အစိုးရလက်အောက် ပြန်ရောက်တဲ့ လားရှိုး (၄) လတာ စစ်တမ်း (ဒေသ အင်တာဗျူး)

 635

သုတကျော် (NP News)

ယခုနှစ် ဧပြီလ (၂၂) ရက်တွင် ကိုးကန့် ထိန်းချုပ်ထားသော လားရှိုးမြို့ကို အစိုးရက ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းနောက် မဆိုင်းမတွပင် အုပ်ချုပ်ရေးလုပ်ငန်းများကို ပြန်လည် ဖော်ဆောင် ခဲ့ကြသည်။ လေးလတာကာလအတွင်း မြို့၏ပြောင်းလဲသည့်အခြေအနေ၊ အစိုးရနှင့် ကိုးကန့်အပေါ် ပြည်သူတို့၏ နှိုင်းယှဉ်သဘောထားများနှင့်ပတ်သက်၍ လားရှိုးမြို့ခံတစ်ဦးထံ NP News က ဆက်သွယ် မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အစ်ကိုက MNDAA လက်အောက်မှာကော လားရှိုးမှာနေခဲ့သေးလား။
ဖြေ - ကျွန်တော်ကဖြစ်ပြီးတော့ ရှောင်တော့ ရှောင် ရသေးတယ်ဗျ။ ဒါပေမဲ့ ပြန်လာပြီး ဆက်တိုက်နေခဲ့ တာပေါ့။
မေး - အရင်ဆုံး မေးချင်တာက ကိုးကန့် လက် အောက်က လားရှိုးမြို့ကို ဝင်လာရတဲ့ ခံစားချက်လေး ပြောပြပေးပါလား။
ဖြေ - အဲဒီလို ခံစားချက်က ဘယ်သူ့ဘက်မှ ပါလို့ ပြောတာ မဟုတ်ဘူး ကိုယ်မြို့၊ ကိုယ့်ရွာ ပြန်လာတယ် ဆိုပေမယ့် သူစိမ်းဆီနေရတဲ့ခံစားချက်ကြီး ဖြစ်နေ တယ်။ စိတ်က ဘဝင်မကျဘူးပေါ့။ သူတို့ကကျ ဘယ် လိုပြောမလဲ နေရာတကာ တရုတ်စာ၊ တရုတ်စကား။ ပြီးရင်လည်း နေရ၊ ထိုင်ရတာက ပြည်သူထက်ကို သူ တို့ လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာကို ဦးစားပေး လုပ်ကြတာလေ။ သဘောတစ်ခုပြောရမယ်ဆိုရင် ကိုယ့်မြို့မှာရှိတဲ့ အစိုးရဌာနဆိုင်ရာပစ္စည်းတွေ၊ ထရမ်စဖော်မာတွေ၊ ဆေးရုံသုံးပစ္စည်းတွေ ယူတယ် လေ။ ပြီးတော့ သူတို့က လောင်းကစားကို ဦးစားပေးတယ်။ လောင်းကစား၊ အပျော်အပါးကို သူတို့ အား သန်လာတာတွေ့ရတယ်။ သူတို့က တရုတ်ငွေနဲ့ဆိုတော့ သုံးနိုင်တာပေါ့။ လောင်းကစားဆိုရင် ဂိမ်းရုံတွေ တို့၊ ပေါ်ပေါ်ထင်ထင်ပဲ လိုင်းကြေးယူပြီးဖွင့်ခိုင်းတာလေ လောင်းကစားပေါတာပေါ့ဗျာ။
မေး - စီးပွားရေးလုပ်တော့ကော အဆင်ပြေလား။
