ခြံအမှတ် (၅၄)တွင် နေအိမ်မပါဘဲ မြေ တစ်ဝက်ခွဲရောင်းရန် လျှောက်ထားသည့်ကိစ္စ ယခုတစ်ပတ်အဖြေထွက်မည်

3773

သုတကျော် (NP News) - သြဂုတ် ၁၂
ခြံအမှတ် (၅၄)တွင် နေအိမ်မပါဘဲ မြေတစ်ဝက်ခွဲရန် ဦးအောင်ဆန်းဦးဘက်က လျှောက်ထားသည့် ကိစ္စကို ဩဂုတ်လ ဒုတိယပတ် တွင် ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမည် ဖြစ် ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။ (၂၀၂၄) ခုနှစ်ကပင် စတင်လေလံပစ်၍ ရောင်းချခဲ့ရာတွင် တစ်နှစ်ကျော်လာသည်အထိ လေလံဆွဲဝယ်ယူမည့်သူ မပေါ်ပေါက်ခဲ့သောကြောင့် ငါးကြိမ်မြောက်လေလံပွဲအတွက် မြေထက်ဝက်ကို ခွဲဝေပေးရန် တရားနိုင် ဦးအောင်ဆန်းဦး၏ရှေ့ နေများဘက်က တင်ထားခဲ့ခြင်း ဖြစ်သည်။ “ဒါနဲ့ ပတ်သက်လို့ ဩဂုတ်လ (၁၃) ရုံးကို ချိန်းဆိုထားပါတယ်”ဟု ၎င်းကဆိုသည်။ အဆိုပါ ထက်ဝက်ပိုင်း ခြားမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သော နေအိမ်ရှိသည့်ဘက်ခြမ်းကို မူရင်းအတိုင်းထားရှိပြီး အခြားသောမြေလွတ် ဧရိယာတစ်ဧကကိုသာ လေလံတင်ရောင်းချလိုသည်ဟု ဦးအောင် ဆန်းဦး၏ရှေ့နေများက တင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ရောင်းချမှုမှ ရရှိငွေကိုလည်း ဒေါ်အောင် ဆန်းစုကြည်ဘက်က ထက်ဝက်ပိုင်ဆိုင်လိုကြောင်း တောင်းဆိုလာ ပါက ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဦးအောင်ဆန်းဦး၏ရှေ့နေများဘက်က ထည့်သွင်းတင်ပြခဲ့သည်ဟု သိရသည်။
ဦးအောင်ဆန်းဦးက အဆိုပါခြံနှင့်ပတ်သက်၍ အမွေခွဲဝေရန် လျှောက်ထားမှုအပေါ် (၂၀၁၆) ခုနှစ်၌ ရန်ကုန်အနောက်ပိုင်းခရိုင်တရား ရုံးက နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးဟူ၍ခွဲဝေရန် အမိန့်ချမှတ်ခဲ့ကာ ဦးအောင်ဆန်းဦးက အယူခံတက်သော်လည်း ယင်းအမိန့် အတိုင်းသာ အပြီးသတ် အမိန့်ချခဲ့သည်။ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦးက (၂၀၁၈) ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာလတွင် ပြည် ထောင်စုတရားလွှတ်တော်ချုပ်က အယူခံအား ပလပ်ကာ (၂၀၁၉) ခုနှစ် ဇန်နဝါရီ (၁၁) ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ် တော်ချုပ်တွင် အထူးအယူခံ လျှောက်ထားခဲ့ပြီး (၂၀၂၂) ခုနှစ် ဩဂုတ်လတွင် ပြည်ထောင် စုတရား လွှတ်တော်ချုပ်က ခြံအမှတ် (၅၄) နှင့်ပတ်သက်၍ အမွေခွဲဝေမှုကို ဦးအောင်ဆန်းဦး တောင်းဆိုသည့် အတိုင်း ခွင့်ပြုကြောင်း အမိန့်ချမှတ်ထားသည်။
