ရန်ကုန်မြို့တွင် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အဖြစ် “Youth Forum”ကျင်းပ

190

သန့်ဇင်(NP News)-ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် “Youth Forum”ကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်သို့ ယနေ့(ဩဂုတ်လ ၁၁ရက်)နံနက်ပိုင်းကစတင်ကျင်းပခဲ့ရာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ဆွေးနွေးခဲ့ပြီး အသိပညာပေးစကားဝိုင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လူငယ်များကလည်း အုပ်စု(၅)ခုခွဲကာ ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူငယ်များ၏ ဆွေးနွေးပွဲကို အုပ်စု(၁) လူငယ်များပါဝင်သော တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး၊ အုပ်စု(၂) ပညာပြည့်ဝ ကျန်းမာမှ လူငယ်ဘဝလှပမည်၊ အုပ်စု(၃) စက်မှု စီးပွား နည်းပညာနှင့် လူငယ်များ၏ အနာဂတ်၊ အုပ်စု (၄) တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်မည့် တို့လူငယ်နှင့် အုပ်စု(၅)တွင် သဘာဝပတ် ဝန်းကျင်နှင့် ကိုက်ညီသော မြို့ပြနှင့်ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်းဟူ၍ အုပ်စုများခွဲကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေပိုင်းတွင် လူငယ်များ အုပ်စု(၅)စုခွဲကာ ဆွေးနွေးခဲ့သည့် ရလဒ်များအား ပြန်လည်ပူးပေါင်းဆွေးနွေးသည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့စတင်ကျင်းပခဲ့သော အဆိုပါ “Youth Forum”ကို လူပေါင်း(၆၀၀)တက်ရောက်ခဲ့ပြီး မနက်ဖြန် ဩဂုတ်လ ၁၂ရက်တွင်လည်း ဆွေးနွေးပွဲဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕တြင္ ၂၀၂၅ခုႏွစ္၊ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔အထိမ္းအမွတ္အျဖစ္ “Youth Forum”က်င္းပ
သန႔္ဇင္(NP News)-ဩဂုတ္ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳနယ္၊ ျမန္မာကြန္ဗင္းရွင္းစင္တာ(MCC)တြင္ ၂၀၂၅ခုႏွစ္၊ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ “Youth Forum”ကို က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖိုရမ္သို႔ ယေန႔(ဩဂုတ္လ ၁၁ရက္)နံနက္ပိုင္းကစတင္က်င္းပခဲ့ရာ အေျခခံပညာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တကၠသိုလ္ အသီးသီးမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတက္ေရာက္ေဆြးေႏြးခဲ့ၿပီး အသိပညာေပးစကားဝိုင္းႏွင့္ အုပ္စုဖြဲ႕ေဆြးေႏြးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
မြန္းလြဲပိုင္းအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၿပီး လူငယ္မ်ားကလည္း အုပ္စု(၅)ခုခြဲကာ ေခါင္းစဥ္တစ္ခုခ်င္းစီအလိုက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
လူငယ္မ်ား၏ ေဆြးေႏြးပြဲကို အုပ္စု(၁) လူငယ္မ်ားပါဝင္ေသာ တိုးတက္ခိုင္မာအားေကာင္းေသာ လူမႈအသိုက္အဝန္း ေဖာ္ေဆာင္ေရး၊ အုပ္စု(၂) ပညာျပည့္ဝ က်န္းမာမွ လူငယ္ဘဝလွပမည္၊ အုပ္စု(၃) စက္မႈ စီးပြား နည္းပညာႏွင့္ လူငယ္မ်ား၏ အနာဂတ္၊ အုပ္စု (၄) တရားမွ်တေသာ အခြင့္အလမ္းမ်ားျဖင့္ တည္တံ့ေသာ ၿငိမ္းခ်မ္းေရး တည္ေဆာက္မည့္ တို႔လူငယ္ႏွင့္ အုပ္စု(၅)တြင္ သဘာဝပတ္ ဝန္းက်င္ႏွင့္ ကိုက္ညီေသာ ၿမိဳ႕ျပႏွင့္ေက်းလက္လူငယ္မ်ား၏ လူမႈအသိုက္အဝန္းဟူ၍ အုပ္စုမ်ားခြဲကာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညေနပိုင္းတြင္ လူငယ္မ်ား အုပ္စု(၅)စုခြဲကာ ေဆြးေႏြးခဲ့သည့္ ရလဒ္မ်ားအား ျပန္လည္ပူးေပါင္းေဆြးေႏြးသည့္ ေဆြးေႏြးပြဲတစ္ရပ္ကိုလည္း က်င္းပခဲ့ေၾကာင္း သိရသည္။
ယေန႔စတင္က်င္းပခဲ့ေသာ အဆိုပါ “Youth Forum”ကို လူေပါင္း(၆၀၀)တက္ေရာက္ခဲ့ၿပီး မနက္ျဖန္ ဩဂုတ္လ ၁၂ရက္တြင္လည္း ေဆြးေႏြးပြဲဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။