အခြေခံဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် တိုက်တွန်း

174

Pearl (NP News) - သြဂုတ် ၁၀
အခြေခံဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က တိုက်တွန်းထားသည်။
ယမန်နေ့ (သြဂုတ်လ ၉ရက်) က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေးဌာနရှိ အဆောက်အအုံနှင့် စက်ပစ္စည်း ကိရိယာများပျက်စီးခဲ့၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သွေးကြောသွင်းဆေးရည်များ ပြန်လည်ထုတ် လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ ဌာနတာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေါက်တာချာလီသန်း က အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ဆေးဝါးထုတ်လုပ်သည့် အဆောက်အအုံဖြစ်သည့်အတွက် ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်၊ ငလျင်ဇုန်အတွင်းရှိ စက်ရုံများ၌ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည်ဆိုပါက FEMA Guidelines နှင့်အညီ လိုက်နာဆောင်ရွက်ရရန် နှင့် ပြည်တွင်း၌ ဆေးဝါးစက်ရုံများ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်လျှင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို သတ်မှတ်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆေးဝါးအမည်သစ်များ၊ အခြေခံဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရမည့်အပြင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း စသည့် နည်းလမ်းများဖြင့်ပါ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စက်ပစ္စည်းများ သက်တမ်းပြည့်နှင့် စွမ်းအားပြည့်အသုံးပြုနိုင်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် စက်ရုံတာဝန်ရှိသူများအနေဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အမြဲမပြတ်ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို လျော့နည်းအောင် ပြုပြင်ဆောင်ရွက်ရန် နှင့် အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်ရမည့်လျာထားချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ ကြောင်း သိရသည်။

Zawgyi Version:
အေျခခံေဆးဝါးမ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး စီမံခ်က္မ်ားေရးဆြဲ၍ စနစ္တက်ေဆာင္႐ြက္ရန္ တိုက္တြန္း
Pearl (NP News) - ၾသဂုတ္ ၁၀
အေျခခံေဆးဝါးမ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ စီမံခ်က္မ်ားေရးဆြဲ၍ စနစ္တက်ေဆာင္႐ြက္ရန္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း က တိုက္တြန္းထားသည္။
ယမန္ေန႔ (ၾသဂုတ္လ ၉ရက္) က မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္ရွိ ေဆးဝါးစက္႐ုံ(အင္ေရာင္း)သို႔ေရာက္ရွိၿပီး မႏၲေလးငလ်င္ႀကီး လႈပ္ခတ္မႈေၾကာင့္ ေသြးေၾကာသြင္းေဆးရည္ထုတ္လုပ္ေရးဌာနရွိ အေဆာက္အအုံႏွင့္ စက္ပစၥည္း ကိရိယာမ်ားပ်က္စီးခဲ့၍ ျပန္လည္ျပဳျပင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးမႈ၊ ေသြးေၾကာသြင္းေဆးရည္မ်ား ျပန္လည္ထုတ္ လုပ္ေနမႈအေျခအေနတို႔ကို လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး ဦးေဆာင္ၫႊန္ၾကားေရးမႉး၊ အေထြေထြမန္ေနဂ်ာမ်ား၊ စက္႐ုံမႉး၊ ဌာနတာဝန္ခံမ်ားႏွင့္ေတြ႕ဆုံ၍ ေဒါက္တာခ်ာလီသန္း က အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေတြ႕ဆုံစဥ္ ေဆးဝါးထုတ္လုပ္သည့္ အေဆာက္အအုံျဖစ္သည့္အတြက္ ေကာင္းမြန္သည့္ ထုတ္လုပ္မႈက်င့္စဥ္မ်ားႏွင့္ ကိုက္ညီမႈရွိေအာင္ ေဆာင္႐ြက္ရန္၊ ငလ်င္ဇုန္အတြင္းရွိ စက္႐ုံမ်ား၌ စက္ပစၥည္းကိရိယာမ်ား တပ္ဆင္မည္ဆိုပါက FEMA Guidelines ႏွင့္အညီ လိုက္နာေဆာင္႐ြက္ရရန္ ႏွင့္ ျပည္တြင္း၌ ေဆးဝါးစက္႐ုံမ်ား အသစ္တည္ေဆာက္ျခင္း၊ ျပဳျပင္မြမ္းမံျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္လွ်င္ လိုက္နာေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္အဆင့္ဆင့္တို႔ကို သတ္မွတ္ေရးဆြဲထားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဆးဝါးအမည္သစ္မ်ား၊ အေျခခံေဆးဝါးမ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ စီမံခ်က္မ်ားေရးဆြဲ၍ စနစ္တက်ေဆာင္႐ြက္ရမည့္အျပင္ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္ျခင္း စသည့္ နည္းလမ္းမ်ားျဖင့္ပါ ေဆာင္႐ြက္ႏိုင္ေရး စီမံေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ ထုတ္ကုန္ပစၥည္းမ်ား အရည္အေသြးတိုးတက္ေကာင္းမြန္ေရး၊ တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး၊ စက္ပစၥည္းမ်ား သက္တမ္းျပည့္ႏွင့္ စြမ္းအားျပည့္အသုံးျပဳႏိုင္ေရး အတြက္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္ရန္ စက္႐ုံတာဝန္ရွိသူမ်ားအေနျဖင့္ ေန႔စဥ္ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းတာဝန္မ်ားႏွင့္စပ္လ်ဥ္း၍ အၿမဲမျပတ္ျပန္လည္သုံးသပ္ၿပီး အားနည္းခ်က္မ်ားကို ေလ်ာ့နည္းေအာင္ ျပဳျပင္ေဆာင္႐ြက္ရန္ ႏွင့္ အားသာခ်က္မ်ားကို ပိုမိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ားအေနျဖင့္ ဘ႑ာႏွစ္အတြင္း ထုတ္လုပ္ရမည့္လ်ာထားခ်က္ကို ျပည့္မီေအာင္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ၾကရန္ ေျပာၾကားခဲ့ ေၾကာင္း သိရသည္။