ခြံအမှတ် (၅၄)နှင့်ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမည်ဖြစ်ကာ ယင်းခြံကို လေလံပစ်သည့် လေးကြိမ်အတွင်း ကြမ်းခင်းဈေးကို လျှော့ချသတ်မှတ်ခဲ့သော်လည်း ဝယ်သူမရှိသည့် အတွက် တရားနိုင် ဦးအောင်ဆန်းဦးဘက်က အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တရားရုံးက ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ အမိန့်အတိုင်း ဆက်လက်အတည်ပြုပါက တရားရုံးအဆင့်ဆင့် ထပ်မံ၍ ပြင်ဆင်ချက် တင်ရမည် ဖြစ်ကာ ယင်း အခြေအနေနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည် ဆိုခြင်းကို သိရခြင်းမရှိသေးပါ။
“တရားနိုင်က ပြင်ဆင်ချင်ရင် ရုံးတော် အဆင့်ဆင့်ကို ပြင်ဆင်ချက်တက်ပေါ့။ တရားနိုင် ဘက်က ဘယ်လို ဆက်လက်ဆောင်ရွက်မယ် ဆိုတာတော့မသိဘူး။ ပြင်ဆင်ချက်ပဲ ဆက်တက်ရင် တက်လိမ့်မယ်လို့ထင်တယ်။ ဒါမှ မဟုတ် လေလံပွဲ ဆက်လုပ်မလားပဲ။ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ၿခံအမွတ္ (၅၄)တြင္ ေနအိမ္မပါဘဲ ေျမ တစ္ဝက္ခြဲေရာင္းရန္ ေလွ်ာက္ထားသည့္ကိစၥ ယခုတစ္ပတ္အေျဖထြက္မည္
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၂
ၿခံအမွတ္ (၅၄)တြင္ ေနအိမ္မပါဘဲ ေျမတစ္ဝက္ခြဲရန္ ဦးေအာင္ဆန္းဦးဘက္က ေလွ်ာက္ထားသည့္ ကိစၥကို ဩဂုတ္လ ဒုတိယပတ္ တြင္ ကမာ႐ြတ္ခ႐ိုင္တရား႐ုံးက အမိန႔္ခ်မည္ ျဖစ္ ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူမ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။ (၂၀၂၄) ခုႏွစ္ကပင္ စတင္ေလလံပစ္၍ ေရာင္းခ်ခဲ့ရာတြင္ တစ္ႏွစ္ေက်ာ္လာသည္အထိ ေလလံဆြဲဝယ္ယူမည့္သူ မေပၚေပါက္ခဲ့ေသာေၾကာင့္ ငါးႀကိမ္ေျမာက္ေလလံပြဲအတြက္ ေျမထက္ဝက္ကို ခြဲေဝေပးရန္ တရားႏိုင္ ဦးေအာင္ဆန္းဦး၏ေရွ႕ ေနမ်ားဘက္က တင္ထားခဲ့ျခင္း ျဖစ္သည္။ “ဒါနဲ႔ ပတ္သက္လို႔ ဩဂုတ္လ (၁၃) ႐ုံးကို ခ်ိန္းဆိုထားပါတယ္”ဟု ၎ကဆိုသည္။ အဆိုပါ ထက္ဝက္ပိုင္း ျခားမႈတြင္လည္း ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ခဲ့ေသာ ေနအိမ္ရွိသည့္ဘက္ျခမ္းကို မူရင္းအတိုင္းထားရွိၿပီး အျခားေသာေျမလြတ္ ဧရိယာတစ္ဧကကိုသာ ေလလံတင္ေရာင္းခ်လိုသည္ဟု ဦးေအာင္ ဆန္းဦး၏ေရွ႕ေနမ်ားက တင္ျပေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။
