မြန်မာ-အီဂျစ်အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU လက်မှတ်ထိုးရန် ဆွေးနွေး

 127

Pearl (NP News) - သြဂုတ် ၉

မြန်မာ-အီဂျစ်နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၇)ရက်က မြန်မာ-အီဂျစ်နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း ၍ ဆွေးနွေးခြင်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ၍ နှစ်ဖက်ဆွေးနွေးရာတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် 8th Cairo Water Week တွင် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အာလူး၊ လိမ္မော်သီး၊ အဖျော်ယမကာ၊ ပြုပြင်အစား အစာများအတွက် အနံ့အရသာ ထည့်သွင်းသည့်ပစ္စည်းများ အီဂျစ်နိုင်ငံမှ တင်ပို့နိုင်ရေး နှင့် မြန်မာနိုင်ငံမှ ဆန်၊ ပဲဆီ၊ ပြောင်း၊ ကော်ဖီစေ့၊ လက်ဖက်၊ ငါး၊ ပုစွန်အစရှိသည်တို့အား အီဂျစ်နိုင်ငံသို့ တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစိုးရအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေး၊ စက်မှုလယ်ယာ စနစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်စေရေး၊ စိုက်ပျိုးရေးနည်းပညာများ ဖလှယ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ဝါနှင့်အာလူးသီးနှံ ကဏ္ဍအတွက် နည်းပညာအကူအညီများ (စိုက်ပျိုးမှုနှင့် ဝါမျိုးစေ့) ရရှိရေး၊ အီဂျစ်ဘက်မှ မျိုးသစ်များကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးနိုင်ရေး၊ နှစ်ဖက်ပညာရှင်များအကြား သုတေသနများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-အီဂ်စ္အၾကား စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ MoU လက္မွတ္ ထိုးရန္ ေဆြးေႏြး
Pearl (NP News) - ၾသဂုတ္ ၉
ျမန္မာ-အီဂ်စ္ႏွစ္ႏိုင္ငံအၾကား စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ MoU လက္မွတ္ေရးထိုးရန္ ေဆြးေႏြးခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ (၇)ရက္က ျမန္မာ-အီဂ်စ္ႏွစ္ႏိုင္ငံအၾကား လယ္ယာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္စပ္လ်ဥ္း ၍ ေဆြးေႏြးျခင္းကို ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲ၍ ႏွစ္ဖက္ေဆြးေႏြးရာတြင္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕၌ ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္မွ ၁၆ ရက္အထိ က်င္းပမည့္ 8th Cairo Water Week တြင္ ႏွစ္ႏိုင္ငံအၾကား စိုက္ပ်ိဳးေမြးျမဴေရး ပူးေပါင္း ေဆာင္႐ြက္မႈ ဆိုင္ရာကိစၥရပ္မ်ား ေဆာင္႐ြက္ႏိုင္ေရးအတြက္ နားလည္မႈစာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေျမဩဇာႏွင့္ ပိုးသတ္ေဆးမ်ား၊ သစ္သီးဝလံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား၊ အာလူး၊ လိေမၼာ္သီး၊ အေဖ်ာ္ယမကာ၊ ျပဳျပင္အစား အစာမ်ားအတြက္ အနံ႔အရသာ ထည့္သြင္းသည့္ပစၥည္းမ်ား အီဂ်စ္ႏိုင္ငံမွ တင္ပို႔ႏိုင္ေရး ႏွင့္ ျမန္မာႏိုင္ငံမွ ဆန္၊ ပဲဆီ၊ ေျပာင္း၊ ေကာ္ဖီေစ့၊ လက္ဖက္၊ ငါး၊ ပုစြန္အစရွိသည္တို႔အား အီဂ်စ္ႏိုင္ငံသို႔ တင္ပို႔ျခင္းဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အစိုးရအခ်င္းခ်င္း ပိုမိုပူးေပါင္းေဆာင္႐ြက္ေရး၊ ႏွစ္ႏိုင္ငံမွ ပုဂၢလိကကုမၸဏီမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္ မ်ားအခ်င္းခ်င္း တိုက္႐ိုက္ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ကုန္သြယ္ေရးက႑ျမႇင့္တင္ႏိုင္ေရး၊ စက္မႈလယ္ယာ စနစ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုတိုးျမႇင့္ေစေရး၊ စိုက္ပ်ိဳးေရးနည္းပညာမ်ား ဖလွယ္ႏိုင္ေရးအတြက္ ေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္ ဆန္မ်ားကို ျပည္ပေဈးကြက္သို႔ ထိုးေဖာက္ႏိုင္ေရး၊ ဝါႏွင့္အာလူးသီးႏွံ က႑အတြက္ နည္းပညာအကူအညီမ်ား (စိုက္ပ်ိဳးမႈႏွင့္ ဝါမ်ိဳးေစ့) ရရွိေရး၊ အီဂ်စ္ဘက္မွ မ်ိဳးသစ္မ်ားကို ျမန္မာႏိုင္ငံတြင္ စမ္းသပ္စိုက္ပ်ိဳးႏိုင္ေရး၊ ႏွစ္ဖက္ပညာရွင္မ်ားအၾကား သုေတသနမ်ား ပူးေပါင္း ေဆာင္႐ြက္ႏိုင္ေရးစသည့္ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.