ပိတ်ဆို့အရေးယူမှုတွေကို တားဆီးကာကွယ်ဖို့ တရုတ်၊ ရုရှားတို့နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့ အီရန်ပြော

68

Pika (NP News) - သြဂုတ် ၁၆
အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေအပေါ် ဥရောပရဲ့ပိတ်ဆို့အရေးယူမှုတွေကနေ တားဆီးကာကွယ်ဖို့အတွက် အီရန်နိုင်ငံဟာ တရုတ်၊ရုရှားနိုင်ငံတို့နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်သွားမယ်လို့ ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီနိုင်ငံတို့က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အာဘတ်စ်အာဂရာချီရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အာဘတ်စ်အာဂရာချီ က “ဒီပိတ်ဆို့အရေးယူမှုတွေကို တားဆီးကာကွယ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ။ ပိတ်ဆို့အရေးယူမှုတွေကိုတားဆီးဖို့ တရုတ်၊ရုရှားတို့နဲ့အတူ လက်တွဲလုပ်ဆောင်နေပါတယ်။ ဒီလိုမျိုးလက်တွဲ လုပ်ဆောင်နေတာတွေက အသုံးမဝင်ဘူးဆိုရင် ကျွန်တော်တို့မှာ တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ အခြားအရာတွေ ရှိပါသေးတယ်။ အဲဒါတွေကို အချိန်မှီဆွေးနွေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး လာမယ့်ဩဂုတ်လကုန်အထိ သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းချက်တွေကို မတွေ့ဘူးဆိုရင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်သွားဖို့ အဆင်သင့်ရှိတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈေတြကို တားဆီးကာကြယ္ဖို႔ တ႐ုတ္၊ ႐ုရွားတို႔နဲ႔အတူ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ အီရန္ေျပာ
Pika (NP News) - ၾသဂုတ္ ၁၆
အီရန္ရဲ့န်ဴကလီးယားအစီအစဥ္ေတြအေပၚ ဥေရာပရဲ့ပိတ္ဆို႔အေရးယူမႈေတြကေန တားဆီးကာကြယ္ဖို႔အတြက္ အီရန္နိုင္ငံဟာ တ႐ုတ္၊႐ုရွားနိုင္ငံတို႔နဲ႔အတူ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ အီရန္နိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္ အာဂရာခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္သြားမယ္လို႔ ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီနိုင္ငံတို႔က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အာဘတ္စ္အာဂရာခ်ီရဲ့ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အာဘတ္စ္အာဂရာခ်ီ က “ဒီပိတ္ဆို႔အေရးယူမႈေတြကို တားဆီးကာကြယ္ဖို႔ ကၽြန္ေတာ္တို႔ ႀကိဳးပမ္းသြားမွာပါ။ ပိတ္ဆို႔အေရးယူမႈေတြကိုတားဆီးဖို႔ တ႐ုတ္၊႐ုရွားတို႔နဲ႔အတူ လက္တြဲလုပ္ေဆာင္ေနပါတယ္။ ဒီလိုမ်ိဳးလက္တြဲ လုပ္ေဆာင္ေနတာေတြက အသုံးမဝင္ဘူးဆိုရင္ ကၽြန္ေတာ္တို႔မွာ တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔ အျခားအရာေတြ ရွိပါေသးတယ္။ အဲဒါေတြကို အခ်ိန္မွီေဆြးေႏြးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အီရန္ရဲ့န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး လာမယ့္ဩဂုတ္လကုန္အထိ သံတမန္ေရးနည္းလမ္းအရ ေျဖရွင္းခ်က္ေတြကို မေတြ႕ဘူးဆိုရင္ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္သြားဖို႔ အဆင္သင့္ရွိတယ္လို႔ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔ရဲ့နိုင္ငံျခားေရးဝန္ႀကီးေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။