SMS ပို့၍ တရားမဝင်လောင်းကစားဂိမ်း ကြော်ငြာနေခြင်းများအတွက် ဆက်သွယ်ရေးအော်ပရေတာများကို ကြပ်မတ်ရန်လို

 2263

Pearl (NP News) - သြဂုတ် ၁၂
SMS ပို့၍ တရားမဝင်လောင်းကစားဂိမ်းကြော်ငြာနေခြင်းများအတွက် ဆက်သွယ်ရေးအော်ပရေတာများကို ကြပ်မတ်ရန်လိုအပ်နေကြောင်း သုံး သပ်လေ့လာသူ တစ်ဦးက NP News သို့ပြောသည်။
တရားမဝင်လောင်းကစားဂိမ်း App များကို လူအသုံးများသည့် ဆိုရှယ်မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုများရှိနေကာ ယခုရက်ပိုင်းအတွင်း ဆက်သွယ်ရေးအော်ပရေတာများမှတစ်ဆင့် နေ့စဉ်နီးပါး လောင်းကစား ဂိမ်း App များ ကို SMS ဖြင့် Link များပို့၍ ကြော်ငြာလာသည်ကို တွေ့ရသည်။
“ဖေ့စ်ဘွတ်ခ်မှာ လောင်းကစားပေ့ချ်ဆိုတာ တိုင်ရင် အဲဒါကိုဘန်းတယ်။ ဒါဆိုရင် ဖေ့ဘွတ်ခ်က လုပ်လို့ရတယ်။ ကျန်တဲ့ ပလက်ဖောင်းတွေကလည်း လုပ်လို့ရတယ်။ အခုဒီနိုင်ငံမှာ မလုပ်နိုင်ဘူးဆိုရင် ဆက်သွယ်ရေးတွေက နည်းပညာ ရှင်မထားတာလား။ အခုလို လောင်းကစားကြော်ငြာတွေ ဝင်နေတာတွေက အဓိကကတော့ ကိုယ့်စနစ် ထဲကိုဝင်လာရင် ကိုယ့်စနစ်ကျိုးပေါက်နေတာ။ ကျိုးပေါက်နေတာကိုပြင်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုရင် ကျွန်တော့် စနစ်ထဲကို ဒါဝင် လာရင် ကျွန်တော်ပြင်ရမှာလေ။ တာဝန်ရှိသူတွေကိုယ်တိုင် ကလည်း ဒါကို ဖြန့်ဖို့ခွင့်ပြုထားသလားဆိုပြီး သူတို့ကို ဖိအားပေးပြီး မင်းတို့ကိုယ်တိုင်ပါဝင်ပတ် သက်နေလားဆိုပြီး အရေးယူမှုတွေ လုပ်ရင် သူတို့စပြီးအချိုးပြင်မှာပဲ”ဟု လူမှုရေးရာ သုံးသပ်လေ့ လာသူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ လောင်းကစားဂိမ်း App ကြော်ငြာများ SMS ပေးပို့နေမှုများကို အော်ပရေတာများ အနေဖြင့် တာဝန်ရှိပြီး ဖြေရှင်းပေးရန်လိုအပ်နေကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း ဖုန်းအော်ပရေတာလုပ်ငန်းများကို ခေါ်ယူစစ် ဆေးမှုများဆောင်ရွက်ပြီး ကြပ်မတ်သင့်ကြောင်းလည်း ၎င်းက အကြံပြုပြောကြားသည်။
“ကျန်တဲ့ ပလက်ဖောင်းတွေကလည်း ဘန်းလို့ရတယ်။ အခု ဒီနိုင်ငံမှာ မလုပ်နိုင်ဘူးဆိုရင် ဆက်သွယ်ရေးတွေက နည်းပညာရှင်မထားတာလား။ ဒါတွေ ဝင်နေတာ ဒါတွေပို့နေတာသိလျက်နဲ့ မဖြတ်ရင် သူတို့ကိုယ်တိုင် အပေါင်းအပါ ဖြစ်နေတာလား။ အော်ပရေတာတွေ ကိုယ်တိုင်။ အဲဒီတော့ တာဝန်ရှိ တဲ့လူတွေက အော်ပရေတာတွေကို စစ်ဆေး ရမယ်။ မေးမြန်းရမယ်။ နောက်ထပ် ဆိုက်ဘာရဲတွေရှိတယ်။ ဒါမျိုးတွေဝင်လာရင် အော်ပရေတာတွေကိုပါ အရေးယူ မယ်ဆိုပြီး သတိပေးလိုက်တာနဲ့ သေချာတယ် ဒါကိုတားမြစ်ဖို့ နည်းပညာရှင်နဲ့လုပ်တော့မှာပဲ။ လုပ်တာနဲ့ ဖုန်းအော် ပရေတာတွေကနေတစ်ဆင့် ဝင်မလာနိုင်တော့ဘူး။ ငွေကုန်ကြေးကျတော့ ခံရမယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် လုပ်နေရမှာလေ။ ပြည်သူတွေဆီက ငွေပြန်ရတယ် ဆိုရင် လုံခြုံရေးအတွက် ငါတို့ရဲ့ အော်ပရေတာထဲကို ဘာဝင်နေလဲ လုပ်ရမှာလေ။ စနစ်ကို ပြန်ထိန်းပြီးတော့ လုံခြုံရေးဆိုင်ရာတွေပါ မကျိုး ပေါက်ရအောင် အများ ကြီးလုပ်ရမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ဆက်သွယ်ရေး အော်ပရေတာများမှ တစ်ဆင့် လောင်ကစား ကြော်ငြာ SMS များ ဝင်နေခြင်းမှာ နည်းပညာအသုံးပြု၍ Hack လုပ်ခြင်းကြောင့်ဟု ပြောဆိုမှုများရှိနေသော်လည်း အဆိုပါကိစ္စကို NP News အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“ကျွန်တော့် ဖုန်းဆို ခဏခဏဝင်တယ်။ လူတွေက ရယ်စရာအနေနဲ့ အွန်လိုင်းမှာ ပြန်တင်ကြတယ်။ တကယ်က ဒါရယ်စရာမဟုတ်ဘူးဗျ။ ဒီအွန်လိုင်း လောင်းကစားတွေက ကျွန်တော်တို့ တရားဥပဒေ စိုးမိုးရေးကို မထီမဲ့မြင်ပြုနေ တာ” ဟု အွန်လိုင်း အသုံးပြုသူတစ်ဦးက ဆိုသည်။

