစ်နှင့် (၁၈၈၀) ပြည့်နှစ်များ အတွင်း ရေပန်းစားခဲ့သောစက်ဘီးအမျိုးအစားဖြစ်သည့် ဘီးကြီးတစ်ခုနှင့်ဘီးသေးတစ်ခုပါဝင်သော စက်ဘီးကို ကျွမ်းကျင်ပိုင်နိုင်စွာစီးနင်းနိုင်သည့် ကနေ ဒါအမျိုးသမီးတစ်ဦးသည် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
လီဇန်နီဝယ်လ်မော့ဆိုသည့် အမျိုးသမီးသည် ဩစတြေးလျလမ်းတွင် Penny-farthing စက်ဘီးအမျိုးအစားဖြင့် အကွာအဝေးတစ်ခုအထိ ရောက်အောင် နင်းပြခဲ့ပြီးနောက် အမြန်နှုန်း ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လီဇန်နီဝယ်လ်မော့သည် ဩစတြေးလျ Tasmania နိုင်ငံ Burnie မြို့တွင် ၎င်း၏ ဗစ်တိုးရီးယားစတိုင်စက်ဘီးကို နင်းခဲ့ပြီးနောက် penny farthing စက်ဘီးကို အမြန်ဆုံး အမြန်နှုန်းဖြင့် နင်းပြနိုင်သည့်(အမျိုးသမီး) ဂင်းနစ်စံချိန် နှင့် အကွာအဝေး(၁)ကီလိုမီတာကို penny farthing စက်ဘီးဖြင့် အမြန်ဆုံးရောက်အောင်နင်းပြနိုင်သည့် (အမျိုးသမီး) ဂင်းနစ်စံချိန်တို့ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လီဇန်နီဝယ်လ်မော့သည် အကွာအဝေး (၁)ကီလိုမီတာကို အချိန်(၅၂ ဒသမ ၇၅)စက္ကန့် အတွင်း ရောက်အောင်နင်းပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် လီဇန်နီဝယ်လ်မော့၏ အမြန်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် (၂၅ ဒသမ ၉၂)မိုင်ထိရှိ ခဲ့ကြောင်းလည်း သိရသည်။ လီဇန်နီဝယ်လ် မော့သည် အချိန်တစ်နာရီအတွင်း စနညညပ ်မေအ့ငညါ စက်ဘီး ဖြင့် အကွာအဝေး အဝေးဆုံးရောက်အောင်နင်းပြခြင်း(အမျိုးသမီး) အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ယခင်ကကိုင်ဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါစံချိန်ကို ဗြိတိန်အမျိုးသမီး မလီဆာ အီဒဲလ်က ချိုးဖျက်သွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
Penny-farthing စက္ဘီးအမ်ိဳးအစားျဖင့္ အျမန္ႏႈန္းဂင္းနစ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ခဲ့သည့္ ကေနဒါအမ်ိဳးသမီး
Pika (NP News) - ၾသဂုတ္လ ၅
၁၈၇ဝ ျပည့္ႏွစ္ႏွင့္ (၁၈၈၀) ျပည့္ႏွစ္မ်ား အတြင္း ေရပန္းစားခဲ့ေသာစက္ဘီးအမ်ိဳးအစားျဖစ္သည့္ ဘီးႀကီးတစ္ခုႏွင့္ဘီးေသးတစ္ခုပါဝင္ေသာ စက္ဘီးကို ကြၽမ္းက်င္ပိုင္ႏိုင္စြာစီးနင္းႏိုင္သည့္ ကေန ဒါအမ်ိဳးသမီးတစ္ဦးသည္ ကမာၻ႔ဂင္းနစ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လီဇန္နီဝယ္လ္ေမာ့ဆိုသည့္ အမ်ိဳးသမီးသည္ ဩစေၾတးလ်လမ္းတြင္ Penny-farthing စက္ဘီးအမ်ိဳးအစားျဖင့္ အကြာအေဝးတစ္ခုအထိ ေရာက္ေအာင္ နင္းျပခဲ့ၿပီးေနာက္ အျမန္ႏႈန္း ဂင္းနစ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လီဇန္နီဝယ္လ္ေမာ့သည္ ဩစေၾတးလ် Tasmania ႏိုင္ငံ Burnie ၿမိဳ႕တြင္ ၎၏ ဗစ္တိုးရီးယားစတိုင္စက္ဘီးကို နင္းခဲ့ၿပီးေနာက္ penny farthing စက္ဘီးကို အျမန္ဆုံး အျမန္ႏႈန္းျဖင့္ နင္းျပႏိုင္သည့္(အမ်ိဳးသမီး) ဂင္းနစ္စံခ်ိန္ ႏွင့္ အကြာအေဝး(၁)ကီလိုမီတာကို penny farthing စက္ဘီးျဖင့္ အျမန္ဆုံးေရာက္ေအာင္နင္းျပႏိုင္သည့္ (အမ်ိဳးသမီး) ဂင္းနစ္စံခ်ိန္တို႔ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
လီဇန္နီဝယ္လ္ေမာ့သည္ အကြာအေဝး (၁)ကီလိုမီတာကို အခ်ိန္(၅၂ ဒသမ ၇၅)စကၠန႔္ အတြင္း ေရာက္ေအာင္နင္းျပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ လီဇန္နီဝယ္လ္ေမာ့၏ အျမန္ဆုံး အျမန္ႏႈန္းမွာ တစ္နာရီလွ်င္ (၂၅ ဒသမ ၉၂)မိုင္ထိရွိ ခဲ့ေၾကာင္းလည္း သိရသည္။ လီဇန္နီဝယ္လ္ ေမာ့သည္ အခ်ိန္တစ္နာရီအတြင္း စနညညပ ္ေမအ့ငညါ စက္ဘီး ျဖင့္ အကြာအေဝး အေဝးဆုံးေရာက္ေအာင္နင္းျပျခင္း(အမ်ိဳးသမီး) အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ယခင္ကကိုင္ေဆာင္ထားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အဆိုပါစံခ်ိန္ကို ၿဗိတိန္အမ်ိဳးသမီး မလီဆာ အီဒဲလ္က ခ်ိဳးဖ်က္သြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.