PPP ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာမျိုးဆက်သွေး နှုတ်ထွက်

1642
ပုံ။ ။ဒေါက်တာမျိုးဆက်သွေး FB Acc
Pearl (NP News) - သြဂုတ် ၁၁
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးက ပါတီမှ နှုတ်ထွက်ကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ယမန်နေ့ (သြဂုတ်လ ၁၀ရက်) က ဒေါက်တာမျိုးဆက်သွေး ပြည်သူ့ရှေ့ဆောင်ပါတီဝင်အမှတ် (A – 000025) သည် ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုပါ၍ နှုတ်ထွက်ခွင့်ပြုပါရန် အကြောင်းကြားစာကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
“ ကျွန်တော်က မာနတွေ ခဝါချပြီးပါတီ အတွက် ပြန်လာတာတောင်ပါတီ ဥက္ကဌနဲ့ CEC တွေကအသိမှတ်မပြုရင်ကျွန်တော့ ဘက်ကလည်း Bye ပါပဲ ။ အချို့ အချို့သော သူတွေအတွက်တော့ အားနာပါတယ်လေ” ဟု ဒေါက်တာမျိုးဆက်သွေးက ရေးသားထားသည်။
အဆိုပါ နှုတ်ထွက်သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာမျိုးဆက်သွေးထံ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားပြီး ယခင်က ဒေါက်တာမျိုးဆက်သွေးအနေဖြင့် ကျန်းမာရေးကိစ္စများကြောင့် ပါတီမှ အနားယူထားပြီး ပြည်သူ့ရှေ့ဆောင်ပါတီကိစ္စများနှင့် ပတ်သက်၍ ဖြေပေး၍ မရကြောင်း NP News ထံ ဖြေကြားဖူးသည်။
Zawgyi Version:
PPP ပါတီ၏ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေဒါက္တာမ်ိဳးဆက္ေသြး ႏႈတ္ထြက္
Pearl (NP News) - ၾသဂုတ္ ၁၁
ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ၏ အေထြေထြအတြင္းေရးမႉးျဖစ္သူ ေဒါက္တာမ်ိဳးဆက္ေသြးက ပါတီမွ ႏႈတ္ထြက္ေၾကာင္း ၎၏ Facebook လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ယမန္ေန႔ (ၾသဂုတ္လ ၁၀ရက္) က ေဒါက္တာမ်ိဳးဆက္ေသြး ျပည္သူ႔ေရွ႕ေဆာင္ပါတီဝင္အမွတ္ (A – 000025) သည္ ပါတီဝင္အျဖစ္မွ ႏႈတ္ထြက္လိုပါ၍ ႏႈတ္ထြက္ခြင့္ျပဳပါရန္ အေၾကာင္းၾကားစာကို ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။
“ ကြၽန္ေတာ္က မာနေတြ ခဝါခ်ၿပီးပါတီ အတြက္ ျပန္လာတာေတာင္ပါတီ ဥကၠဌနဲ႔ CEC ေတြကအသိမွတ္မျပဳရင္ကြၽန္ေတာ့ ဘက္ကလည္း Bye ပါပဲ ။ အခ်ိဳ႕ အခ်ိဳ႕ေသာ သူေတြအတြက္ေတာ့ အားနာပါတယ္ေလ” ဟု ေဒါက္တာမ်ိဳးဆက္ေသြးက ေရးသားထားသည္။
အဆိုပါ ႏႈတ္ထြက္သည့္ ကိစၥႏွင့္ ပတ္သက္၍ ေဒါက္တာမ်ိဳးဆက္ေသြးထံ ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဖုန္းစက္ပိတ္ထားၿပီး ယခင္က ေဒါက္တာမ်ိဳးဆက္ေသြးအေနျဖင့္ က်န္းမာေရးကိစၥမ်ားေၾကာင့္ ပါတီမွ အနားယူထားၿပီး ျပည္သူ႔ေရွ႕ေဆာင္ပါတီကိစၥမ်ားႏွင့္ ပတ္သက္၍ ေျဖေပး၍ မရေၾကာင္း NP News ထံ ေျဖၾကားဖူးသည္။