အမေရိကန်မှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲက ရုရှားသမ္မတအတွက် ပုဂ္ဂိုလ်ရေးအောင်ပွဲတစ်ခုဖြစ်တယ်လို့ ယူကရိန်း ဝေဖန်

387

Pika (NP News) - ဩဂုတ် ၁၃
အမေရိကန်မြေပေါ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ကြားခံခဲ့ရမှုဟာ ရုရှားသမ္မတ ပူတင်အတွက် ပုဂ္ဂိုလ်ရေးအရအောင်ပွဲတစ်ခုဖြစ်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲဟာ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံနှောင့်နှေးစေလိမ့်မယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် နယ်မြေလဲလှယ်မှုပြုလုပ်ဖို့အကြောင်း တွေကို ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြံပြုပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်းအရှေ့ပိုင်းဒွန်းဘက်စ်ဒေသ ကနေ တပ်ဖွဲ့ဝင်တွေရုတ်သိမ်းဖို့ကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
လာမယ့်ဩဂုတ်လ(၁၅)ရက်မှာ အလက်စကာပြည်နယ်မှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲဟာ (၂၀၂၁)ခုနှစ် နောက်ပိုင်း အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ကြား ပထမဆုံးလုပ်ဆောင်မယ့်ဆွေးနွေးပွဲတစ်ခုဖြစ်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “ကျွန်တော်တို့တပ်ဖွဲ့တွေကို ဒွန်းဘက်စ်ဒေသကနေ ရုတ်သိမ်းသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းလိုက်မယ်ဆိုရင် ထိုးစစ်အတွက်ပြင်ဆင်ဖို့ ရုရှားကို အခွင့်အရေးပေးသလိုဖြစ်သွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မွာက်င္းပမယ့္ ထိပ္သီးေဆြးေႏြးပြဲက ႐ုရွားသမၼတအတြက္ ပုဂၢိဳလ္ေရးေအာင္ပြဲတစ္ခုျဖစ္တယ္လို႔ ယူကရိန္း ေဝဖန္
Pika (NP News) - ဩဂုတ္ ၁၃
အေမရိကန္ေျမေပၚမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံဖို႔အတြက္ ဖိတ္ၾကားခံခဲ့ရမႈဟာ ႐ုရွားသမၼတ ပူတင္အတြက္ ပုဂၢိဳလ္ေရးအရေအာင္ပြဲတစ္ခုျဖစ္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာၾကားခဲ့ ပါတယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးပြဲဟာ ႐ုရွားအေပၚပိတ္ဆို႔အေရးယူမႈေတြကို ထပ္မံေႏွာင့္ေႏွးေစလိမ့္မယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ နယ္ေျမလဲလွယ္မႈျပဳလုပ္ဖို႔အေၾကာင္း ေတြကို ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကံျပဳေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ ယူကရိန္းအေရွ႕ပိုင္းဒြန္းဘက္စ္ေဒသ ကေန တပ္ဖြဲ႕ဝင္ေတြ႐ုတ္သိမ္းဖို႔ကို ဇီလန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
လာမယ့္ဩဂုတ္လ(၁၅)ရက္မွာ အလက္စကာျပည္နယ္မွာက်င္းပမယ့္ ထိပ္သီးေဆြးေႏြးပြဲဟာ (၂၀၂၁)ခုႏွစ္ ေနာက္ပိုင္း အေမရိကန္သမၼတနဲ႔ ႐ုရွားသမၼတတို႔ၾကား ပထမဆုံးလုပ္ေဆာင္မယ့္ေဆြးေႏြးပြဲတစ္ခုျဖစ္လာမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြကို ဒြန္းဘက္စ္ေဒသကေန ႐ုတ္သိမ္းသြားမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ရဲ႕တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းလိုက္မယ္ဆိုရင္ ထိုးစစ္အတြက္ျပင္ဆင္ဖို႔ ႐ုရွားကို အခြင့္အေရးေပးသလိုျဖစ္သြားပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။