အစ္စရေးနဲ့စစ်ပွဲက အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်လို့ အီရန် သတိပေး

230

Pika (NP News) - သြဂုတ် ၂ဝ
အစ္စရေးနဲ့စစ်ပွဲဟာ ဘယ်အချိန်မှာမဆို ပြန်လည်ပေါ်ပေါက်လာနိုင်တယ်လို့ အီရန်အစိုးရက သတိပေးပြောဆိုခဲ့ပါ တယ်။ ပြီးခဲ့တဲ့ဇွန်လကဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအပြီး ငြိမ်သွားခဲ့တဲ့ အစ္စရေးနဲ့ တိုက်ခိုက်မှုတွေဟာ ယာယီရပ်ဆိုင်းသွားတာမျိုးသာဖြစ်တယ်လို့လည်း အီရန်အကြီးတန်းအရာရှိတစ်ဦးက ဖော်ပြ ပြောဆိုခဲ့ပါတယ်။
အီရန်အကြီးတန်းအရာရှိက “ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာနိုင်တဲ့အခိုက်အတန့်တိုင်းအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ အပစ်အခတ်ရပ်စဲရေးအခြေအနေမှာရှိနေတာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစ္စရေးက အီရန်ရဲ့စစ်ဘက်နဲ့ နျူကလီးယားဆိုင်ရာနေရာတွေ ကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး လူပေါင်း(၁၀၀၀)ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ကလည်း အစ္စရေးဘက်ကနေ ပါဝင်ကူညီပေးခဲ့ပြီး အီရန်ရဲ့နျူကလီးယားနေရာသုံးခုကို ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံဟာ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အဆိုးဆုံးအခြေအနေ တွေအတွက် အစီအစဉ်တွေကို ပြင်ဆင်နေတယ်လို့လည်း အီရန်အကြီးတန်းအရာရှိ Yahya Rahim Safavi က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Yahya Rahim Safavi က “ကျွန်တော်တို့ဟာ အပစ်အခတ်ရပ်စဲရေးအခြေအနေမှာ ရှိနေတာ မဟုတ်ပါဘူး။ အစ္စရေးနဲ့စစ်ပွဲက အချိန်မရွေးပေါ်ပေါက်လာနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အစၥေရးနဲ႔စစ္ပြဲက အခ်ိန္မေ႐ြးေပၚေပါက္လာႏိုင္တယ္လို႔ အီရန္ သတိေပး
Pika (NP News) - ၾသဂုတ္ ၂ဝ
အစၥေရးနဲ႔စစ္ပြဲဟာ ဘယ္အခ်ိန္မွာမဆို ျပန္လည္ေပၚေပါက္လာႏိုင္တယ္လို႔ အီရန္အစိုးရက သတိေပးေျပာဆိုခဲ့ပါ တယ္။ ၿပီးခဲ့တဲ့ဇြန္လကျဖစ္ပြားခဲ့တဲ့ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြအၿပီး ၿငိမ္သြားခဲ့တဲ့ အစၥေရးနဲ႔ တိုက္ခိုက္မႈေတြဟာ ယာယီရပ္ဆိုင္းသြားတာမ်ိဳးသာျဖစ္တယ္လို႔လည္း အီရန္အႀကီးတန္းအရာရွိတစ္ဦးက ေဖာ္ျပ ေျပာဆိုခဲ့ပါတယ္။
အီရန္အႀကီးတန္းအရာရွိက “ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားလာႏိုင္တဲ့အခိုက္အတန႔္တိုင္းအတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ထားရပါမယ္။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ အပစ္အခတ္ရပ္စဲေရးအေျခအေနမွာရွိေနတာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လကျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြအတြင္း အစၥေရးက အီရန္ရဲ႕စစ္ဘက္နဲ႔ န်ဴကလီးယားဆိုင္ရာေနရာေတြ ကို ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး လူေပါင္း(၁၀၀၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ကလည္း အစၥေရးဘက္ကေန ပါဝင္ကူညီေပးခဲ့ၿပီး အီရန္ရဲ႕န်ဴကလီးယားေနရာသုံးခုကို ဗုံးႀကဲ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အီရန္ႏိုင္ငံဟာ ျဖစ္ေပၚလာႏိုင္ေျခရွိတဲ့ အဆိုးဆုံးအေျခအေန ေတြအတြက္ အစီအစဥ္ေတြကို ျပင္ဆင္ေနတယ္လို႔လည္း အီရန္အႀကီးတန္းအရာရွိ Yahya Rahim Safavi က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Yahya Rahim Safavi က “ကြၽန္ေတာ္တို႔ဟာ အပစ္အခတ္ရပ္စဲေရးအေျခအေနမွာ ရွိေနတာ မဟုတ္ပါဘူး။ အစၥေရးနဲ႔စစ္ပြဲက အခ်ိန္မေ႐ြးေပၚေပါက္လာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။