ဖြေ - အရောင်းအဝယ်သမားလေးတွေကတော့ အဆင်ပြေပါတယ်။
မေး - ကိုးကန့်ထွက်ခါနီး ရက်ပိုင်းလေး အလိုမှာကော ဘယ်လိုထူးခြားတာ မြင်ရလဲ။
ဖြေ - အဲဒီရက်ပိုင်းအလိုမှာဆိုရင် ဌာနဆိုင်ရာတွေက ယူစရာရှိတာ ယူကြတယ်။ နေ့တိုင်း ဆက်တိုင်းပဲ တွဲ ကားတွေနဲ့တင်ကြတာလေ။ ဆေးရုံဝင်းထဲက ပစ္စည်း တွေတို့။ သူတို့ယူစရာရှိတာ အသည်းအသန် ယူကြတာလေ။ ပြီးရင် မြို့ထဲက တဖြည်းဖြည်းပျောက်သွားတယ်။ အဓိက သူတို့ယူစရာရှိတာ ယူတာပဲ။
မေး - ဆိုတော့ မြို့က ဌာနဆိုင်ရာတွေမှာ အခွံပဲ ကျန်တယ်လို့ သိထားရတဲ့အတိုင်းပေါ့။
ဖြေ - ဟုတ်တယ်။ အဲဒီလို နီးနီးပဲ။ ဌာနဆိုင်ရာတွေ ဆီမှာ ရှိမှ မရှိတော့တာ။ အစိုးရ ဝင်လာတော့လည်း ဆေးပစ္စည်းတွေက တန်းမစုံသေးဘူးလေ။ အခက်အခဲ ဖြစ်တာပေါ့။ တချို့ဆိုရင် ကြားကာလ ဖြစ်တော့ ဆေးကုဖို့ ခက်သွားတာမှာ သိန္နီဘက်အထိ လိုက်ကုကြရတာပေါ့။ ဆေးဝါးခကတော့ များတာပေါ့ အစ်ကို ရာ။ ဆေးရုံက ချက်ချင်း မ Run နိုင်သေးတော့ ဟို ဘက်လိုက်ကုရတာလည်း ရှိတာပေါ့။
မေး - အစိုးရ စဝင်တဲ့နေ့ကကော ဘယ်လိုအပြောင်းအလဲ မြင်ရလဲ။
ဖြေ - အစိုးရ စဝင်တဲ့နေ့က တချို့ဆိုရင် ကိုယ့်အိမ် ပျက်တာ ပြင်စရာရှိတာ ပြင်ကြတယ်။ အရင်က မလုပ် ရဲဘူးလေ ဘာမှန်းမှ မသိတာ။ ကိုးကန့် လက်အောက်မှာ အိမ်တောင်မပြင်ဘူး ပစ်ထားတာ။ အစိုးရ လာပြီ ဟေ့ဆိုပြီး အိမ်ပြင်တဲ့သူတွေက ပြင်ကြတယ်။ လုပ် စရာရှိတဲ့သူတွေကလည်း လုပ်ကြ တယ်။ ဆိုင်ဖွင့်တဲ့ သူတွေကလည်း ဖွင့်ကြတယ် အဲဒီလိုပေါ့။
မေး - လားရှိုးမြို့ထဲ အစိုးရဝင်တော့ ဘယ်လိုခံစားရလဲ။
ဖြေ - ပုံမှန် အလုပ်လုပ်လို့ ရပြီ။ ပုံမှန်လေးလည်း လူတိုင်း နေ့တိုင်းအလုပ်လုပ်ခဲ့ရသလိုခံစားချက် ပြန် ရတယ်။ အေးအေးဆေးဆေး စိတ်နဲ့ ပုံမှန်လည်ပတ်ဖို့ ဆိုတာ မလွယ်ဘူးလေ။
မေး - အစိုးရ စဝင်ပြီးတော့ ပထမရက်တွေမှာ အခက်အခဲတွေ ဖြစ်ခဲ့ကြလား။
ဖြေ - မဖြစ်ခဲ့ကြဘူး။ သူတို့ကလည်း သူတို့ဟာနဲ့ သူတို့ နေတာ။ သူတို့ တန်းလျားထဲ နေစရာရှိတာ နေ တယ်။ လုပ်စရာရှိတာ လုပ်တယ်။ ကြပ်တာတွေ ဘာတွေ မရှိဘူးလေ ဒီအတိုင်းပဲ။
