BGF ကို KNA အဖြစ် အသွင်ပြောင်းပါက ရွှေကုက္ကိုလ် မြို့သစ်၏အနာဂတ်လည်း မရေရာနိုင်ဟုဆို

 698

သုတကျော် (NP News) - သြဂုတ် ၁၉
BGF မှ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဆိုလျှင် ရွှေကုက္ကိုလ်မြို့သစ်၏အနာဂတ်မှာ အစိုးရ အပေါ် မူတည်နေကြောင်း အမည် မဖော်လိုသူ BGF မှ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြော သည်။
ရွှေကုက္ကိုလ်မြို့သည် ထိုင်းနိုင်ငံ နယ်စပ်အနီးတွင် တည်ရှိခြင်းဖြစ်ပြီး မြဝတီမြို့မှ ဆယ်မိုင်ခန့် ကွာဝေးကာ လောင်းကစားမြို့တော်အဖြစ် ရည်မှန်း ခဲ့ခြင်းဖြစ်သော်လည်း ကျားဖျန့်လုပ်ငန်းများကြောင့် နာမည်ဆိုးထွက်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။ BGF က ယင်းမြို့မှ ကျားဖျန့်လုပ်ငန်းများကို အရှိန်မြှင့် ဖမ်းဆီးခဲ့သည့်အပြင် ဆက်လက်ဖမ်းဆီးမှုများလည်း ရှိနေကာ BGF မှ KNA အမည် ပြောင်းလဲလိုက်ပါက ယင်းမြို့၏အနေအထား မည်သို့ဖြစ်မည်ကို ခန့်မှန်း ပြောဆိုချက်များ ရှိသော်လည်း သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။ BGF သည် တပ်မတော်၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အချို့အဖွဲ့အစည်း များက ရန်သူကဲ့သို့သဘောမထားစေရန် အတွက် ဒေသခံ များကလည်း တောင်းဆိုသောကြောင့် KNA အဖြစ် ပြောင်းရန် အကြမ်းဖျင်းသဘော တူညီခဲ့ပြီးဖြစ်သော်လည်း တရားဝင်ဆုံးဖြတ်ချက်ရှိသည်ဟု မကြားရသေးကြောင်း ၎င်းကဆိုသည်။
ရွှေကုက္ကိုလ်မြို့ အနာဂတ်နှင့် KNA အဖြစ် ပြောင်းလဲရန် သဘောထားကိုလည်း နိုင်ငံတော် အစိုး ရထံ တင်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ကျွန်တော်လည်း ခန့်မှန်းလို့ပဲ ရတယ်။ ခန့်မှန်းတာက တော့ ပြောင်းလဲမှုတော့ ဘာမှမရှိဘူး။ (သီးခြားမြို့ အဖြစ်ဆိုရင်လည်း) နိုင်ငံတော်ကိုလည်း အသိ အမှတ်ပြုဖို့ တောင်းဆိုရဦးမယ်ထင်တယ်။ ဘာမှ ပြောင်းလဲမှု မရှိဘူး။ BGF က တပ်မတော်ရဲ့ အစိတ် အပိုင်း ဖြစ်နေတော့ နိုင်ငံတော်ခွင့်ပြုချက်၊ သဘောထား တောင်းခံပြီးမှပဲ ဆုံးဖြတ်မယ်လို့ ခန့်မှန်း တယ်” ဟု ၎င်းကဆိုသည်။
ရွှေက္ကိုလ်မြို့ကို အဆင့်မြင့်နည်းပညာသုံး မြို့တစ်မြို့အဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု စီမံကိန်း အချက်အလက်များအရသိရပြီး နိုင်ငံတကာလေဆိပ် ပင် စီမံကိန်းတွင်ပါဝင်ကာ ဇိမ်ခံအိမ်ရာများ၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အအုံများ၊ ဈေး ဝယ်စင်တာများ၊ စက်မှုဇုန်များလည်း စီမံကိန်း အတွင်း ထည့်သွင်းထားသည်။

