အိန္ဒိယတွင် သာသနာပြုနေသော ဆရာတော်အပါဝင် သံဃာ(၃)ပါးကို PDF အဖွဲ့က ခရီးသည်တင်ကားပေါ်မှဆွဲချဖမ်းဆီးသွား

678

သန့်ဇင်(NP News)- နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် အိန္ဒိယတွင် သာသနာပြုနေသော ဆရာတော်အပါဝင် သံဃာ(၃)ပါးကို PDF အဖွဲ့က ခရီးသည် တင်ကားပေါ်မှ ဆွဲချဖမ်းဆီးသွားခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများက NP Newsကို ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ရွှေဘိုမြို့အနောက်ဘက် ကင်းဗျားကျေးရွာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ (၄)ရက် မနက်ပိုင်းမှာဖြစ်တာ။ အဲဒီဆရာတော်က ရွှေဘိုနဲ့ အိန္ဒိယအကူးအသန်းလုပ်နေတဲ့ဆရာတော်ပါ။ အိန္ဒိယမှာ လည်း ဆရာတော်က ကျောင်းတစ်ကျောင်းရှိတယ်။ ရွှေဘိုကနေ ဆရာတော်ကတပည့် (၂)ပါးကို ခေါ်ပြီး အိန္ဒိယကို (၃)ပါးသွားကြတာ။ အဲဒီ (၃)ပါးလုံး အဖမ်းခံရတာ။ ခရီးသည်တင်ကားပေါ်ကနေ PDF တွေက ဆွဲချပြီးဖမ်းသွားတာ”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦး က NP News ကိုပြောသည်။
ဖမ်းဆီးခံရသည့် ဆရာတော်သည် သက်တော် (၄၀) နှစ်ကျော်အရွယ်ရှိ ဒေါက်တာဝိသုတဖြစ်ပြီး အိန္ဒိယတွင် ဝင်းဝင်းနို့ဆီ မြန်မာကျောင်း တည်ထောင်ကာ သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆရာတော်နှင့်အတူ သက်တော်(၃၀)နှစ်ဝန်းကျင် သံဃာတော် (၂)ပါးလည်း ဖမ်ဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
“နိုဝင်ဘာ ၇ရက်မှာ ကျောင်းက ကား(၃)စီးကိုလည်း PDF တွေကလာယူသွားသေးတယ်။ အခု ထိတော့အဆက်အသွယ်မရသေးဘူး။ ထူးခြားမှုတော့မရှိသေးဘူး။ ကင်းဗျားရွာက ရွှေဘိုအနောက်ဘက်မှာပါ။ ဝင်းသစ္စာကားပေါ်ကနေ ဆွဲချခံရတာ။ ကားကိုတော့ ပြန်လွှတ် တယ်။ ဘုန်းကြီး (၃)ပါးကို ဖမ်းသွားတာ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသော ဆရာတော်၊ သံဃာတော်များ ပြန်လည်လွှတ်မြောက်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယတြင္ သာသနာျပဳေနေသာ ဆရာေတာ္အပါဝင္ သံဃာ(၃)ပါးကို PDF အဖြဲ႕က ခရီးသည္တင္ကားေပၚမွဆြဲခ်ဖမ္းဆီးသြား
သန႔္ဇင္(NP News)- ႏိုဝင္ဘာ ၁၀
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ အိႏၵိယတြင္ သာသနာျပဳေနေသာ ဆရာေတာ္အပါဝင္ သံဃာ(၃)ပါးကို PDF အဖြဲ႕က ခရီးသည္ တင္ကားေပၚမွ ဆြဲခ်ဖမ္းဆီးသြားခဲ့ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူမ်ားက NP Newsကို ေျပာသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၆ ရက္၊ နံနက္ပိုင္းက ေ႐ႊဘိုၿမိဳ႕အေနာက္ဘက္ ကင္းဗ်ားေက်း႐ြာအနီးတြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
“လြန္ခဲ့တဲ့ (၄)ရက္ မနက္ပိုင္းမွာျဖစ္တာ။ အဲဒီဆရာေတာ္က ေ႐ႊဘိုနဲ႔ အိႏၵိယအကူးအသန္းလုပ္ေနတဲ့ဆရာေတာ္ပါ။ အိႏၵိယမွာ လည္း ဆရာေတာ္က ေက်ာင္းတစ္ေက်ာင္းရွိတယ္။ ေ႐ႊဘိုကေန ဆရာေတာ္ကတပည့္ (၂)ပါးကို ေခၚၿပီး အိႏၵိယကို (၃)ပါးသြားၾကတာ။ အဲဒီ (၃)ပါးလုံး အဖမ္းခံရတာ။ ခရီးသည္တင္ကားေပၚကေန PDF ေတြက ဆြဲခ်ၿပီးဖမ္းသြားတာ”ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦး က NP News ကိုေျပာသည္။
ဖမ္းဆီးခံရသည့္ ဆရာေတာ္သည္ သက္ေတာ္ (၄၀) ႏွစ္ေက်ာ္အ႐ြယ္ရွိ ေဒါက္တာဝိသုတျဖစ္ၿပီး အိႏၵိယတြင္ ဝင္းဝင္းႏို႔ဆီ ျမန္မာေက်ာင္း တည္ေထာင္ကာ သာသနာျပဳေနေသာ ဆရာေတာ္တစ္ပါးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဆရာေတာ္ႏွင့္အတူ သက္ေတာ္(၃၀)ႏွစ္ဝန္းက်င္ သံဃာေတာ္ (၂)ပါးလည္း ဖမ္ဆီးခံခဲ့ရၿပီး လက္ရွိအခ်ိန္အထိ အဆက္အသြယ္ မရရွိေသးေၾကာင္း သိရသည္။
“ႏိုဝင္ဘာ ၇ရက္မွာ ေက်ာင္းက ကား(၃)စီးကိုလည္း PDF ေတြကလာယူသြားေသးတယ္။ အခု ထိေတာ့အဆက္အသြယ္မရေသးဘူး။ ထူးျခားမႈေတာ့မရွိေသးဘူး။ ကင္းဗ်ား႐ြာက ေ႐ႊဘိုအေနာက္ဘက္မွာပါ။ ဝင္းသစၥာကားေပၚကေန ဆြဲခ်ခံရတာ။ ကားကိုေတာ့ ျပန္လႊတ္ တယ္။ ဘုန္းႀကီး (၃)ပါးကို ဖမ္းသြားတာ”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
လက္ရွိတြင္ ဖမ္းဆီးခံထားရေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား ျပန္လည္လႊတ္ေျမာက္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။