မေး - အစိုးရ ပြန်ဝင်တဲ့အချိန်မှာ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လိုပြောင်းလဲတယ်လို့ မြင်လဲ။
ဖြေ - ကိုးကန့် ပြန်မယ်ဆိုတော့ ဌာနဆိုင်ရာ တချို့ ကလည်း အရပ်ဝတ်နဲ့ဝင်ထားတာ ရှိတယ်လေ။ ထွက်တဲ့ အချိန်မှာ အရင်လူတွေပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးပဲ ဖြစ်တာ။ ကိုးကန့် မဝင်ခင် အစိုးရ လက် အောက်ကပါပဲ။
မေး - လားရှိုးကို အစိုးရဝင်ပြီးနောက် ကာလတစ်ခု ကြာခဲ့ပြီပေါ့လေ။ ပြည်သူတွေအခြေအနေက ဒီ နောက်ပိုင်း ဘယ်လိုရှိပါသလဲ။
ဖြေ - ဆောက်လုပ်ရေးလုပ်တဲ့သူတွေလည်း အလုပ် ရှိလာတယ်။ ဈေးရောင်း၊ ဈေးဝယ်တွေလည်း ဖြစ်လာ တယ်။ အရမ်း ထောင်တက်သွားတာ မဟုတ်ပေမယ့် သူ့ဟာနဲ့သူ ပုံမှန်တော့ လည်ပတ်နေတာ ပေါ့။ ချက်ချင်းကြီး လူတိုင်းကအလုပ်အကိုင်တော့ ဖြစ်မသွားဘူး။ ပုံမှန်လေး လှုပ်ရှားနေကြတာပေါ့။ ကုန်ထမ်းတဲ့သူတွေဆိုလည်း ကားလေးတွေဝင်တော့ အလုပ်လေးတွေ ပုံမှန်ရှိတာပေါ့။
မေး - အစိုးရ ဝင်ပြီးတဲ့နောက် ကိုယ်တိုင်ကော စိတ်ချလက်ချ ဖြစ်သွားတယ် ခံစားရလား။
ဖြေ - စိတ်ချလက်ချဆိုတာက လူတိုင်းကတော့ ပျော်တာပေါ့။ ကိုယ့်မြို့ ကိုယ့်ရွာမှာ နေရတယ်ဆိုတဲ့ ခံစားချက်က ဘယ်မှာနဲ့မှ မတူတာ။ စိတ်ချရတာပေါ့။
မေး - အစ်ကိုက အိမ်ထောင်ရှိတာ ဆိုတော့ အမျိုးသမီးကကော မြို့အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူ အုပ်ချုပ်တာကို ပိုသဘောကျတယ်ဆိုတာမျိုး ပြောဖြစ်တာ ရှိလား။
ဖြေ - အတူတူပဲ။ ကိုးကန့်အုပ်ချုပ်တာတော့ မကြိုက်ဘူးလေ။ ဘယ်သူနေနေဗျာ ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ် ကိုယ့်လူမျိုးအုပ်ချုပ်တာ ပိုကောင်းတာပေါ့။ ဖြေရှင်းနိုင်တယ်လေ။ တစ်ခုခု ပြဿနာတက်ဦးတော့ တောင်းပန်လို့ရတယ်ဗျ။ ကိုးကန့်က ကျတော့ တောင်းပန်လို့ မရဘူး သွားဆို သွား၊ ထိုင်ဆိုထိုင် အဲဒီလိုမျိုးလေ။ တစ်သွေးတစ်သံပဲ။ ဥပဒေနဲ့ယှဉ်ရင် ကိုယ်ကပြန်ပြီး အသနားခံလို့ရ တယ်။ ကိုးကန့်ကျ အသနားခံတာမရှိဘူးလေ ကွာတာက အများကြီးကွာတယ်။ စီးပွားရေး အဆင်မပြေ ရင်တောင် နေရ၊ ထိုင်ရ၊ သွားရ၊ လာရတာက လွတ်လွတ်လပ်လပ် ဖြစ်သွားတာပေါ့။
