အမြန်လမ်း၌ ကားဘီးပေါက်၍ Guard Rail တန်းအား ဝင်ရောက်တိုက်မိခဲ့ရာ ကလေးတစ်ဦး သေဆုံးခဲ့

 351

စော(NP News)- နိုဝင်ဘာ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ (နိုဝင်ဘာ ၁၀)၊ နံနက် (၆)နာရီ (၅၅)မိနစ်အချိန်ခန့်က မိုင်တိုင်အမှတ်(၁၀၁)မိုင်၊ (၇)ဖာလုံနှင့် (၁၀၂)မိုင်ကြား၌ အဖြူရောင် SUZUKI ERTIGA ကားသည် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ ကာရံထားသော Guard Rail တန်းအား ဝင်ရောက်တိုက်မိခဲ့ရာ ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦးအနက် အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ရာ (၁၁၅)မိုင် ကြက်ခြေနီအသင်းမှယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ (နိုဝင်ဘာ ၉ရက်)၊ နံနက် (၉)နာရီခွဲအချိန်က မိုင်တိုင်အမှတ် (၆၅)မိုင် (၁)ဖာလုံနှင့် (၆၅)မိုင် (၂)ဖာလုံ ကြားတွင် SOUEAST အနက်ရောင်ယာဉ်သည် Signal မီးပြ၍ ယာဘက်လမ်းဘေးတွင်ရပ်ထားစဉ် လားရာတူဘက်မှမောင်းနှင်လာသော NISSAN CONDOR ကုန်ကားမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ရာ ကုန်တင်ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် SOUEAST ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂)ဦးအနက် အမျိုးသမီးတစ်ဦး မစိုးရိမ်ရဒဏ်ရာဖြင့် ထိခိုက်ဒဏ်ရာခဲ့ပြီး ကုန်တင်ကားပေါ်ရှိ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
အျမန္လမ္း၌ ကားဘီးေပါက္၍ Guard Rail တန္းအား ဝင္ေရာက္တိုက္မိခဲ့ရာ ကေလးတစ္ဦး ေသဆုံးခဲ့
ေစာ(NP News)- ႏိုဝင္ဘာ ၁၀
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ယေန႔ (ႏိုဝင္ဘာ ၁၀)၊ နံနက္ (၆)နာရီ (၅၅)မိနစ္အခ်ိန္ခန႔္က မိုင္တိုင္အမွတ္(၁၀၁)မိုင္၊ (၇)ဖာလုံႏွင့္ (၁၀၂)မိုင္ၾကား၌ အျဖဴေရာင္ SUZUKI ERTIGA ကားသည္ ေရွ႕ဘီးေပါက္၍ လမ္းေဘးရွိ ကာရံထားေသာ Guard Rail တန္းအား ဝင္ေရာက္တိုက္မိခဲ့ရာ ကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးအနက္ အသက္ (၇)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး စိုးရိမ္ရဒဏ္ရာရရွိခဲ့ရာ (၁၁၅)မိုင္ ၾကက္ေျခနီအသင္းမွယာဥ္ျဖင့္ ျဖဴးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ေဆး႐ုံအေရာက္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ (ႏိုဝင္ဘာ ၉ရက္)၊ နံနက္ (၉)နာရီခြဲအခ်ိန္က မိုင္တိုင္အမွတ္ (၆၅)မိုင္ (၁)ဖာလုံႏွင့္ (၆၅)မိုင္ (၂)ဖာလုံ ၾကားတြင္ SOUEAST အနက္ေရာင္ယာဥ္သည္ Signal မီးျပ၍ ယာဘက္လမ္းေဘးတြင္ရပ္ထားစဥ္ လားရာတူဘက္မွေမာင္းႏွင္လာေသာ NISSAN CONDOR ကုန္ကားမွ အရွိန္မထိန္းႏိုင္ဘဲ တိုက္မိခဲ့ရာ ကုန္တင္ယာဥ္တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ SOUEAST ယာဥ္ေပၚပါ အမ်ိဳးသား (၃) ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးအနက္ အမ်ိဳးသမီးတစ္ဦး မစိုးရိမ္ရဒဏ္ရာျဖင့္ ထိခိုက္ဒဏ္ရာခဲ့ၿပီး ကုန္တင္ကားေပၚရွိ အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔ ထိခိုက္ဒဏ္ရာမရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.