ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်

411

သန့်ဇင် (NP News) - ဩဂုတ် ၁၈
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေ နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၅၅ / ၂ဝ၂၅) အရ ယနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံဥပဒေ ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ လွှတ်တော်အသီးသီးအတွက် လာမည့်ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်ကလည်း ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များအား ထုတ်ပြန်ကြေညာခဲ့ရာ FPTP စနစ်ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မြို့နယ်ပေါင်း (၃၃၀)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် FPTP စနစ်ဖြင့် (၈၄) မြို့နယ်၊ PR စနစ်ဖြင့် (၂၆) မြို့နယ် စုစုပေါင်း မြို့နယ် (၁၁၀) ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအတွက် FPTPစနစ်ဖြင့် (၃၂၂) မြို့နယ်၊ PR စနစ်ဖြင့် (၄၂) မြို့နယ် စုစုပေါင်း (၃၆၄) မြို့နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက် (၂၉)မြို့နယ်ကို FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအပိုင္း (၁) ကို လာမည့္ ဒီဇင္ဘာ ၂၈ ရက္တြင္ စတင္က်င္းပမည္
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၈
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၁) ကို လာမည့္ ဒီဇင္ဘာလ ၂၈ ရက္၊ တနဂၤေႏြ ေန႔တြင္ စတင္က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ေၾကညာခ်က္အမွတ္ ( ၅၅ / ၂ဝ၂၅) အရ ယေန႔ (ဩဂုတ္လ ၁၈ ရက္) တြင္ ထုတ္ျပန္ေၾကျငာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ အေျခခံဥပေဒ ပုဒ္မ ၃၉၉ (က)၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒပုဒ္မ ၁၀ ပါ တာဝန္ႏွင့္လုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ ၃၄ (ဂ) ႏွင့္ နည္းဥပေဒ ၁၆ (က) တို႔အရ လႊတ္ေတာ္အသီးသီးအတြက္ လာမည့္ေ႐ြးေကာက္ပြဲ အပိုင္း ( ၁ ) ကို ဒီဇင္ဘာ ၂၈ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္က်င္းပျပဳလုပ္မည့္ အပိုင္းလိုက္ေန႔ရက္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ ၁၅ ရက္ကလည္း ေ႐ြးေကာက္ပြဲက်င္းပမည့္ မဲဆႏၵနယ္မ်ားအား ထုတ္ျပန္ေၾကညာခဲ့ရာ FPTP စနစ္ျဖင့္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္အတြက္ ၿမိဳ႕နယ္ေပါင္း (၃၃၀)၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အတြက္ FPTP စနစ္ျဖင့္ (၈၄) ၿမိဳ႕နယ္၊ PR စနစ္ျဖင့္ (၂၆) ၿမိဳ႕နယ္ စုစုေပါင္း ၿမိဳ႕နယ္ (၁၁၀) ပါဝင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္မ်ားအတြက္ FPTPစနစ္ျဖင့္ (၃၂၂) ၿမိဳ႕နယ္၊ PR စနစ္ျဖင့္ (၄၂) ၿမိဳ႕နယ္ စုစုေပါင္း (၃၆၄) ၿမိဳ႕နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္မ်ားအတြက္ (၂၉)ၿမိဳ႕နယ္ကို FPTP စနစ္ျဖင့္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။