မေး - အရင် ကိုးကန့်လက်အောက်မှာ မြန်မာ့ ထုံးစံ လပြည့်၊ လကွယ်နေ့တွေလည်း ဈေးမပိတ်ဘူးလို့ ကြားတယ်။
ဖြေ - ဟုတ်တယ်။ တရုတ်တွေ များတာကိုး။ အစိုးရကတော့ လပြည့်၊ လကွယ် ပိတ်တယ်လေ။
မေး - လားရှိုးဟာ ကိုးကန့် လက်အောက်မှာ တရုတ်ယဉ်ကျေးမှုကို သွတ်သွင်းခံခဲ့ရဖူးတယ်လို့ ပြောရမ လား။ သမိုင်းတစ်ခုပေါ့။
ဖြေ - အစပဲရှိသေးတာ တချို့ဆိုင်တွေဆို တရုတ် စာနဲ့ပဲ ရေးကြတော့တာ။ မြန်မာစာတောင် သိပ်မရေး ချင်ဘူး။လောက်ကိုင် ပုံစံမျိုး ထွင်တာလေ။ အစ်ကိုက လည်း ဆီဆိုင်ကအစ တရုတ်စာနဲ့။ တချို့ ဟော့ ပေါ့ ဆိုင်တွေဆို တရုတ်စာတွေနဲ့။ အခုတော့ မတွေ့တော့ ပါဘူး။
မေး - အစိုးရအုပ်ချုပ်ပြီးတဲ့နောက် တရားဥပဒေ စိုးမိုးရေးက ဘယ်လိုအခြေအနေရှိလဲ။ ဒီတစ် လျှောက် မှာပေါ့။
ဖြေ - အခုနောက်ပိုင်း လုတာတို့ဘာတို့တော့ ပြန်ရှိလာတယ်။ ဆိုင်ကယ်ဘာညာလုတယ်၊ ပစ္စည်းလုတာ တွေ ပြန်တွေ့လာရတယ်။
မေး - အစိုးရ ဝင်ဝင်ချင်းမှာတော့ ငြိမ်တယ်ပေါ့။
ဖြေ - ဟုတ် ငြိမ်တယ်။ အခုနောက်ပိုင်း အခု လပိုင်း၊ ရက်ပိုင်းမှာ ခိုးဆိုးလုလေးပါတယ်။ ဒါပေမဲ့ မိတာ လည်း ရှိပါတယ်။
မေး - မြို့စည်ပင်သာယာဝပြောရေးအနေနဲ့ လားရှိုး ဟာ စစ်ဘေးကြောင့် အကြီးအကျယ် အထိနာခဲ့တယ်။ ကိုးကန့်ကမြို့ကို သူတို့ထိန်းချုပ်တုန်းမှာ စိတ်ပါလက် ပါနဲ့ ပြန်ထူထောင်ပေးခဲ့သလား။
ဖြေ - အစ်ကိုရာ သူတို့စိတ်ပါလက်ပါလုပ်မယ်ဆိုရင် မြို့တော်ခန်းမ အရင်ပြင်ရမှာပေါ့။ သူတို့လုပ်ခဲ့တာ လေ။ သူတို့နဲ့ဆိုင်တာ ဆိုင်တာပဲလုပ်သွားတယ်။ ဘာမှ တစ်ခုမှမပြင်ဘူး။ လမ်းလောက်ပဲ သန့်ရှင်းရေး လုပ်ပြီးသွားတာပဲ။
မေး - အစိုးရက ထိန်းချုပ်ပြီးတော့ကော ပြန်လည် မြှင့်တင်၊ တည်ဆောက်ရေး လုပ်နေရလား။