ေရာင္းခ်မႈမွ ရရွိေငြကိုလည္း ေဒၚေအာင္ ဆန္းစုၾကည္ဘက္က ထက္ဝက္ပိုင္ဆိုင္လိုေၾကာင္း ေတာင္းဆိုလာ ပါက ေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားဘက္က ထည့္သြင္းတင္ျပခဲ့သည္ဟု သိရသည္။
ဦးေအာင္ဆန္းဦးက အဆိုပါၿခံႏွင့္ပတ္သက္၍ အေမြခြဲေဝရန္ ေလွ်ာက္ထားမႈအေပၚ (၂၀၁၆) ခုႏွစ္၌ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား ႐ုံးက ႏွစ္ထပ္တိုက္ႏွင့္ ေျမတစ္ဝက္ကို ေဒၚေအာင္ဆန္းစုၾကည္၊ တစ္ထပ္တိုက္ႏွင့္ ၿခံတစ္ဝက္ကို ဦးေအာင္ဆန္းဦးဟူ၍ခြဲေဝရန္ အမိန႔္ခ်မွတ္ခဲ့ကာ ဦးေအာင္ဆန္းဦးက အယူခံတက္ေသာ္လည္း ယင္းအမိန႔္ အတိုင္းသာ အၿပီးသတ္ အမိန႔္ခ်ခဲ့သည္။ အၿပီးသတ္ဒီဂရီကို ေက်နပ္မႈမရွိ၍ ဦး ေအာင္ဆန္းဦးက (၂၀၁၈) ခုႏွစ္ ေအာက္တိုဘာလတြင္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္တြင္ အယူခံေလွ်ာက္ထားခဲ့ရာ ဒီဇင္ဘာလတြင္ ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အယူခံအား ပလပ္ကာ (၂၀၁၉) ခုႏွစ္ ဇန္နဝါရီ (၁၁) ရက္တြင္ ဦးေအာင္ဆန္းဦးက ျပည္ေထာင္စု တရားလႊတ္ ေတာ္ခ်ဳပ္တြင္ အထူးအယူခံ ေလွ်ာက္ထားခဲ့ၿပီး (၂၀၂၂) ခုႏွစ္ ဩဂုတ္လတြင္ ျပည္ေထာင္ စုတရား လႊတ္ေတာ္ခ်ဳပ္က ၿခံအမွတ္ (၅၄) ႏွင့္ပတ္သက္၍ အေမြခြဲေဝမႈကို ဦးေအာင္ဆန္းဦး ေတာင္းဆိုသည့္ အတိုင္း ခြင့္ျပဳေၾကာင္း အမိန႔္ခ်မွတ္ထားသည္။
ၿခံအမွတ္ (၅၄)ႏွင့္ပတ္သက္၍ တရား႐ုံး၏ ဆုံးျဖတ္ခ်က္ကို ေစာင့္ၾကည့္ရမည္ျဖစ္ကာ ယင္းၿခံကို ေလလံပစ္သည့္ ေလးႀကိမ္အတြင္း ၾကမ္းခင္းေဈးကို ေလွ်ာ့ခ်သတ္မွတ္ခဲ့ေသာ္လည္း ဝယ္သူမရွိသည့္ အတြက္ တရားႏိုင္ ဦးေအာင္ဆန္းဦးဘက္က အထက္ပါအတိုင္း ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။ အကယ္၍ တရား႐ုံးက ျပည္ေထာင္စု တရား လႊတ္ေတာ္ခ်ဳပ္၏ အမိန႔္အတိုင္း ဆက္လက္အတည္ျပဳပါက တရား႐ုံးအဆင့္ဆင့္ ထပ္မံ၍ ျပင္ဆင္ခ်က္ တင္ရမည္ ျဖစ္ကာ ယင္း အေျခအေနႏွင့္ ပတ္သက္၍ မည္သို႔ ေဆာင္႐ြက္မည္ ဆိုျခင္းကို သိရျခင္းမရွိေသးပါ။
“တရားႏိုင္က ျပင္ဆင္ခ်င္ရင္ ႐ုံးေတာ္ အဆင့္ဆင့္ကို ျပင္ဆင္ခ်က္တက္ေပါ့။ တရားႏိုင္ ဘက္က ဘယ္လို ဆက္လက္ေဆာင္႐ြက္မယ္ ဆိုတာေတာ့မသိဘူး။ ျပင္ဆင္ခ်က္ပဲ ဆက္တက္ရင္ တက္လိမ့္မယ္လို႔ထင္တယ္။ ဒါမွ မဟုတ္ ေလလံပြဲ ဆက္လုပ္မလားပဲ။ ေစာင့္ၾကည့္ရမွာေပါ့” ဟု ၎က ေျပာသည္။