ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် မိုင်းလားအထူးဒေသ(၄)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံရေးကော်မတီက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

 195

သန့်ဇင်(NP News)-ဩဂုတ် ၈
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဝမ်းနည်းကြောင်း သဝဏ်လွှာကို ယမန်နေ့(ဩဂုတ်လ ၇ရက်)က ပေးပို့ခဲ့ကြောင်း သိရသည်။

ယမန်နေ့(ဩဂုတ်လ ၇ရက်)၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး၌ ယာယီသမ္မတ ဦးမြင့်ဆွေ ဘဝတပါးသို့ ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာ ကြားသိလိုက်ရကြောင်း မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီက ဆိုသည်။

ထို့နောက် သတင်းကြားကြားချင်း လွန်စွာစိတ်မကောင်း ဖြစ်ရကြောင်းလည်း မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီက သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ထို့ကြောင့် မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီအနေဖြင့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေ ကောင်းရာသုဂတိလားပါစေကြောင်းလည်းလည်း မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီက ဆုတောင်းမေတ္တာပို့သသည်ဟု သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

အလားတူ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် UWSA/UWSP, "ဝ" သွေးစည်းညီညွှတ်ရေးပါတီ ဗဟိုကော်မတီက ယမန်နေ့(ဩဂုတ်လ ၇ရက်)က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတဦးမြင့်ဆွေသည် အမှတ် (၂) တပ်မတော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ပြီဖြစ်၍ စျာပနကို နိုင်ငံတော် ဈာပနအဖြစ်ကျင်းပမည် ဖြစ်ကြောင်းလည်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ထားသည်။

ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ်ရှိပြီဖြစ်ကြောင်း သိကြောင်း သိရသည်။

Zawgyi Version:
ယာယီသမၼတဦးျမင့္ေဆြ ကြယ္လြန္ျခင္းအတြက္ မိုင္းလားအထူးေဒသ(၄)၊ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံေရးေကာ္မတီက ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔
သန႔္ဇင္(NP News)-ဩဂုတ္ ၈
ယာယီသမၼတဦးျမင့္ေဆြ ကြယ္လြန္ျခင္းႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းလားအထူးေဒသ(၄) ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီဝမ္းနည္းေၾကာင္း သဝဏ္လႊာကို ယမန္ေန႔(ဩဂုတ္လ ၇ရက္)က ေပးပို႔ခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔(ဩဂုတ္လ ၇ရက္)၊ နံနက္ ၈ နာရီ ၂၈ မိနစ္တြင္ အမွတ္(၂)တပ္မေတာ္ေဆး႐ုံႀကီး၌ ယာယီသမၼတ ဦးျမင့္ေဆြ ဘဝတပါးသို႔ ကြယ္လြန္အနိစၥေရာက္သြားၿပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာ ၾကားသိလိုက္ရေၾကာင္း မိုင္းလားၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီက ဆိုသည္။

ထို႔ေနာက္ သတင္းၾကားၾကားခ်င္း လြန္စြာစိတ္မေကာင္း ျဖစ္ရေၾကာင္းလည္း မိုင္းလားၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီက သဝဏ္လႊာတြင္ ထည့္သြင္းေျပာဆိုထားသည္။

ထို႔ေၾကာင့္ မိုင္းလားၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီအေနျဖင့္ ယာယီသမၼတ ဦးျမင့္ေဆြ၏ က်န္ရစ္သူမိသားစုႏွင့္အတူ ထပ္တူထပ္မွ် ဝမ္းနည္းေၾကာင္းႏွင့္ ယာယီသမၼတ ဦးျမင့္ေဆြ ေကာင္းရာသုဂတိလားပါေစေၾကာင္းလည္းလည္း မိုင္းလားၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီက ဆုေတာင္းေမတၱာပို႔သသည္ဟု သဝဏ္လႊာတြင္ ထည့္သြင္းေျပာဆိုထားသည္။

အလားတူ ယာယီသမၼတ ဦးျမင့္ေဆြ ကြယ္လြန္ျခင္းအတြက္ UWSA/UWSP, "ဝ" ေသြးစည္းညီၫႊတ္ေရးပါတီ ဗဟိုေကာ္မတီက ယမန္ေန႔(ဩဂုတ္လ ၇ရက္)က ဝမ္းနည္းေၾကာင္း သဝဏ္လႊာ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

ယာယီသမၼတဦးျမင့္ေဆြသည္ အမွတ္ (၂) တပ္မေတာ္ ကုတင္ (၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကြယ္လြန္ၿပီျဖစ္၍ စ်ာပနကို ႏိုင္ငံေတာ္ ဈာပနအျဖစ္က်င္းပမည္ ျဖစ္ေၾကာင္းလည္း အမ်ိဳးသားကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္းထုတ္ျပန္ထားသည္။

ယာယီသမၼတဦးျမင့္ေဆြ ကြယ္လြန္ခ်ိန္တြင္ အသက္(၇၅)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.