ဖြေ - လောလောဆယ်တော့ သူတို့လည်း ဖြည်းဖြည်း ချင်း လုပ်နေကြတာပဲ။ မြို့တော်ခန်းမလည်း ပြင်နေ ကြပြီလေ။ ရုံးပိုင်းတွေကတော့ အခုရောက်၊ အခု Run နိုင်တာ တွေ့ရတယ်။ လဝကတို့ ဘာတို့က လုပ် ပေးတယ်။ အရင်လို ပုံမှန်ပါပဲ။ ရဲစခန်းတွေက လည်း ပုံမှန်လည်ပတ်နေပြီ။ ကျောင်းတွေလည်း ပုံမှန်လည်ပတ်နေပြီ။
မေး - လားရှိုးက တိုက်ပွဲ မဖြစ်ခင်က အခြေအနေကို တော်တော်များများ ပြန်ရောက်နေပြီလား။
ဖြေ - အဲဒီလို အခြေအနေကတော့ ရောက်ပြီ။ ပြည် သူတွေကတော့ ပျက်စီးသွားတာတွေကို တအိအိ ရုန်း ရမှာပေါ့။ လုပ်ရမှာပေါ့။
မေး - လားရှိုး မြို့သားတစ်ယောက်အနေနဲ့ ငါလုံခြုံ ပြီလို့ စိတ်ဒုန်းဒုန်း ချနိုင်ပြီလား။
ဖြေ - ကျွန်တော်ကတော့ အရင်က ကြောက်စိတ် မရှိဘူး။ အခုဆို ပိုယုံကြည်ချက်ရှိတယ်။ ဖြစ်နိုင်စရာ အကြောင်းလည်း မရှိတော့ဘူးလေ။ မြို့ခံတွေကတော့ ဖြစ်ရင် ဘယ်မှာမှ မရှောင်ချင်တော့ဘူး မြေကျင်းတူး ပြီး ပုန်းရင် ပုန်းရပလေ့စေ။ ထပ်ဖြစ်ရင်လည်း ရှောင် ရမယ့်အင်အား မရှိတော့ဘူးလေ။ ဖြစ်စရာလည်း မရှိ တော့ပါဘူး။ အစိုးရလည်း သူ့ဌာနဆိုင်ရာ လည်ပတ် နေပြီပဲကို။ ဖြစ်ရင်လည်း ဘယ်သူမှလက်ခံမှာ မဟုတ် ဘူး။ ဖြစ်အောင်လုပ်တဲ့သူကိုလည်း ဘယ်သူမှ လက် ခံမှာ မဟုတ်တော့ဘူးလေ။
မေး - လက်နက်ကိုင်ဘက်က မြို့တစ်မြို့ကို ထိန်း ချုပ်နိုင်ပြီဆိုရင် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး သတ်တာ တွေ ရှိတယ်ပေါ့လေ။ တရားလက်လွတ်ပေါ့။ အစိုးရက ပြန်ဝင်ပြီးတော့ကော ဒါမျိုးလုပ်တာ ရှိလား။
ဖြေ - တစ်ခုမှကို မရှိဘူး။ သူတို့လိုမျိုး မလုပ်ဘူး အစ်ကို။ သူတို့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်အောင် လုပ်မယ်။ လုံခြုံရေးအပိုင်း လုပ်မယ်။ ပြီးရင် ကိုယ်နဲ့ မတူတာကိုရပ်ကွက်ထဲ တံခါးခေါက်ဝင်ဆွဲတာ မတွေ့သေးဘူး။ အစ်ကိုရာ ရပ်ကွက်ထဲ အရင် နယ်မြေမှူး လုပ်ခဲ့တဲ့သူတွေ ရှိတယ်လေ။ သူတို့ ယုတ်မာ မယ်ဆိုရင် လုပ်လို့ရတာပဲ။ သူတို့ မလုပ်ဘူးလေ။ သူတို့ လုံခြုံရေးကို ကောင်းကောင်းလုပ်နေတာပဲ တွေ့ ရတယ်။
