စစ်ပွဲအဆုံးသတ်ရေးကို ဆွေးနွေးဖို့အတွက် ဒေါ်နယ်ထရမ့်ကို သွားရောက်တွေ့ဆုံမယ်လို့ ယူကရိန်းသမ္မတပြော

 209

Pika (NP News) - သြဂုတ် ၁၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ သတ်ဖြတ်မှုတွေနဲ့ စစ်ပွဲအဆုံးသတ်ရေးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးဖို့အတွက် လာမယ့်ဩဂုတ်လ(၁၈)ရက်မှာ အမေရိကန်နိုင်ငံကိုသွားရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဇီလန်စကီးဟာ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ဖြစ်ပါတယ်။
ဇီလန်စကီးက "ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးဖို့ လာမယ့်ဩဂုတ်လ(၁၈)ရက်မှာ ဒေါ်နယ်ထရမ့်ကို ကျွန်တော်သွားရောက်တွေ့ဆုံမှာပါ။ဒေါ်နယ်ထရမ့်ရဲ့ဖိတ်ကြားမှုအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ၎င်းနဲ့ ဒေါ်နယ်ထရမ့်တို့ကြား ရှည်ကြာပြီးကောင်းမွန်တဲ့စကားပြောဆိုမှုတစ်ခုရှိခဲ့တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဇီလန်စကီးရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေရဲ့အဆင့်တိုင်းမှာ ပါဝင်ပတ်သက်ဖို့ ဥရောပမိတ်ဖက်နိုင်ငံတွေကို ဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စစ္ပြဲအဆုံးသတ္ေရးကို ေဆြးေႏြးဖို႔အတြက္ ေဒၚနယ္ထရမ့္ကို သြားေရာက္ေတြ႕ဆုံမယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ၾသဂုတ္ ၁၈
ယူကရိန္းသမၼတဇီလန္စကီးဟာ သတ္ျဖတ္မႈေတြနဲ႔ စစ္ပြဲအဆုံးသတ္ေရးကို အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးဖို႔အတြက္ လာမယ့္ဩဂုတ္လ(၁၈)ရက္မွာ အေမရိကန္ႏိုင္ငံကိုသြားေရာက္လည္ပတ္မွာျဖစ္တယ္လို႔ သိရပါတယ္။
ဇီလန္စကီးဟာ ေဒၚနယ္ထရမ့္နဲ႔ ဖုန္းေခၚဆိုမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ျဖစ္ပါတယ္။
ဇီလန္စကီးက "ယူကရိန္းစစ္ပြဲကို အဆုံးသတ္ေရးအတြက္ အေသးစိတ္အခ်က္အလက္ေတြကိုေဆြးေႏြးဖို႔ လာမယ့္ဩဂုတ္လ(၁၈)ရက္မွာ ေဒၚနယ္ထရမ့္ကို ကြၽန္ေတာ္သြားေရာက္ေတြ႕ဆုံမွာပါ။ေဒၚနယ္ထရမ့္ရဲ႕ဖိတ္ၾကားမႈအတြက္ တကယ္ကိုေက်းဇူးတင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ၎နဲ႔ ေဒၚနယ္ထရမ့္တို႔ၾကား ရွည္ၾကာၿပီးေကာင္းမြန္တဲ့စကားေျပာဆိုမႈတစ္ခုရွိခဲ့တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ဟာ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဇီလန္စကီးရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးေတာ့ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္တဲ့ေဆြးေႏြးပြဲေတြရဲ႕အဆင့္တိုင္းမွာ ပါဝင္ပတ္သက္ဖို႔ ဥေရာပမိတ္ဖက္ႏိုင္ငံေတြကို ဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.