တပ်မတော် ၏ ဧရာဝတီ မြစ်ကြောင်းချီ စစ်ရေယာဉ် စု ၏ အောင်ပွဲနှင့် ပတ်သက်၍ စစ်သင်တန်းကျောင်းများ တွင် သင်ကြားသင့်

1091

သန့်ဇင်(NP News)ဩဂုတ် ၁၀
တပ်မတော် ၏ ဧရာဝတီ မြစ်ကြောင်းချီ စစ်ရေယာဉ် စု ၏ အောင်ပွဲနှင့် ပတ်သက်၍ စစ်သင်တန်းကျောင်းများ တွင် သင်ကြားသင့်ကြောင်း စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက NP News မှ တဆင့်အကြံပြုပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်က စတင်ကာ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဆန်တက်လာခဲ့သော တပ်မတော်စစ်ရေယာဉ် များသည် ဩဂုတ်လ ၂ရက်၊ နံနက်ပိုင်းတွင် ဗန်းမော်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်း စစ်ရေယာဉ် စုတွင် ကြည်းတပ်ဖွဲ့လည်း ပါဝင်ကာ လေကြောင်း မှလည်း အကူလိုက်ပါခဲ့ပြီး လမ်းတလျှောက် ရှိ နေရာ အချို့တွင် PDF အချို့ ၏ တိုက်ခိုက်မှုများကို ကြုံတွေ့ရသော်လည်း အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ခြင်း ဖြစ်သည်။
မြစ်ကျဉ်း နေရာများတွင်ပင် ချီစစ် စုဖွဲ့မှု မှန်ကန်စွာဖြင့် သွားနိုင်ခြင်းကြောင့် ခေါင်းဆောင်များကို ချီးကျူးရမည့် အပြင် မြန်မာ့တပ်မတော် ၏ စစ်ပညာ အတွက် နောင် အနာဂတ် တွင် နမူနာ ယူရမည့် ချီတက်မှု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“မြန်မာ့တပ်မတော်စစ်သမိုင်းမှာကော စစ်ပညာ အနေနဲ့မှာကော တော်တော်လေးကို နမူနာယူရမယ့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီ။ ဒီမှာပါတဲ့ခေါင်းဆောင်တွေကိုလည်း ချီးကျူး ရမှာပေါ့။ မန္တလေးကတက်ပြီးတော့ သပိတ်ကျဉ်းတို့မှာစပြီးတော့ မြစ်ကျဉ်းတစ်လျှောက်မှာကိုက မြစ်ကကျဉ်းကျည်းလေးရယ်။ အဲဒီမြစ် ကျဉ်း ရန်သူပေါပြီး ကိုယ့်ကိုတိုက်ခိုက်မယ့် နေရာမှာ ဒီအဖွဲ့အစည်းကို ဦးဆောင်လာတာက ပြောရရင် ချီစစ်ပေါ့နော်။ ချီစစ်မှာ စုဖွဲ့မှုမှန် ကန်တာပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှုမှာ ကြည်းရယ်၊ လေရယ်၊ ရေရယ်ပေါ့နော် ပူးပေါင်းဆောင်ရွက်မှုမှန်ကန်တာတို့ နောက်ပြီးတော့ ပေါင်းစပ်ညှိနှိုင်းမှုကို လုပ်ပေးတာကော။ အောက်မှာလည်း တိုက်ပွဲဝင်ဖို့သွားနေတဲ့ ချီတက်နေတဲ့အဖွဲ့ကြီးမှာ ခိုးကြောင်ခိုးဝှက် သွားတာ လည်းမဟုတ်ဘူး။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီအခြေအနေမှာ သွားရတဲ့အတွက်ကြောင့် အဲဒီဖြစ်စဉ်ကြီးနဲ့ပတ်သက်လို့ မှတ်တမ်းတင် သင့်တယ်။ အဲဒီမှာ ပါတဲ့လူတွေကို ချီးကျူးဂုဏ်ပြုသင့်တယ်။ တိုက်ပွဲသုံးသပ်ချက်လုပ်ပြီးတော့ သင်တန်းကျောင်းတွေမှာလည်း သင်သင့် တယ်”ဟု ဒေါက်တာအောင်မျိုးက ဆိုသည်။
