ရေနံချောင်းဒေသရှိ ဧရာဝတီမြစ်ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းနိုင်ရန် သုတေသနပြု ဆောင်ရွက်ပေးမည်

189

Pearl (NP News) - သြဂုတ် ၂ဝ
ရေနံချောင်းဒေသရှိ ဧရာဝတီမြစ်ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းနိုင်ရန် သုတေသနပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေနံချောင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရ သည်။
ထို့ပြင် ယာမြေများအား မြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။
အလားတူ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် သုတေသနပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချောက်ဒေသနှင့် ရေနံချောင်းဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ဒေသအတွင်း နေထိုင်သူများကလည်း မဖြစ်မနေပါဝင် ဆောင်ရွက်ရန် နှင့် ကျေးရွာများ၌ တစ်ရွာလျှင် ထင်း စိုက်ခင်းနှစ်ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့စိုက်ပျိုးသွားကြရန် လို ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေရနံေခ်ာင္းေဒသရွိ ဧရာဝတီျမစ္ေၾကာင္းအား ေရလမ္းေၾကာင္းျပဳျပင္ထိန္းသိမ္းႏိုင္ရန္ သုေတသနျပဳ ေဆာင္႐ြက္ေပးမည္
Pearl (NP News) - ၾသဂုတ္ ၂ဝ
ေရနံေခ်ာင္းေဒသရွိ ဧရာဝတီျမစ္ေၾကာင္းအား ေရလမ္းေၾကာင္းျပဳျပင္ထိန္းသိမ္းႏိုင္ရန္ သုေတသနျပဳ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေရနံေခ်ာင္းၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ေရနံေျမဧရိယာအတြင္းရွိ ေနအိမ္မ်ားႏွင့္ ပတ္သက္၍ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေနထိုင္ခြင့္ရရွိရန္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ေၾကာင္း သိရ သည္။
ထို႔ျပင္ ယာေျမမ်ားအား ျမစ္ေရတင္ စီမံကိန္းမ်ားျဖင့္ စိုက္ပ်ိဳးေရ လုံေလာက္စြာရရွိေရး ေဆာင္႐ြက္မည္ဆိုပါက အထြက္ႏႈန္းမ်ား တိုးတက္လာမည္ျဖစ္ေၾကာင္းလည္း ေဆြးေႏြးေျပာၾကားခဲ့သည္။
အလားတူ ေရနံေခ်ာင္းေဒသအတြင္း ျဖတ္သန္းစီးဆင္းလ်က္ရွိသည့္ ဧရာဝတီျမစ္ေၾကာင္းအား ေရလမ္းေၾကာင္းျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ သုေတသနျပဳ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ေခ်ာက္ေဒသႏွင့္ ေရနံေခ်ာင္းေဒသအတြင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေဒသအတြင္း ေနထိုင္သူမ်ားကလည္း မျဖစ္မေနပါဝင္ ေဆာင္႐ြက္ရန္ ႏွင့္ ေက်း႐ြာမ်ား၌ တစ္႐ြာလွ်င္ ထင္း စိုက္ခင္းႏွစ္ဧကစိုက္ပ်ိဳးရန္ သတ္မွတ္ထားၿပီး ဆက္လက္တိုးခ်ဲ႕စိုက္ပ်ိဳးသြားၾကရန္ လို ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ေၾကာင္းသိရသည္။