ယာယီသမ္မတဦးမြင့်ဆွေကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပေါ်နေ

 2174

သက်ပိုင်( NP News) - ဩဂုတ် ၅
အသက် (၇၀) ကျော်အရွယ် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဩဂုတ်လ (၅)ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေး မှုများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက် များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေး ကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့် အတွက် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ရကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ယာယီသမၼတဦးျမင့္ေဆြက်န္းမာေရး အထူးစိုးရိမ္ဖြယ္ရာအေျခအေနျဖစ္ေပၚေန
သက္ပိုင္( NP News) - ဩဂုတ္ ၅
အသက္ (၇၀) ေက်ာ္အ႐ြယ္ ယာယီသမၼတ ဦးျမင့္ေဆြ၏ က်န္းမာေရး အေျခအေနမွာ အထူးစိုးရိမ္ဖြယ္ရာ အေျခအေနတြင္ ရွိေနေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ဩဂုတ္လ (၅)ရက္ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယာယီသမၼတဦးျမင့္ေဆြသည္ ၂၀၂၃ ခုႏွစ္ႏွစ္ဆန္းပိုင္းမွစ၍ လႈပ္ရွားရာတြင္ တုန႔္ေႏွးျခင္းႏွင့္ အစာအာဟာရစားသုံးႏိုင္မႈအားနည္းလာျခင္းတို႔ကို စတင္ခံစားခဲ့ ရသည့္အတြက္ အထူးကုဆရာဝန္ႀကီးမ်ားပါဝင္ေသာ အထူးေဆးကုသမႈအဖြဲ႕မွ က်န္းမာေရး စစ္ေဆး မႈမ်ားေဆာင္႐ြက္ခဲ့ရေၾကာင္း သိရသည္။
ထိုသို႔ က်န္းမာေရးစမ္းသပ္စစ္ေဆးခ်က္ မ်ားအရ အာ႐ုံေၾကာမ်ား ေႏွးေကြးတုန႔္ဆိုင္း သည့္ေရာဂါ (Parkinson's Disease) ၊ ၎ႏွင့္ဆက္စပ္ျဖစ္ေပၚေသာ အာ႐ုံေၾကာအားနည္းေရာဂါတို႔အား ခံစားေနရသည္ကို ေတြ႕ရွိရသည့္အတြက္ ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၅ ရက္မွ ၁၉ ရက္အထိ စင္ကာပူႏိုင္ငံ Mount Elizabeth Medical Center တြင္ လည္းေကာင္း၊ ေမလ ၂၇ ရက္ေန႔မွ ဇြန္လ ၁၈ ရက္ေန႔အထိအမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီးခုတင္ (၁၀၀၀) တြင္ လည္းေကာင္း ေဆးကုသမႈမ်ားခံယူခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေဆး႐ုံဆင္းၿပီးေနာက္ ယာယီသမၼတ ဦးျမင့္ေဆြအား က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္း ဦးေဆာင္ေသာ အထူးေဆး ကုသမႈအဖြဲ႕ျဖင့္ က်န္းမာေရးစစ္ေဆးကုသမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ၿပီး ယာယီသမၼတ ဦးျမင့္ေဆြ၏ က်န္းမာေရးအေျခအေနမွာ တိုးတက္ေကာင္းမြန္လာျခင္းမရွိသည့္ အတြက္ ၂ဝ၂၄ ခုႏွစ္၊ ဇူလိုင္လ ၁၈ ရက္ေန႔မွ စတင္၍ ေနအိမ္၌ပင္ေဆးခြင့္ျဖင့္ အနားယူ၍ ေဆးကုသမႈ ဆက္လက္ခံယူေနခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ယာယီသမၼတ ဦးျမင့္ေဆြ သည္ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လအတြင္း ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း၊ အစာေကာင္းစြာ မစားႏိုင္ျခင္း၊ အဖ်ားတက္ျခင္း၊ ဦးေႏွာက္ႏိုးၾကားမႈ ေလ်ာ့နည္းလာျခင္းတို႔ေၾကာင့္ ဇူလိုင္လ ၂၄ ရက္ေန႔တြင္ အမွတ္ (၂)တပ္မေတာ္ ေဆး႐ုံႀကီး ခုတင္(၁၀၀၀) ၌ ထပ္မံေဆး႐ုံတက္ေရာက္ ကုသမႈခံယူခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေရာဂါစစ္ေဆးခ်က္မ်ားအရ ယာယီသမၼတ ဦးျမင့္ေဆြသည္ လက္ရွိအေျခအေန ၌ အထူးစိုးရိမ္ဖြယ္ရာအေျခအေနျဖစ္ေသာေၾကာင့္ အမွတ္(၂)တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) အထူးၾကပ္မတ္ကုသေဆာင္၌ အထူးၾကပ္မတ္ကုသမႈခံယူလ်က္ရွိေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၊ သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.