မေး - လက်ရှိမှာ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှာ အစိုးရက ဘယ်လောက် ရာခိုင်နှုန်းလောက် ပြန် တည်ဆောက်ပြီးပြီလို့ ပြောနိုင်မလဲ။
ဖြေ - ကျွန်တော့် အထင်ပေါ့ လောလောဆယ်တော့ (၇၀) ရာခိုင်နှုန်းတော့ အဆင်ပြေနေပြီ ထင်တယ်။ ပျက်စီးတာတွေ ဘာတွေနဲ့ပေါ့။ လုံးလုံး ပျက်သွားတာ မျိုးကိုတော့ သူတို့ တဖြည်းဖြည်းချင်း လုပ်ကြမှာ ပေါ့။
မေး - မီးကော မှန်ပြီလား။
ဖြေ - မီးကတော့ လာတဲ့ဘက် လာတယ်။ မလာတဲ့ ဘက်က မလာသေးဘူး။ တချို့ရပ်ကွက်တွေက ထရမ်စဖော်မာတွေ သူတို့သယ်သွားတော့ မီးမရဘူး။ အခုထိ မလုပ်နိုင်သေးဘူး။ ကြိုးတွေ ဘာတွေတော့ သွယ်နေကြပြီ။ ထရမ်စဖော်မာက လောက်ကိုင်အထိ ယူသွားတာလေ။
မေး - ဆိုတော့ မကြာခင် တစ်မြို့လုံးမီးရတော့မယ်ပေါ့။
ဖြေ - ကြားတာတော့ နောက်လထဲ ရမယ် ကြားတယ်။ ပြောထားတာတော့ ရှိတယ်။
မေး - အစ်ကိုက မြို့ခံတစ်ယောက်အနေနဲ့ ဘယ် လောက်ကာလအတွင်း မြို့က ပုံမှန် ပြန်ဖြစ်သွားမယ် ထင်လဲ။
ဖြေ - ကျွန်တော့်အထင်တော့ ဒီနှစ်ပိုင်းလောက် ကောင်းကောင်းလုပ်ပြီးပြီဆို နောက်နှစ်လောက် ပုံမှန် ဖြစ်မယ်ထင်တယ်။
မေး - ဘယ်လို အချက်တွေကိုကြည့်ပြီး ပြောနိုင်လဲ။
ဖြေ - တချို့ကလည်း အိမ်တွေ ဘာတွေ ပျက်စီးတာ များတော့ အလုပ်အကိုင်နဲ့ယှဉ်ရင် တအိအိတော့ ပြင်ရမှာပဲ။ နောက်နှစ်ပိုင်းလောက်ဆိုရင်တော့ ကိုယ့် အိမ်ကိုယ့်ယာ အားလုံးပြင်ပြီးရင် ပုံမှန် ပြန်ဖြစ် သွားမယ်ထင်တယ်။
မေး - လားရှိုးမြို့ကလူတွေ စစ်ကိုကြောက်သွား ပြီလား။
ဖြေ - တော်တော်ကြောက်သွားပြီ (ရယ်လျက်)။ နောက်ဖြစ်ရင် ဘယ်သူမှ မရှောင်နိုင်တော့တာ။ ပေကပ် နေကြရမှာပဲ။ တချို့ဆို အိမ် လုံးဝ ပျက်စီးတယ်။ အမိုးမရှိ၊ ဘာမရှိနဲ့ အိမ်မှာ ပြောင်သလင်း ခါကုန်တာ လည်း အများကြီးပဲ။
မေး - စစ်ဟာ လားရှိုးမြို့သားတွေကို ဘယ်လောက်အထိ စိတ်ဒဏ်ရာရစေတယ် ထင်လဲ။
ဖြေ - စိတ်ဒဏ်ရာရတာ မပြောနဲ့ မျက်နှာလည်း ငယ် ရတယ်။ တချို့ဆိုရင် အိမ်မှာ မကျန်တော့ဘူးဆိုတဲ့ ခံစားချက်ကတော့ ရှိမှာပဲ။ စိတ်ဒဏ်ရာထက် စစ်ကို စိတ်နာတဲ့သူ အများကြီးပဲ။
