ရွေးကောက်ပွဲအလုံးစုံပြီးမှ လွှတ်တော်ခေါ်မည်ဟု UEC အသိပေး

 446

Pearl (NP News) – သြဂုတ် ၂ဝ
ရွေးကောက်ပွဲအလုံးစုံပြီးမှ လွှတ်တော်ခေါ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးထားသည်။
UEC အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်နေ့က လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၁ ) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် ( တနင်္ဂနွေနေ့ ) တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်း လိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။
အဆိုပါကြေညာချက်နှင့်အညီ အပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များ ထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူရမည်ဖြစ်ကြောင်း UEC က အသိပေးထားသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအလုံးစုံၿပီးမွ လႊတ္ေတာ္ေခၚမည္ဟု UEC အသိေပး
Pearl (NP News) – ၾသဂုတ္ ၂ဝ
ေ႐ြးေကာက္ပြဲအလုံးစုံၿပီးမွ လႊတ္ေတာ္ေခၚမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က အသိေပးထားသည္။
UEC အေနျဖင့္ ၿပီးခဲ့သည့္ ၾသဂုတ္လ (၁၈)ရက္ေန႔က လႊတ္ေတာ္အသီးသီးအတြက္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအပိုင္း ( ၁ ) ကို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ လ ၂၈ ရက္ ( တနဂၤေႏြေန႔ ) တြင္ စတင္က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
အလားတူ ဆက္လက္က်င္းပျပဳလုပ္မည့္ အပိုင္း လိုက္ေန႔ရက္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေဖာ္ျပခဲ့သည္။
အဆိုပါေၾကညာခ်က္ႏွင့္အညီ အပိုင္းလိုက္ ေ႐ြးေကာက္ပြဲမ်ား က်င္းပၿပီး ရလဒ္မ်ား ထုတ္ျပန္ၿပီးမွသာ ဖြဲ႕စည္းပုံအေျခခံဥပေဒ( ၂၀၀၈ ခုႏွစ္ ) ပုဒ္မ ၁၂၃ ပါ ျပ႒ာန္းခ်က္ႏွင့္အညီ လႊတ္ေတာ္ေခၚယူရမည္ျဖစ္ေၾကာင္း UEC က အသိေပးထားသည္။

Related news

© 2021. All rights reserved.