နောင်ချိုကို တပ်မတော်ပြန်သိမ်းပြီး ရက်ပေါင်း (၂၀)ကျော် အကြာတွင် အခြေခံပညာကျောင်း (၄၂) ကျောင်းပြန်ဖွင့်

146

သန့်ဇင်(NP News)-ဩဂုတ် ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တပ်မတော်ပြန်သိမ်းပြီး ရက်ပေါင်း (၂၀)ကျော် အကြာတွင် မြို့နယ်အတွင်းမှ အခြေခံပညာ ကျောင်း ပေါင်း (၄၂) ကျောင်းပြန်ဖွင့်လာနိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နောင်ချိုမြို့၌ တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ဇူလိုင် (၂၅) ရက်ကစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၆) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယမန်နေ့ (ဩဂုတ်လ ၉ရက်) တွင် (၁၆) ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်း (၄၂) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် (ဩဂုတ်လ ၉ရက်)တွင် ကျောင်းသား ကျောင်းသူ (၁၁၄၁) ဦး ထပ်မံ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ (၅၅၅၁) ဦး တက်ရောက်ပညာသင်ကြားနေကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက်လည်း နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် (ဩဂုတ်လ ၈ရက်)တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ (၆၇) ဦး ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သွေးအမျိုးအစား စစ်ဆေးပေးခြင်း (၁၆) ဦးနှင့် ငှက်ဖျားပိုးစစ်ဆေးပေးခြင်း (၁၇) ဦးတို့ကိုလည်း စစ်ဆေးပေးခဲ့ပြီး OPD လူနာများအား ဆေးစိမ်ခြင်ထောင်အလုံး (၁၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် (၃၄) ဦး တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
TNLA အဖွဲ့က တစ်နှစ်ကျော်အကြာ ထိန်းချုပ်ခဲ့သော နောင်ချိုမြို့ကို တပ်မတော်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ရာ လက်ရှိတွင် ဒေသတွင်းကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားရေးများအား ပြန်လည်ထူထောင်နေလျှက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳကို တပ္မေတာ္ျပန္သိမ္းၿပီး ရက္ေပါင္း (၂၀)ေက်ာ္ အၾကာတြင္ အေျခခံပညာေက်ာင္း (၄၂) ေက်ာင္းျပန္ဖြင့္
သန႔္ဇင္(NP News)-ဩဂုတ္ ၁၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္ျပန္သိမ္းၿပီး ရက္ေပါင္း (၂၀)ေက်ာ္ အၾကာတြင္ ၿမိဳ႕နယ္အတြင္းမွ အေျခခံပညာ ေက်ာင္း ေပါင္း (၄၂) ေက်ာင္းျပန္ဖြင့္လာႏိုင္ခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေနာင္ခ်ိဳၿမိဳ႕၌ တစ္ႏွစ္နီးပါးပိတ္ထားခဲ့ရသည့္ အေျခခံပညာေက်ာင္းမ်ားအား ဇူလိုင္ (၂၅) ရက္ကစတင္ကာ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ေက်ာင္းသား ေက်ာင္းသူမ်ားအား စာေပပညာရပ္မ်ားကို သင္ၾကားေပးလ်က္ရွိသည့္အျပင္ ေက်ာင္းအပ္လက္ခံျခင္းကိုလည္း ဆက္လက္ ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္း (၂၆) ေက်ာင္း ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ယမန္ေန႔ (ဩဂုတ္လ ၉ရက္) တြင္ (၁၆) ေက်ာင္း ထပ္မံဖြင့္လွစ္ႏိုင္ခဲ့သျဖင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္း ေပါင္း (၄၂) ေက်ာင္း ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ (ဩဂုတ္လ ၉ရက္)တြင္ ေက်ာင္းသား ေက်ာင္းသူ (၁၁၄၁) ဦး ထပ္မံ ေက်ာင္းအပ္ႏွံသျဖင့္ စုစုေပါင္း ေက်ာင္းသား ေက်ာင္းသူ (၅၅၅၁) ဦး တက္ေရာက္ပညာသင္ၾကားေနေၾကာင္းလည္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေဒသခံတိုင္းရင္းသား ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္အတြက္လည္း ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးအား ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ကာ ဩဂုတ္ ၂ ရက္တြင္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ကာ လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္ မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (ဩဂုတ္လ ၈ရက္)တြင္ ျပည္သူ႔ေဆး႐ုံႀကီး၌ ျပင္ပလူနာ (၆၇) ဦး ကို ငွက္ဖ်ားေရာဂါ၊ တုပ္ေကြးေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ေသြးအမ်ိဳးအစား စစ္ေဆးေပးျခင္း (၁၆) ဦးႏွင့္ ငွက္ဖ်ားပိုးစစ္ေဆးေပးျခင္း (၁၇) ဦးတို႔ကိုလည္း စစ္ေဆးေပးခဲ့ၿပီး OPD လူနာမ်ားအား ေဆးစိမ္ျခင္ေထာင္အလုံး (၁၀၀) ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္သူ႔ေဆး႐ုံႀကီး၌ အတြင္းလူနာအျဖစ္ (၃၄) ဦး တက္ေရာက္ေဆးကုသမႈ ခံယူလ်က္ရွိရာ ေဆးအဖြဲ႕မ်ားက လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
TNLA အဖြဲ႕က တစ္ႏွစ္ေက်ာ္အၾကာ ထိန္းခ်ဳပ္ခဲ့ေသာ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ၿပီးခဲ့သည့္ ဇူလိုင္လ ၁၆ ရက္တြင္ ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ရာ လက္ရွိတြင္ ေဒသတြင္းက်န္းမာေရး၊ ပညာေရးႏွင့္ လူမႈစီးပြားေရးမ်ားအား ျပန္လည္ထူေထာင္ေနလွ်က္ရွိေၾကာင္း သိရသည္။