Zawgyi Version:
SMS ပို႔၍ တရားမဝင္ေလာင္းကစားဂိမ္း ေၾကာ္ျငာေနျခင္းမ်ားအတြက္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားကို ၾကပ္မတ္ ရန္လို
Pearl (NP News) - ၾသဂုတ္ ၁၂
SMS ပို႔၍ တရားမဝင္ေလာင္းကစားဂိမ္းေၾကာ္ျငာေနျခင္းမ်ားအတြက္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားကို ၾကပ္မတ္ရန္လိုအပ္ေနေၾကာင္း သုံး သပ္ေလ့လာသူ တစ္ဦးက NP News သို႔ေျပာသည္။
တရားမဝင္ေလာင္းကစားဂိမ္း App မ်ားကို လူအသုံးမ်ားသည့္ ဆိုရွယ္မီဒီယာမ်ားတြင္ ေပၚေပၚထင္ထင္ ေၾကာ္ျငာမႈမ်ားရွိေနကာ ယခုရက္ပိုင္းအတြင္း ဆက္သြယ္ေရးေအာ္ပေရတာမ်ားမွတစ္ဆင့္ ေန႔စဥ္နီးပါး ေလာင္းကစား ဂိမ္း App မ်ား ကို SMS ျဖင့္ Link မ်ားပို႔၍ ေၾကာ္ျငာလာသည္ကို ေတြ႕ရသည္။
“ေဖ့စ္ဘြတ္ခ္မွာ ေလာင္းကစားေပ့ခ်္ဆိုတာ တိုင္ရင္ အဲဒါကိုဘန္းတယ္။ ဒါဆိုရင္ ေဖ့ဘြတ္ခ္က လုပ္လို႔ရတယ္။ က်န္တဲ့ ပလက္ေဖာင္းေတြကလည္း လုပ္လို႔ရတယ္။ အခုဒီႏိုင္ငံမွာ မလုပ္ႏိုင္ဘူးဆိုရင္ ဆက္သြယ္ေရးေတြက နည္းပညာ ရွင္မထားတာလား။ အခုလို ေလာင္းကစားေၾကာ္ျငာေတြ ဝင္ေနတာေတြက အဓိကကေတာ့ ကိုယ့္စနစ္ ထဲကိုဝင္လာရင္ ကိုယ့္စနစ္က်ိဳးေပါက္ေနတာ။ က်ိဳးေပါက္ေနတာကိုျပင္ဖို႔ ဘယ္သူ႔မွာ တာဝန္ရွိလဲဆိုရင္ ကြၽန္ေတာ့္ စနစ္ထဲကို ဒါဝင္ လာရင္ ကြၽန္ေတာ္ျပင္ရမွာေလ။ တာဝန္ရွိသူေတြကိုယ္တိုင္ ကလည္း ဒါကို ျဖန႔္ဖို႔ခြင့္ျပဳထားသလားဆိုၿပီး သူတို႔ကို ဖိအားေပးၿပီး မင္းတို႔ကိုယ္တိုင္ပါဝင္ပတ္ သက္ေနလားဆိုၿပီး အေရးယူမႈေတြ လုပ္ရင္ သူတို႔စၿပီးအခ်ိဳးျပင္မွာပဲ”ဟု လူမႈေရးရာ သုံးသပ္ေလ့ လာသူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ ေလာင္းကစားဂိမ္း App ေၾကာ္ျငာမ်ား SMS ေပးပို႔ေနမႈမ်ားကို ေအာ္ပေရတာမ်ား အေနျဖင့္ တာဝန္ရွိၿပီး ေျဖရွင္းေပးရန္လိုအပ္ေနေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ဖုန္းေအာ္ပေရတာလုပ္ငန္းမ်ားကို ေခၚယူစစ္ ေဆးမႈမ်ားေဆာင္႐ြက္ၿပီး ၾကပ္မတ္သင့္ေၾကာင္းလည္း ၎က အႀကံျပဳေျပာၾကားသည္။
