ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးပွဲကို အကောင်းဆုံးတွေ့ဆုံမှုတစ်ခုအဖြစ် ယူကရိန်းသမ္မတဇီလန်စကီး ချီးကျူး

 117

Pika (NP News) - သြဂုတ် ၂ဝ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ၎င်းတို့လုပ်ဆောင်ဖူးသမျှထဲမှာ အကောင်းဆုံးတွေ့ဆုံမှု တစ်ခုဖြစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ချီးကျူးပြောဆိုခဲ့ပါတယ်။ ဇီလန်စကီးဟာ အနောက်ဥရောပရဲ့ ခေါင်းဆောင်အများအပြားနဲ့အတူ အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား တွေ့ဆုံမှုတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဇီလန်စကီးနဲ့ဒေါ်နယ်ထရမ့်တို့ရဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ အောင်မြင်မှုတွေကို ထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ပေမယ့်လည်း တွေ့ဆုံဆွေးနွေးမှုဟာ ယူကရိန်းနဲ့ရုရှားကြားငြိမ်းချမ်းရေးရရှိဖို့အတွက် အပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့တယ်လို့ ပါဝင်သူတွေ က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ဒီတွေ့ဆုံဆွေးနွေးပွဲအတွက် ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ပါတယ်။ဒီဆွေးနွေးပွဲဟာ အရမ်းကို အရေးပါခဲ့ပြီး ကျွန်တော်တို့လုပ်ဆောင်ဖူးသမျှထဲမှာ အကောင်းဆုံးဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်က ယူကရိန်းနဲ့ ဥရောပအတွက် ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးပြဲကို အေကာင္းဆုံးေတြ႕ဆုံမႈတစ္ခုအျဖစ္ ယူကရိန္းသမၼတဇီလန္စကီး ခ်ီးက်ဴး
Pika (NP News) - ၾသဂုတ္ ၂ဝ
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈဟာ ၎တို႔လုပ္ေဆာင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးေတြ႕ဆုံမႈ တစ္ခုျဖစ္ခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ဇီလန္စကီးဟာ အေနာက္ဥေရာပရဲ႕ ေခါင္းေဆာင္အမ်ားအျပားနဲ႔အတူ အိမ္ျဖဴေတာ္မွာ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ေတြ႕ဆုံမႈတစ္ခု လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဇီလန္စကီးနဲ႔ေဒၚနယ္ထရမ့္တို႔ရဲ႕ ေတြ႕ဆုံမႈထြက္ေပၚလာတာ ျဖစ္ပါတယ္။
ေဆြးေႏြးပြဲနဲ႔ပတ္သက္တဲ့ ေအာင္ျမင္မႈေတြကို ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိခဲ့ေပမယ့္လည္း ေတြ႕ဆုံေဆြးေႏြးမႈဟာ ယူကရိန္းနဲ႔႐ုရွားၾကားၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ေျခလွမ္းတစ္ခုျဖစ္ခဲ့တယ္လို႔ ပါဝင္သူေတြ က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ဒီေတြ႕ဆုံေဆြးေႏြးပြဲအတြက္ ေဒၚနယ္ထရမ့္ကို ေက်းဇူးတင္ပါတယ္။ဒီေဆြးေႏြးပြဲဟာ အရမ္းကို အေရးပါခဲ့ၿပီး ကြၽန္ေတာ္တို႔လုပ္ေဆာင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးေဆြးေႏြးပြဲတစ္ခုျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဓိကပန္းတိုင္က ယူကရိန္းနဲ႔ ဥေရာပအတြက္ ခိုင္မာၿပီး ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးရရွိဖို႔ပါပဲ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.