ယင်း မြစ်ကြောင်းချီ စစ်ဆင်ရေး သည် တပ်မတော် အတွက် အကြီးမားဆုံး အောင်မြင်မှု တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အထူးသဖြင့် စစ်ကိုင်းတိုင်းကြီးရော မန္တလေးတိုင်းကြီးကိုရော ခါးကနေဖြတ်ချပစ်လိုက်တာပေါ့နော်။ KIAရဲ့ လွှမ်းမိုးမှုနဲ့ TNLAရဲ့ လွှမ်းမိုးမှုနဲ့ ဗန်းမော်ဆိုတာက အရှေ့ဘက်တက်ရင် TNLA လွှမ်းမိုးတဲ့နေရာအထိရောက်နေတာလေ။ အဲဒီနေရာကို ထောက်ပံ့ပေးနိုင်တဲ့ဟာက လက်ရှိအစိုးရနဲ့ တပ်မတော်အတွက် အကြီးမားဆုံးသော အောင်မြင်မှုကြီးပေါ့နော်။ အဲဒါကျွန်တော့်အနေနဲ့ ဂုဏ်လည်းယူတယ်။ ဂုဏ်လည်းပြုတယ်။ ဒီတိုင်းပြည်အတွက် ရွတ်ရွတ်ချွန်ချွန်လုပ်နိုင်တဲ့လူတွေ ရှိပါသေးလားဆိုပြီး ကျွန်တော်တို့ကတော့ ဝမ်းသာပီတိ လည်းဖြစ်မိပါတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
တပ္မေတာ္ ၏ ဧရာဝတီ ျမစ္ေၾကာင္းခ်ီ စစ္ေရယာဥ္ စု ၏ ေအာင္ပြဲႏွင့္ ပတ္သက္၍ စစ္သင္တန္းေက်ာင္းမ်ား တြင္ သင္ၾကားသင့္
သန႔္ဇင္(NP News)ဩဂုတ္ ၁၀
တပ္မေတာ္ ၏ ဧရာဝတီ ျမစ္ေၾကာင္းခ်ီ စစ္ေရယာဥ္ စု ၏ ေအာင္ပြဲႏွင့္ ပတ္သက္၍ စစ္သင္တန္းေက်ာင္းမ်ား တြင္ သင္ၾကားသင့္ေၾကာင္း စစ္ေရး ေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက NP News မွ တဆင့္အႀကံျပဳေျပာၾကားသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၂ရက္က စတင္ကာ မႏၲေလးၿမိဳ႕မွ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ဆန္တက္လာခဲ့ေသာ တပ္မေတာ္စစ္ေရယာဥ္ မ်ားသည္ ဩဂုတ္လ ၂ရက္၊ နံနက္ပိုင္းတြင္ ဗန္းေမာ္ၿမိဳ႕သို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ယင္း စစ္ေရယာဥ္ စုတြင္ ၾကည္းတပ္ဖြဲ႕လည္း ပါဝင္ကာ ေလေၾကာင္း မွလည္း အကူလိုက္ပါခဲ့ၿပီး လမ္းတေလွ်ာက္ ရွိ ေနရာ အခ်ိဳ႕တြင္ PDF အခ်ိဳ႕ ၏ တိုက္ခိုက္မႈမ်ားကို ႀကဳံေတြ႕ရေသာ္လည္း ေအာင္ျမင္စြာ ျဖတ္ေက်ာ္ ႏိုင္ခဲ့ျခင္း ျဖစ္သည္။