“က်န္တဲ့ ပလက္ေဖာင္းေတြကလည္း ဘန္းလို႔ရတယ္။ အခု ဒီႏိုင္ငံမွာ မလုပ္ႏိုင္ဘူးဆိုရင္ ဆက္သြယ္ေရးေတြက နည္းပညာရွင္မထားတာလား။ ဒါေတြ ဝင္ေနတာ ဒါေတြပို႔ေနတာသိလ်က္နဲ႔ မျဖတ္ရင္ သူတို႔ကိုယ္တိုင္ အေပါင္းအပါ ျဖစ္ေနတာလား။ ေအာ္ပေရတာေတြ ကိုယ္တိုင္။ အဲဒီေတာ့ တာဝန္ရွိ တဲ့လူေတြက ေအာ္ပေရတာေတြကို စစ္ေဆး ရမယ္။ ေမးျမန္းရမယ္။ ေနာက္ထပ္ ဆိုက္ဘာရဲေတြရွိတယ္။ ဒါမ်ိဳးေတြဝင္လာရင္ ေအာ္ပေရတာေတြကိုပါ အေရးယူ မယ္ဆိုၿပီး သတိေပးလိုက္တာနဲ႔ ေသခ်ာတယ္ ဒါကိုတားျမစ္ဖို႔ နည္းပညာရွင္နဲ႔လုပ္ေတာ့မွာပဲ။ လုပ္တာနဲ႔ ဖုန္းေအာ္ ပေရတာေတြကေနတစ္ဆင့္ ဝင္မလာႏိုင္ေတာ့ဘူး။ ေငြကုန္ေၾကးက်ေတာ့ ခံရမယ္။ ဒါေပမဲ့ ျပည္သူေတြရဲ႕ လုံၿခဳံေရး အတြက္ လုပ္ေနရမွာေလ။ ျပည္သူေတြဆီက ေငြျပန္ရတယ္ ဆိုရင္ လုံၿခဳံေရးအတြက္ ငါတို႔ရဲ႕ ေအာ္ပေရတာထဲကို ဘာဝင္ေနလဲ လုပ္ရမွာေလ။ စနစ္ကို ျပန္ထိန္းၿပီးေတာ့ လုံၿခဳံေရးဆိုင္ရာေတြပါ မက်ိဳး ေပါက္ရေအာင္ အမ်ား ႀကီးလုပ္ရမွာ”ဟု ၎က ဆက္လက္ေျပာသည္။
ယင္းသို႔ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားမွ တစ္ဆင့္ ေလာင္ကစား ေၾကာ္ျငာ SMS မ်ား ဝင္ေနျခင္းမွာ နည္းပညာအသုံးျပဳ၍ Hack လုပ္ျခင္းေၾကာင့္ဟု ေျပာဆိုမႈမ်ားရွိေနေသာ္လည္း အဆိုပါကိစၥကို NP News အေနျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
“ကြၽန္ေတာ့္ ဖုန္းဆို ခဏခဏဝင္တယ္။ လူေတြက ရယ္စရာအေနနဲ႔ အြန္လိုင္းမွာ ျပန္တင္ၾကတယ္။ တကယ္က ဒါရယ္စရာမဟုတ္ဘူးဗ်။ ဒီအြန္လိုင္း ေလာင္းကစားေတြက ကြၽန္ေတာ္တို႔ တရားဥပေဒ စိုးမိုးေရးကို မထီမဲ့ျမင္ျပဳေန တာ” ဟု အြန္လိုင္း အသုံးျပဳသူတစ္ဦးက ဆိုသည္။

Picture

Marix Naw

12/08/2025 12:13

ဘယ် အော်ပရေဒါ မှ အလကား sms မပို့ပေးဘူး သူတို့နဲ့ စာချုပ် ချုပ်ထားလို့ သူတို့လဲ အကျိုးအမြတ်ရလို့ sms ပို့ပေးနေတာ ... စာချုပ်တုန်းက လောင်ကစား ကြော်ငြာ လို့ တော့ ပြောပြီး ချုပ်မှာမဟုတ်ဘူး.. တခြားတခုခု အကြောင်းပြထားတာနေမှာ ပေါ့... Np News ရဲ့ တယ်လီဂရမ် မှာ လဲ ကြော်ငြာ တက်တက်လာတယ်နော်... လောင်ကသား ကြော်ငြာ

Related news

© 2021. All rights reserved.