Zawgyi Version:
BGF ကို KNA အျဖစ္ အသြင္ေျပာင္းပါက ေ႐ႊကုကၠိဳလ္ ၿမိဳ႕သစ္၏အနာဂတ္လည္း မေရရာႏိုင္ဟုဆို
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၉
BGF မွ KNA အျဖစ္ ေျပာင္းလဲဖြဲ႕စည္းမည္ဆိုလွ်င္ ေ႐ႊကုကၠိဳလ္ၿမိဳ႕သစ္၏အနာဂတ္မွာ အစိုးရ အေပၚ မူတည္ေနေၾကာင္း အမည္ မေဖာ္လိုသူ BGF မွ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာ သည္။
ေ႐ႊကုကၠိဳလ္ၿမိဳ႕သည္ ထိုင္းႏိုင္ငံ နယ္စပ္အနီးတြင္ တည္ရွိျခင္းျဖစ္ၿပီး ျမဝတီၿမိဳ႕မွ ဆယ္မိုင္ခန႔္ ကြာေဝးကာ ေလာင္းကစားၿမိဳ႕ေတာ္အျဖစ္ ရည္မွန္း ခဲ့ျခင္းျဖစ္ေသာ္လည္း က်ားဖ်န႔္လုပ္ငန္းမ်ားေၾကာင့္ နာမည္ဆိုးထြက္ခဲ့ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ BGF က ယင္းၿမိဳ႕မွ က်ားဖ်န႔္လုပ္ငန္းမ်ားကို အရွိန္ျမႇင့္ ဖမ္းဆီးခဲ့သည့္အျပင္ ဆက္လက္ဖမ္းဆီးမႈမ်ားလည္း ရွိေနကာ BGF မွ KNA အမည္ ေျပာင္းလဲလိုက္ပါက ယင္းၿမိဳ႕၏အေနအထား မည္သို႔ျဖစ္မည္ကို ခန႔္မွန္း ေျပာဆိုခ်က္မ်ား ရွိေသာ္လည္း သီးျခား အတည္ျပဳ ႏိုင္ျခင္း မရွိေသးေပ။ BGF သည္ တပ္မေတာ္၏ အစိတ္အပိုင္းျဖစ္ေနသည့္အတြက္ အခ်ိဳ႕အဖြဲ႕အစည္း မ်ားက ရန္သူကဲ့သို႔သေဘာမထားေစရန္ အတြက္ ေဒသခံ မ်ားကလည္း ေတာင္းဆိုေသာေၾကာင့္ KNA အျဖစ္ ေျပာင္းရန္ အၾကမ္းဖ်င္းသေဘာ တူညီခဲ့ၿပီးျဖစ္ေသာ္လည္း တရားဝင္ဆုံးျဖတ္ခ်က္ရွိသည္ဟု မၾကားရေသးေၾကာင္း ၎ကဆိုသည္။
ေ႐ႊကုကၠိဳလ္ၿမိဳ႕ အနာဂတ္ႏွင့္ KNA အျဖစ္ ေျပာင္းလဲရန္ သေဘာထားကိုလည္း ႏိုင္ငံေတာ္ အစိုး ရထံ တင္ရမည္ျဖစ္ေၾကာင္း ၎ကရွင္းျပသည္။ “ကြၽန္ေတာ္လည္း ခန႔္မွန္းလို႔ပဲ ရတယ္။ ခန႔္မွန္းတာက ေတာ့ ေျပာင္းလဲမႈေတာ့ ဘာမွမရွိဘူး။ (သီးျခားၿမိဳ႕ အျဖစ္ဆိုရင္လည္း) ႏိုင္ငံေတာ္ကိုလည္း အသိ အမွတ္ျပဳဖို႔ ေတာင္းဆိုရဦးမယ္ထင္တယ္။ ဘာမွ ေျပာင္းလဲမႈ မရွိဘူး။ BGF က တပ္မေတာ္ရဲ႕ အစိတ္ အပိုင္း ျဖစ္ေနေတာ့ ႏိုင္ငံေတာ္ခြင့္ျပဳခ်က္၊ သေဘာထား ေတာင္းခံၿပီးမွပဲ ဆုံးျဖတ္မယ္လို႔ ခန႔္မွန္း တယ္” ဟု ၎ကဆိုသည္။
ေ႐ႊကၠိဳလ္ၿမိဳ႕ကို အဆင့္ျမင့္နည္းပညာသုံး ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ရည္႐ြယ္ခဲ့ျခင္းျဖစ္သည္ဟု စီမံကိန္း အခ်က္အလက္မ်ားအရသိရၿပီး ႏိုင္ငံတကာေလဆိပ္ ပင္ စီမံကိန္းတြင္ပါဝင္ကာ ဇိမ္ခံအိမ္ရာမ်ား၊ ေလာင္းကစား႐ုံမ်ား၊ အပန္းေျဖအေဆာက္အအုံမ်ား၊ ေဈး ဝယ္စင္တာမ်ား၊ စက္မႈဇုန္မ်ားလည္း စီမံကိန္း အတြင္း ထည့္သြင္းထားသည္။

Related news

© 2021. All rights reserved.