အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို ကြောက်ရွံ့တာကြောင့် ပါလက်စတိုင်းထောင်ချီ နေရပ်စွန့်ခွာထွက်ပြေး

 98

Pika (NP News) - သြဂုတ် ၂ဝ
ဂါဇာစီးတီးမြို့အရှေ့ပိုင်းမှာနေထိုင်တဲ့ထောင်နဲ့ချီတဲ့ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးရဲ့ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ထိုးစစ်ဆင်မှုတွေကို ကြောက်ရွံ့တာကြောင့် ၎င်းတို့ရဲ့နေအိမ်တွေကို စတင်စွန့်ခွာ ထွက်ပြေးနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဂါဇာပြည်သူတွေကို တိုက်ခိုက်ရေးဇုန်တွေကနေ ဘေးလွတ်ကင်းရာနေရာတွေကို ရွှေ့ပြောင်းပေးဖို့ အစ္စရေး စစ်တပ်က စီစဉ်နေချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို စစ်ရေးအရသိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ခွင့်ပြုခဲ့ပြီးနောက် အစ္စရေးနိုင်ငံတွင်းမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့တယ်လို့လည်း သိရပါတယ်။
အစ္စရေးနိုင်ငံတွင်းမှာပေါ်ပေါက်လာတဲ့ဆန္ဒပြပွဲတွေမှာ လူသိန်းချီပါဝင်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသကို သိမ်းယူမှု တွေ မလုပ်ဆောင်ဖို့နဲ့ ဖမ်းဆီးထားတဲ့ဓါးစာခံတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းယူဖို့ အစ္စရေးရဲ့ခွင့်ပြုချက်တွေ ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ပြီး သိမ်းယူမှုတွေ မလုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ကြတယ်လို့ လည်း သိရပါတယ်။
အစ္စရေးရဲ့ထိုးစစ်ဆင်မှုအသစ်တွေဟာ ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေရဲ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေရှိလာမှာကို လူအများအပြားက စိုးရိမ်ပူပန်နေကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြကို ေၾကာက္႐ြံ႕တာေၾကာင့္ ပါလက္စတိုင္းေထာင္ခ်ီ ေနရပ္စြန႔္ခြာထြက္ေျပး
Pika (NP News) - ၾသဂုတ္ ၂ဝ
ဂါဇာစီးတီးၿမိဳ႕အေရွ႕ပိုင္းမွာေနထိုင္တဲ့ေထာင္နဲ႔ခ်ီတဲ့ပါလက္စတိုင္းျပည္သူေတြဟာ အစၥေရးရဲ႕ျဖစ္ေပၚလာႏိုင္ေျခရွိတဲ့ ထိုးစစ္ဆင္မႈေတြကို ေၾကာက္႐ြံ႕တာေၾကာင့္ ၎တို႔ရဲ႕ေနအိမ္ေတြကို စတင္စြန႔္ခြာ ထြက္ေျပးေနၾကၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
ဂါဇာျပည္သူေတြကို တိုက္ခိုက္ေရးဇုန္ေတြကေန ေဘးလြတ္ကင္းရာေနရာေတြကို ေ႐ႊ႕ေျပာင္းေပးဖို႔ အစၥေရး စစ္တပ္က စီစဥ္ေနခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို စစ္ေရးအရသိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ခြင့္ျပဳခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံတြင္းမွာ ႀကီးမားတဲ့ ဆႏၵျပပြဲေတြေပၚေပါက္လာခဲ့တယ္လို႔လည္း သိရပါတယ္။
အစၥေရးႏိုင္ငံတြင္းမွာေပၚေပါက္လာတဲ့ဆႏၵျပပြဲေတြမွာ လူသိန္းခ်ီပါဝင္ခဲ့ၿပီး ဂါဇာကမ္းေျမာင္ေဒသကို သိမ္းယူမႈ ေတြ မလုပ္ေဆာင္ဖို႔နဲ႔ ဖမ္းဆီးထားတဲ့ဓါးစာခံေတြအားလုံးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ဆႏၵျပသူေတြက ေတာင္းဆို ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို သိမ္းယူဖို႔ အစၥေရးရဲ႕ခြင့္ျပဳခ်က္ေတြ ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သိမ္းယူမႈေတြ မလုပ္ေဆာင္ဖို႔ အစၥေရးကို တိုက္တြန္းခဲ့ၾကတယ္လို႔ လည္း သိရပါတယ္။
အစၥေရးရဲ႕ထိုးစစ္ဆင္မႈအသစ္ေတြဟာ ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြရဲ႕အသက္ကို အႏၲရာယ္ျဖစ္ေစႏိုင္ၿပီး ေနာက္ဆက္တြဲအက်ိဳးဆက္ေတြရွိလာမွာကို လူအမ်ားအျပားက စိုးရိမ္ပူပန္ေနၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.