ဝန်ကြီးရုံး၊ ဦးစီးဌာနအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့များတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (၁၀၀)ကျော်ခေါ်ယူနေ

 370

စော(NP News)- ဩဂုတ် ၁၁
ဝန်ကြီးရုံး၊ ဦးစီးဌာနအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့များတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ဝန်ထမ်း (၁၅၀)ဦး ခေါ်ယူနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှသိရသည်။
လျှောက်ထားလိုသူများသည် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ပြီး ဇူလိုင်လကုန်တွင် အသက် (၁၈)နှစ်ပြည့်ပြီး (၂၆)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။
ထို့ပြင် အိမ်ထောင်မရှိသူဖြစ်ရန်လိုပြီး ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း ခံရပါက အနည်းဆုံး (၅)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာပုံစံကို တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးရုံးများ ၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးများတွင် ထုတ်ယူရမည်ဖြစ်ပြီး (ဩဂုတ်လ ၂၀ရက်)နေ့ နောက်ဆုံးထားကာ လူကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒေသခံတိုင်းရင်းသားများ ကိုဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး ဝန်ကြီးရုံးနှင့်ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ကွန်ပျူတာကျွမ်းကျင်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဝန္ႀကီး႐ုံး၊ ဦးစီးဌာနအပါအဝင္ တိုင္းႏွင့္ျပည္နယ္တို႔မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉး (၁၀၀)ေက်ာ္ေခၚယူေန
ေစာ(NP News)- ဩဂုတ္ ၁၁
ဝန္ႀကီး႐ုံး၊ ဦးစီးဌာနအပါအဝင္ တိုင္းႏွင့္ျပည္နယ္တို႔မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉးရာထူးအတြက္ ဝန္ထမ္း (၁၅၀)ဦး ေခၚယူေနေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနထံမွသိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ပညာေရးဝန္ႀကီးဌာန အသိအမွတ္ျပဳတကၠသိုလ္တစ္ခုခုမွ ဘြဲ႕တစ္ခုခုရရွိရမည္ျဖစ္ၿပီး ဇူလိုင္လကုန္တြင္ အသက္ (၁၈)ႏွစ္ျပည့္ၿပီး (၂၆)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း သိရသည္။
ထို႔ျပင္ အိမ္ေထာင္မရွိသူျဖစ္ရန္လိုၿပီး ဝန္ထမ္းအျဖစ္ခန႔္အပ္ျခင္း ခံရပါက အနည္းဆုံး (၅)ႏွစ္တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာပုံစံကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဦးစီးမႉး႐ုံးမ်ား ၊ ျပည္ေထာင္စုနယ္ေျမဦးစီးမႉး႐ုံး၊ ဒုတိယျပည္နယ္ဦးစီးမႉး႐ုံးမ်ားတြင္ ထုတ္ယူရမည္ျဖစ္ၿပီး (ဩဂုတ္လ ၂၀ရက္)ေန႔ ေနာက္ဆုံးထားကာ လူကိုယ္တိုင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္စပ္ေဒသတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ေဒသခံတိုင္းရင္းသားမ်ား ကိုဦးစားေပးေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး ဝန္ႀကီး႐ုံးႏွင့္ဦးစီးဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ကြန္ပ်ဴတာကြၽမ္းက်င္သူမ်ားကို ဦးစားေပးေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.