ျမစ္က်ဥ္း ေနရာမ်ားတြင္ပင္ ခ်ီစစ္ စုဖြဲ႕မႈ မွန္ကန္စြာျဖင့္ သြားႏိုင္ျခင္းေၾကာင့္ ေခါင္းေဆာင္မ်ားကို ခ်ီးက်ဴးရမည့္ အျပင္ ျမန္မာ့တပ္မေတာ္ ၏ စစ္ပညာ အတြက္ ေနာင္ အနာဂတ္ တြင္ နမူနာ ယူရမည့္ ခ်ီတက္မႈ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ျမန္မာ့တပ္မေတာ္စစ္သမိုင္းမွာေကာ စစ္ပညာ အေနနဲ႔မွာေကာ ေတာ္ေတာ္ေလးကို နမူနာယူရမယ့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားၿပီ။ ဒီမွာပါတဲ့ေခါင္းေဆာင္ေတြကိုလည္း ခ်ီးက်ဴး ရမွာေပါ့။ မႏၲေလးကတက္ၿပီးေတာ့ သပိတ္က်ဥ္းတို႔မွာစၿပီးေတာ့ ျမစ္က်ဥ္းတစ္ေလွ်ာက္မွာကိုက ျမစ္ကက်ဥ္းက်ည္းေလးရယ္။ အဲဒီျမစ္ က်ဥ္း ရန္သူေပါၿပီး ကိုယ့္ကိုတိုက္ခိုက္မယ့္ ေနရာမွာ ဒီအဖြဲ႕အစည္းကို ဦးေဆာင္လာတာက ေျပာရရင္ ခ်ီစစ္ေပါ့ေနာ္။ ခ်ီစစ္မွာ စုဖြဲ႕မႈမွန္ ကန္တာေပါ့ေနာ္။ ပူးေပါင္းေဆာင္႐ြက္မႈမွာ ၾကည္းရယ္၊ ေလရယ္၊ ေရရယ္ေပါ့ေနာ္ ပူးေပါင္းေဆာင္႐ြက္မႈမွန္ကန္တာတို႔ ေနာက္ၿပီးေတာ့ ေပါင္းစပ္ညႇိႏႈိင္းမႈကို လုပ္ေပးတာေကာ။ ေအာက္မွာလည္း တိုက္ပြဲဝင္ဖို႔သြားေနတဲ့ ခ်ီတက္ေနတဲ့အဖြဲ႕ႀကီးမွာ ခိုးေၾကာင္ခိုးဝွက္ သြားတာ လည္းမဟုတ္ဘူး။ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒီအေျခအေနမွာ သြားရတဲ့အတြက္ေၾကာင့္ အဲဒီျဖစ္စဥ္ႀကီးနဲ႔ပတ္သက္လို႔ မွတ္တမ္းတင္ သင့္တယ္။ အဲဒီမွာ ပါတဲ့လူေတြကို ခ်ီးက်ဴးဂုဏ္ျပဳသင့္တယ္။ တိုက္ပြဲသုံးသပ္ခ်က္လုပ္ၿပီးေတာ့ သင္တန္းေက်ာင္းေတြမွာလည္း သင္သင့္ တယ္”ဟု ေဒါက္တာေအာင္မ်ိဳးက ဆိုသည္။
ယင္း ျမစ္ေၾကာင္းခ်ီ စစ္ဆင္ေရး သည္ တပ္မေတာ္ အတြက္ အႀကီးမားဆုံး ေအာင္ျမင္မႈ တစ္ခု ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“အထူးသျဖင့္ စစ္ကိုင္းတိုင္းႀကီးေရာ မႏၲေလးတိုင္းႀကီးကိုေရာ ခါးကေနျဖတ္ခ်ပစ္လိုက္တာေပါ့ေနာ္။ KIAရဲ႕ လႊမ္းမိုးမႈနဲ႔ TNLAရဲ႕ လႊမ္းမိုးမႈနဲ႔ ဗန္းေမာ္ဆိုတာက အေရွ႕ဘက္တက္ရင္ TNLA လႊမ္းမိုးတဲ့ေနရာအထိေရာက္ေနတာေလ။ အဲဒီေနရာကို ေထာက္ပံ့ေပးႏိုင္တဲ့ဟာက လက္ရွိအစိုးရနဲ႔ တပ္မေတာ္အတြက္ အႀကီးမားဆုံးေသာ ေအာင္ျမင္မႈႀကီးေပါ့ေနာ္။ အဲဒါကြၽန္ေတာ့္အေနနဲ႔ ဂုဏ္လည္းယူတယ္။ ဂုဏ္လည္းျပဳတယ္။ ဒီတိုင္းျပည္အတြက္ ႐ြတ္႐ြတ္ခြၽန္ခြၽန္လုပ္ႏိုင္တဲ့လူေတြ ရွိပါေသးလားဆိုၿပီး ကြၽန္ေတာ္တို႔ကေတာ့ ဝမ္းသာပီတိ လည္းျဖစ္မိပါတယ္”ဟု ၎ကေျပာသည္။