အာဆီယံနိုင်ငံခြားရေးဝန်ကြီး(၄) ဦးနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ စက်တင်ဘာလအတွင်း လာမည်ဟုဆို

211

သုတကျော် (NP News) - သြဂုတ် ၉
မလေးရှားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အာဆီယံ နိုင်ငံ(၄)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့ စက်တင်ဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း Bernama သတင်းဌာန၏ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ အခြေအနေများကို လေ့လာဆန်းစစ်ရန်အတွက် စက်တင်ဘာလ (၁၉) ရက်တွင် မြန်မာနိုင်ငံ သို့သွားမည်ဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က (၅၈) ကြိမ်မြောက် အာ ဆီယံနေ့ အခမ်းအနားအပြီး သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော အဖွဲ့တွင် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး အရေးပေါ် ကာလရုတ်သိမ်းကာ ဖွဲ့စည်းထားသော မြန်မာအစိုးရ သစ်၏ လက်အောက်မှ အခြေအနေများကို လေ့လာ မည်ဖြစ်ကြောင်း အဆိုပါ သတင်းအရ သိရသည်။ “အရင်ကဆိုရင်တော့ သူတို့(ထိုင်း၊ ဖိလစ် ပိုင်နဲ့ အင်ဒိုနီးရှား) တို့ဟာ သီးခြားစီသွားကြတာပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ယခုကဲ့သို့ သွားခြင်း ကို စည်းလုံးညီညွတ် မှုကို ပြသခြင်းဖြစ်ပြီး မြန်မာသို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးကို ခေါ်သွားခြင်းမှာ ဖိလစ်ပိုင်သည် (၂၀၂၆) ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်အတွက် ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘ကျွန်တော် အဲဒီကို အများဆုံးဖြစ်နိုင်ခြေက စက်တင်ဘာ (၁၉)ရက်မှာ သွားမယ်။ အောက်တိုဘာလမှာ ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ပေါ့’ ဟု ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံက အထွေထွေရွေးကောက်ပွဲကျင်းပရန်ကြေညာထားပြီး အရေးပေါ် ကာလရုတ်သိမ်းကြောင်း ဆုံးဖြတ်ချက်သည် မြန်မာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က မှတ်ချက်ပြုပြော ကြားသည်ဟု သတင်းတွင် ရေးသားထားသည်။ “ နိုင်ငံက အရေးပေါ်ကာလကို ရုပ်သိမ်းလိုက်ပေမယ့် မြို့ (၆၃)မြို့က တော့ အရေးပေါ်အခြေအနေ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေတုန်းပါပဲ။ အောက်တိုဘာလမှာ အာဆီယံခေါင်းဆောင်တွေကို တင်ပြနိုင်ဖို့အတွက် ပိုပြီးရှင်းလင်းတဲ့ ပုံရိပ်ကိုကျွန်တော် သိရှိချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီး(၄) ဦးႏွင့္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ စက္တင္ဘာလအတြင္း လာမည္ဟုဆို
သုတေက်ာ္ (NP News) - ၾသဂုတ္ ၉
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး အပါအဝင္ အာဆီယံ ႏိုင္ငံ(၄)ႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျမန္မာႏိုင္ငံသို႔ စက္တင္ဘာလအတြင္း လာေရာက္မည္ျဖစ္ေၾကာင္း Bernama သတင္းဌာန၏ သတင္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။ ျမန္မာႏိုင္ငံ၏ အေျခအေနမ်ားကို ေလ့လာဆန္းစစ္ရန္အတြက္ စက္တင္ဘာလ (၁၉) ရက္တြင္ ျမန္မာႏိုင္ငံ သို႔သြားမည္ျဖစ္သည္ဟု မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Mohamad Hasan က (၅၈) ႀကိမ္ေျမာက္ အာ ဆီယံေန႔ အခမ္းအနားအၿပီး သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ သတင္းတြင္ ေဖာ္ျပထားသည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္ေသာ အဖြဲ႕တြင္ ထိုင္း၊ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားတို႔မွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား ပါဝင္မည္ျဖစ္ၿပီး အေရးေပၚ ကာလ႐ုတ္သိမ္းကာ ဖြဲ႕စည္းထားေသာ ျမန္မာအစိုးရ သစ္၏ လက္ေအာက္မွ အေျခအေနမ်ားကို ေလ့လာ မည္ျဖစ္ေၾကာင္း အဆိုပါ သတင္းအရ သိရသည္။ “အရင္ကဆိုရင္ေတာ့ သူတို႔(ထိုင္း၊ ဖိလစ္ ပိုင္နဲ႔ အင္ဒိုနီးရွား) တို႔ဟာ သီးျခားစီသြားၾကတာပါ” ဟု မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ဆိုသည္။ ယခုကဲ့သို႔ သြားျခင္း ကို စည္းလုံးညီၫြတ္ မႈကို ျပသျခင္းျဖစ္ၿပီး ျမန္မာသို႔ ဖိလစ္ပိုင္ ႏိုင္ငံျခားေရး ဝန္ႀကီးကို ေခၚသြားျခင္းမွာ ဖိလစ္ပိုင္သည္ (၂၀၂၆) ခုႏွစ္တြင္ အာဆီယံဥကၠ႒ တာဝန္ယူမည့္အတြက္ ျဖစ္ေၾကာင္း ၎က ေျပာသည္။
‘ကြၽန္ေတာ္ အဲဒီကို အမ်ားဆုံးျဖစ္ႏိုင္ေျခက စက္တင္ဘာ (၁၉)ရက္မွာ သြားမယ္။ ေအာက္တိုဘာလမွာ က်င္းပမယ့္ (၄၇) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးမတိုင္ခင္ေပါ့’ ဟု ၎က ေျပာၾကားသည္။ ျမန္မာႏိုင္ငံက အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ေၾကညာထားၿပီး အေရးေပၚ ကာလ႐ုတ္သိမ္းေၾကာင္း ဆုံးျဖတ္ခ်က္သည္ ျမန္မာ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ အညီျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Mohamad Hasan က မွတ္ခ်က္ျပဳေျပာ ၾကားသည္ဟု သတင္းတြင္ ေရးသားထားသည္။ “ ႏိုင္ငံက အေရးေပၚကာလကို ႐ုပ္သိမ္းလိုက္ေပမယ့္ ၿမိဳ႕ (၆၃)ၿမိဳ႕က ေတာ့ အေရးေပၚအေျခအေန အုပ္ခ်ဳပ္မႈေအာက္မွာပဲ ရွိေနတုန္းပါပဲ။ ေအာက္တိုဘာလမွာ အာဆီယံေခါင္းေဆာင္ေတြကို တင္ျပႏိုင္ဖို႔အတြက္ ပိုၿပီးရွင္းလင္းတဲ့ ပုံရိပ္ကိုကြၽန္ေတာ္ သိရွိခ်င္ပါတယ္” ဟု ၎က ဆိုသည္။