မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ အရာရှိလောင်းသင်တန်းအတွက် ဦးရေ (၃၀၀)ကျော် ခေါ်ယူ

 266

စော(NP News)- ဩဂုတ် ၁၀
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် အရာရှိလောင်းဒီပလိုမာသင်တန်းအတွက် သင်တန်းသားဦးရေ (၃၂၀)ကို ခေါ်ယူနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒီပလိုမာသင်တန်းများမှ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၄၀)ဦး၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းသင်တန်းအတွက် (၁၄၀)ဦး၊ ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းအတွက် (၄၀)ဦး တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့သင်တန်းသားများလက်ခံရာတွင် ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် ကုန်သွယ် ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်းများအတွက် KG + 12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော (သိပ္ပံ၊ဝိပ္ပံ)ဘာသာတွဲဖြင့် အောင်မြင်ပြီး၊ စုစုပေါင်း အမှတ် အနည်းဆုံး ၄၀၀ ရှိရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်း သင်တန်းများအတွက် KG + 12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး၊ စုစုပေါင်း အမှတ် အနည်းဆုံး ၃၉၀ ရှိရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူသည် လာမည့် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် ၂ဝ နှစ်ထက် မကျော်လွန်ရန်လိုအပ်ပြီး လျှောက်လွှာကို မနက်ဖြန် (ဩဂုတ် ၁၁ရက်) မှ (အောက်တိုဘာ ၁၀ရက်) အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံကုန္သြယ္ေရေၾကာင္းေကာလိပ္မွ အရာရွိေလာင္းသင္တန္းအတြက္ ဦးေရ (၃၀၀)ေက်ာ္ ေခၚယူ
ေစာ(NP News)- ဩဂုတ္ ၁၀
ျမန္မာႏိုင္ငံကုန္သြယ္ေရေၾကာင္းေကာလိပ္မွ ၂၀၂၆-၂၀၂၇ပညာသင္ႏွစ္အတြက္ အရာရွိေလာင္းဒီပလိုမာသင္တန္းအတြက္ သင္တန္းသားဦးေရ (၃၂၀)ကို ေခၚယူေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဒီပလိုမာသင္တန္းမ်ားမွ ကုန္သြယ္ေရေၾကာင္းအရာရွိေလာင္းသင္တန္းအတြက္ (၁၄၀)ဦး၊ ကုန္သြယ္ေရေၾကာင္း အင္ဂ်င္နီယာအရာရွိေလာင္းသင္တန္းအတြက္ (၁၄၀)ဦး၊ ကုန္သြယ္ေရေၾကာင္းလွ်ပ္စစ္နည္းပညာအရာရွိေလာင္း သင္တန္းအတြက္ (၄၀)ဦး တို႔ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔သင္တန္းသားမ်ားလက္ခံရာတြင္ ကုန္သြယ္ေရေၾကာင္း အရာရွိေလာင္းသင္တန္းႏွင့္ ကုန္သြယ္ ေရေၾကာင္းအင္ဂ်င္နီယာအရာရွိေလာင္းသင္တန္းမ်ားအတြက္ KG + 12 စာေမးပြဲတြင္ ႐ူပေဗဒ၊ ဓာတုေဗဒ ဘာသာရပ္မ်ား ပါဝင္ေသာ (သိပၸံ၊ဝိပၸံ)ဘာသာတြဲျဖင့္ ေအာင္ျမင္ၿပီး၊ စုစုေပါင္း အမွတ္ အနည္းဆုံး ၄၀၀ ရွိရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကုန္သြယ္ေရေၾကာင္း လွ်ပ္စစ္နည္းပညာ အရာရွိေလာင္း သင္တန္းမ်ားအတြက္ KG + 12 စာေမးပြဲတြင္ ႐ူပေဗဒ၊ ဓာတုေဗဒဘာသာရပ္မ်ား ပါဝင္ေသာ (သိပၸံ/ဝိပၸံ) ဘာသာတြဲျဖင့္ ေအာင္ျမင္ၿပီး၊ စုစုေပါင္း အမွတ္ အနည္းဆုံး ၃၉၀ ရွိရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူသည္ လာမည့္ ဒီဇင္ဘာလ (၃၁) ရက္ေန႔တြင္ အသက္ ၂ဝ ႏွစ္ထက္ မေက်ာ္လြန္ရန္လိုအပ္ၿပီး ေလွ်ာက္လႊာကို မနက္ျဖန္ (ဩဂုတ္ ၁၁ရက္) မွ (ေအာက္တိုဘာ ၁၀ရက္) အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းဝင္ခြင့္ကို လူေတြ႕စစ္ေဆးေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.