ဇူလိုင်လဟာ ကမ္ဘာ တတိယမြောက် အပူဆုံးလ အဖြစ် စံချိန်တင်ကြောင်း အီးယူသိပ္ပံပညာရှင်များပြော

 81

ရောင်နီ (NP News) - သြဂုတ် ၈
မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ဇူလိုင်လဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အပူဆုံး ဇူလိုင်လဖြစ်ပြီး တူရကီနိုင်ငံအတွင်းမှာတင် အပူချိန် ၅ဝ.၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်လို့ အီးယူသိပ္ပံပညာရှင်တွေက ကြာသပတေးနေ့(ဩဂုတ်လ ၇ ရက်) မှာ ပြောကြားပါတယ်။
အီးယူရဲ့ Copernicus Climate Change Service (C3S) မှတ်တမ်းအရ ဇူလိုင်လမှာ ကမ္ဘာ့မျက်နှာပြင်လေထုရဲ့ပျမ်းမျှအပူချိန် ၁၆.၆၈ စင်တီဂရိတ်ထိ ရောက်ရှိခဲ့ပြီး ၁၉၉၁ - ၂၀၂၀ ခုနှစ်အတွင်း ပျမ်းမျှအပူနှုန်း ဝ.၄၅ စင်တီဂရိတ်နဲ့စာရင် ပိုမိုမြင့်တက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။
၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ ဟာ ပထမဆုံး အပူဆုံးဇူလိုင်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လဟာ ဒုတိယမြောက် အပူဆုံးဇူလိုင်အဖြစ် စံချိန်တင်ထားပြီး ယခု ၂၀၂၅၊ ဇူလိုင်ကတော့ တတိယမြောက် စံချိန်တင် အပူဆုံး ဇူလိုင်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ရာသီဥတုပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်လာခြင်းရဲ့အဓိကအကြောင်းရင်းဟာ ရုပ်ကြွင်းလောင်စာတွေမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုတွေကြောင့်ဖြစ်ပြီး ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကို တားဆီးဖို့ CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုဖြတ်တောက်ဖို့ကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အစိုးရတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ဇူလိုင္လဟာ ကမာၻ တတိယေျမာက္ အပူဆုံးလ အျဖစ္ စံခ်ိန္တင္ေၾကာင္း အီးယူသိပၸံပညာရွင္မ်ားေျပာ
ေရာင္နီ (NP News) - ၾသဂုတ္ ၈
မွတ္တမ္းေတြအရ ၿပီးခဲ့တဲ့ ဇူလိုင္လဟာ ကမာၻေပၚမွာ တတိယေျမာက္ အပူဆုံး ဇူလိုင္လျဖစ္ၿပီး တူရကီႏိုင္ငံအတြင္းမွာတင္ အပူခ်ိန္ ၅ဝ.၅ ဒီဂရီစင္တီဂရိတ္ထိ ျမင့္တက္ခဲ့တယ္လို႔ အီးယူသိပၸံပညာရွင္ေတြက ၾကာသပေတးေန႔(ဩဂုတ္လ ၇ ရက္) မွာ ေျပာၾကားပါတယ္။
အီးယူရဲ႕ Copernicus Climate Change Service (C3S) မွတ္တမ္းအရ ဇူလိုင္လမွာ ကမာၻ႔မ်က္ႏွာျပင္ေလထုရဲ႕ပ်မ္းမွ်အပူခ်ိန္ ၁၆.၆၈ စင္တီဂရိတ္ထိ ေရာက္ရွိခဲ့ၿပီး ၁၉၉၁ - ၂၀၂၀ ခုႏွစ္အတြင္း ပ်မ္းမွ်အပူႏႈန္း ဝ.၄၅ စင္တီဂရိတ္နဲ႔စာရင္ ပိုမိုျမင့္တက္လာတာေတြ႕ရတယ္လို႔ ဆိုပါတယ္။
၂ဝ၂၃ ခုႏွစ္၊ ဇူလိုင္လ ဟာ ပထမဆုံး အပူဆုံးဇူလိုင္၊ ၂၀၂၄ ခုႏွစ္ ဇူလိုင္လဟာ ဒုတိယေျမာက္ အပူဆုံးဇူလိုင္အျဖစ္ စံခ်ိန္တင္ထားၿပီး ယခု ၂၀၂၅၊ ဇူလိုင္ကေတာ့ တတိယေျမာက္ စံခ်ိန္တင္ အပူဆုံး ဇူလိုင္အျဖစ္ သတ္မွတ္ခံထားရပါတယ္။
ရာသီဥတုေျပာင္းလဲျခင္း၊ အပူခ်ိန္ျမင့္တက္လာျခင္းရဲ႕အဓိကအေၾကာင္းရင္းဟာ ႐ုပ္ႂကြင္းေလာင္စာေတြမွ ဖန္လုံအိမ္ဓာတ္ေငြ႕ထြက္ရွိမႈေတြေၾကာင့္ျဖစ္ၿပီး ျပင္းထန္တဲ့ ရာသီဥတုျဖစ္စဥ္ေတြကို တားဆီးဖို႔ CO2 ဓာတ္ေငြ႕ထုတ္လႊတ္မႈျဖတ္ေတာက္ဖို႔ကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ အစိုးရေတြကို တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.