ယီမင်ကနေပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို အစ္စရေး ကြားဖြတ်ဟန့်တား

 97

Pika (NP News) - သြဂုတ် ၁၆
ယီမင်နိုင်ငံက‌နေ ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဒုံးကျည်ပစ်လွှတ်မှုအတွက် ၎င်းတို့မှာ တာဝန်ရှိတယ်လို့ အီရန် ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က “ယီမင် ကနေ ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တစ်စင်းကို အစ္စရေးလေတပ်က အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံ Ben Gurion လေဆိပ်ကို ပစ်မှတ်ထားတဲ့အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဟူသီ လက်နက်ကိုင်အဖွဲ့က ပစ်လွှတ်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Saree က နောက်ပိုင်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ယခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့က အကြိမ်ကြိမ် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယီမင္ကေနပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္တစ္စင္းကို အစၥေရး ၾကားျဖတ္ဟန႔္တား
Pika (NP News) - ၾသဂုတ္ ၁၆
ယီမင္နိုင္ငံက‌ေန ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္တစ္စင္းကို ၾကားျဖတ္ဟန႔္တားမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရး စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီဒုံးက်ည္ပစ္လႊတ္မႈအတြက္ ၎တို႔မွာ တာဝန္ရွိတယ္လို႔ အီရန္ ေက်ာေထာက္ေနာက္ခံျပဳ ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္က “ယီမင္ ကေန ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္တစ္စင္းကို အစၥေရးေလတပ္က ေအာင္ျမင္စြာ ၾကားျဖတ္ဟန႔္တားနိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အစၥေရးနိုင္ငံ Ben Gurion ေလဆိပ္ကို ပစ္မွတ္ထားတဲ့အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းကို ဟူသီ လက္နက္ကိုင္အဖြဲ႕က ပစ္လႊတ္ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Yahya Saree က ေနာက္ပိုင္းမွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးကို ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ အႀကိမ္ႀကိမ္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတဲ့အေနနဲ႔ ယခုလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕က အႀကိမ္ႀကိမ္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.