အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးမဟုတ် အများအကျိုး ရှေးရှုဆောင်ရွက်ရန် လို

 168

ချယ်ရီ (NP News) - ဩဂုတ် ၉

မိမိအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုးကို ရှေးရှုဆောင်ရွက်ရန်လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၈ ရက်)က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမတွင် ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို ပြည်သူများနှင့်လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေမည်ဖြစ်ကြောင်း ဦးလွင်ဦးက ဆိုသည်။
ထို့ပြင် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အစိုးရက ချမှတ်ထားသော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းများဖြင့် ဝန်ဆောင်မှုပေးရသည့်အတွက် မိမိအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ထည့်သွင်းပြောကြားသည်။

Zawgyi Version:
အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္အာဏာကို ကိုယ္က်ိဳးမဟုတ္ အမ်ားအက်ိဳး ေရွးရႈေဆာင္႐ြက္ရန္ လို
ခ်ယ္ရီ (NP News) - ဩဂုတ္ ၉
မိမိအပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္အာဏာကို မိမိကိုယ္က်ိဳးအတြက္ အသုံးခ်ျခင္းမျပဳဘဲ အမ်ားျပည္သူအက်ိဳးကို ေရွးရႈေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ ဦးလြင္ဦးက ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၈ ရက္)က ေနျပည္ေတာ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၁၁) စုေဝးခန္းမတြင္ က်င္းပသည့္ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးဆိုင္ရာ အသိပညာေပး ရွင္းလင္းေဆြးေႏြးျခင္း အခမ္းအနား၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေကာ္မရွင္အေနျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္ခံယူ၍ အသိပညာေပးျခင္း၊ တားဆီးကာကြယ္ျခင္းႏွင့္ စုံစမ္းစစ္ေဆးအေရးယူျခင္းဟူသည့္ နည္းလမ္းသုံးသြယ္ျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ ႏိုင္ငံတစ္ဝန္းပ်ံ႕ႏွံ႔ေနေသာ အဂတိလိုက္စားမႈမ်ားကို ျပည္သူမ်ားႏွင့္လက္တြဲ၍ တြန္းလွန္တိုက္ဖ်က္ျခင္းျဖင့္ အမ်ားျပည္သူတို႔၏ ဘဝမ်ား သာယာဝေျပာလာေစမည္ျဖစ္ေၾကာင္း ဦးလြင္ဦးက ဆိုသည္။
ထို႔ျပင္ ေျဖာင့္မတ္တည္ၾကည္မႈရွိသည့္ လူမႈအသိုက္အဝန္းကို ဦးစြာတည္ေဆာက္ရမည္ျဖစ္ၿပီး ဝန္ထမ္းမ်ားအေနျဖင့္ အစိုးရက ခ်မွတ္ထားေသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ မူဝါဒမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ျပည္သူ႔အက်ိဳးအတြက္ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္နည္းမ်ားျဖင့္ ဝန္ေဆာင္မႈေပးရသည့္အတြက္ မိမိအပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္အာဏာကို ကိုယ္က်ိဳးအတြက္ အသုံးခ်ျခင္းမျပဳဘဲ အမ်ားျပည္သူအက်ိဳး ေရွးရႈေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.