ရန်ကုန်စည်ပင်ရေသုံးစွဲလိုသူများအွန်းလိုင်းမှလျှောက်ထားနိုင်

 1664

NP News ဩဂုတ် (၇) ရက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ပေးဝေလျက်ရှိသည့် စည်ပင်ရေကို သုံးစွဲလိုသူများအနေဖြင့် အိမ်ရေဆက်သွယ်ခွင့်လျှောက်ထားခြင်းကို အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
“အိမ်ရေဆက်သွယ်ခွင့်လျှောက်ထားရာမှာ ကော်မတီရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝန်ဆောင်မှုကဏ္ဍဆိုတဲ့ Page ရှိပါတယ်။ အဲ့ဒီမှာ ဝင်ရောက်ပြီးတော့ လျှောက်ထားနိုင်ပါတယ်။ ဌာနအနေနဲ့ လျှောက်ထားမှုတွေကို အမြဲတမ်းဝင်ကြည့်ပြီး ရေဆက်သွယ်ပေးလို့ရတဲ့နေရာဆိုရင် ဝန်ဆောင်ခ တွေ၊ ရေမီတာတန်ဖိုးတွေ စတဲ့ပစ္စည်းကုန်ကျစရိတ်တွေကို တွက်ချက်ပြီးတော့မှ သုံးစွဲလိုတဲ့ပြည်သူကို အွန်လိုင်းကနေ ပြန်ကြားပေးပါတယ်။ သုံးစွဲလိုသူက YCDC နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ကနေ ကုန်ကျစရိတ်တွေ ပေးသွင်းပြီးရင် ဌာနက အိမ်တိုင်ရာအရောက် ရေဆက်သွယ်ပေးပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရေသန့် ဆက်သွယ်သုံးစွဲသူများအနေဖြင့် ရေမီတာကို မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း၊ ရေမီတာများကို ထားရှိအသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအနေဖြင့်လည်း ရေမမြုပ်သည့်နေရာများ၊ ရေမီတာဖတ် ဝန်ထမ်းများ ဝင်ထွက်သွားလာဖတ်ရှုနိုင်မည့် နေရာများတွင် စနစ်တကျ တပ်ဆင်သုံးစွဲရမည် ဖြစ်ကြောင်းနှင့် ရေမီတာ၊ ရေပိုင်းလိုင်းများနှင့်ပတ်သက်၍လည်း မိမိသဘောဖြင့်ပြုပြင်ဆောင်ရွက်ခြင်းများ မပြုလုပ်ရဘဲ YCDC မှ ညွှန်ကြားချက်အတိုင်းသာ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။
အကယ်၍ ရေမီတာ ပျောက်ဆုံး/ပျက်စီးခြင်းများ ဖြစ်ပေါ်ပါကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ပြန်လည်ဝယ်ယူသုံးစွဲရမှာဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ရေဖိုး၊ ရေခ ကောက်ခံမှုကို ရေသုံးစွဲမှု၏ နှစ်ဆ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္စည္ပင္ေရသုံးစြဲလိုသူမ်ားအြန္းလိုင္းမွေလွ်ာက္ထားႏိုင္
NP News ဩဂုတ္ (၇) ရက္
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ) မွ ေပးေဝလ်က္ရွိသည့္ စည္ပင္ေရကို သုံးစြဲလိုသူမ်ားအေနျဖင့္ အိမ္ေရဆက္သြယ္ခြင့္ေလွ်ာက္ထားျခင္းကို အြန္လိုင္းမွတဆင့္ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း အဆိုပါဌာနမွ သိရသည္။
“အိမ္ေရဆက္သြယ္ခြင့္ေလွ်ာက္ထားရာမွာ ေကာ္မတီရဲ႕ ဝက္ဘ္ဆိုဒ္မွာ ဝန္ေဆာင္မႈက႑ဆိုတဲ့ Page ရွိပါတယ္။ အဲ့ဒီမွာ ဝင္ေရာက္ၿပီးေတာ့ ေလွ်ာက္ထားႏိုင္ပါတယ္။ ဌာနအေနနဲ႔ ေလွ်ာက္ထားမႈေတြကို အၿမဲတမ္းဝင္ၾကည့္ၿပီး ေရဆက္သြယ္ေပးလို႔ရတဲ့ေနရာဆိုရင္ ဝန္ေဆာင္ခ ေတြ၊ ေရမီတာတန္ဖိုးေတြ စတဲ့ပစၥည္းကုန္က်စရိတ္ေတြကို တြက္ခ်က္ၿပီးေတာ့မွ သုံးစြဲလိုတဲ့ျပည္သူကို အြန္လိုင္းကေန ျပန္ၾကားေပးပါတယ္။ သုံးစြဲလိုသူက YCDC နဲ႔ ခ်ိတ္ဆက္ထားတဲ့ ဘဏ္ကေန ကုန္က်စရိတ္ေတြ ေပးသြင္းၿပီးရင္ ဌာနက အိမ္တိုင္ရာအေရာက္ ေရဆက္သြယ္ေပးပါတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (YCDC)၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ)မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ေရသန႔္ ဆက္သြယ္သုံးစြဲသူမ်ားအေနျဖင့္ ေရမီတာကို မျဖစ္မေန တပ္ဆင္ရမည္ျဖစ္ေၾကာင္း၊ ေရမီတာမ်ားကို ထားရွိအသုံးျပဳရာတြင္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားအေနျဖင့္လည္း ေရမျမဳပ္သည့္ေနရာမ်ား၊ ေရမီတာဖတ္ ဝန္ထမ္းမ်ား ဝင္ထြက္သြားလာဖတ္ရႈႏိုင္မည့္ ေနရာမ်ားတြင္ စနစ္တက် တပ္ဆင္သုံးစြဲရမည္ ျဖစ္ေၾကာင္းႏွင့္ ေရမီတာ၊ ေရပိုင္းလိုင္းမ်ားႏွင့္ပတ္သက္၍လည္း မိမိသေဘာျဖင့္ျပဳျပင္ေဆာင္႐ြက္ျခင္းမ်ား မျပဳလုပ္ရဘဲ YCDC မွ ၫႊန္ၾကားခ်က္အတိုင္းသာ ျပဳျပင္ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ရမည္ျဖစ္ေၾကာင္းသိရသည္။
အကယ္၍ ေရမီတာ ေပ်ာက္ဆုံး/ပ်က္စီးျခင္းမ်ား ျဖစ္ေပၚပါကလည္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ)မွ ျပန္လည္ဝယ္ယူသုံးစြဲရမွာျဖစ္ေၾကာင္း၊ အဆိုပါၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိပါက ေရဖိုး၊ ေရခ ေကာက္ခံမႈကို ေရသုံးစြဲမႈ၏ ႏွစ္ဆ ေကာက္ခံသြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.