မေး - အရင်က အွန်လိုင်းမှာ မြင်ရတယ်လေ။ စစ်ဘေးရှောင်တွေ လာရင် လားရှိုးက သူတို့အရင်က အခက်အခဲကြုံဖူးတော့ လိုလိုလားလား ကူညီကြတယ်ဆိုတာ။ အဲဒီက ဟုတ်ပါသလား။
ဖြေ - ဟုတ်တယ်ဗျ။ ဘာလို့လဲဆိုတော့ အခု စစ်ဘေးရှောင်တွေ ဒီဘက်လာကြတယ်။ အိမ်ခန်းခတွေ ပိုတောင်မယူဘူး။ သူတို့ စစ်ရှောင်လာကြတယ်ဟေ့ ဆိုပြီး တချို့ဆိုရင် ရပ်ကွက်ထဲမှာ ပစ္စည်းဝေတာ ရှိ တယ်။ တချို့ကလည်း အိမ်ငှားခ တစ်ဝက်လောက်ပဲ ယူတာလည်း ရှိတယ်။
မေး - အစိုးရက လားရှိုးကို ပြန်ထိန်းချုပ်ပြီးတဲ့နောက် အားမလို အားမရ ဖြစ်တာရှိလား။
ဖြေ - ကြီးကြီးမားမားတော့ မရှိဘူး။ ခိုးဆိုးလုနှိုက်တွေ ပပျောက်အောင်တော့ လုပ်ပေးစေချင်တယ်။ တချို့က မရှိပါဘူးဆို အလုပ်ခံရတော့ ဘဝက သွားပြီလေ။ အဲဒီလိုမျိုးတော့ ကြပ်ကြပ်မတ်မတ် လုပ်ပေး နိုင်ရင် ကောင်းတာပေါ့။
မေး - လားရှိုးမြို့ခံ တစ်ယောက်အနေနဲ့ တခြား စစ်ဘေးသင့် မြို့ကလူတွေကို ဘာပြောချင်လဲ။
ဖြေ - တစ်နိုင်ငံလုံး ကိုယ်မြို့လို ဘယ်သူမှ မဖြစ်စေချင်ဘူး။

Zawgyi Version:
အစိုးရလက္ေအာက္ ျပန္ေရာက္တဲ့ လားရႈိး (၄) လတာ စစ္တမ္း
(ေဒသ အင္တာဗ်ဴး)
သုတေက်ာ္ (NP News)

ယခုႏွစ္ ဧၿပီလ (၂၂) ရက္တြင္ ကိုးကန႔္ ထိန္းခ်ဳပ္ထားေသာ လားရႈိးၿမိဳ႕ကို အစိုးရက ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ယင္းေနာက္ မဆိုင္းမတြပင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ျပန္လည္ ေဖာ္ေဆာင္ ခဲ့ၾကသည္။ ေလးလတာကာလအတြင္း ၿမိဳ႕၏ေျပာင္းလဲသည့္အေျခအေန၊ အစိုးရႏွင့္ ကိုးကန႔္အေပၚ ျပည္သူတို႔၏ ႏႈိင္းယွဥ္သေဘာထားမ်ားႏွင့္ပတ္သက္၍ လားရႈိးၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အစ္ကိုက MNDAA လက္ေအာက္မွာေကာ လားရႈိးမွာေနခဲ့ေသးလား။
ေျဖ - ကြၽန္ေတာ္ကျဖစ္ၿပီးေတာ့ ေရွာင္ေတာ့ ေရွာင္ ရေသးတယ္ဗ်။ ဒါေပမဲ့ ျပန္လာၿပီး ဆက္တိုက္ေနခဲ့ တာေပါ့။
ေမး - အရင္ဆုံး ေမးခ်င္တာက ကိုးကန႔္ လက္ ေအာက္က လားရႈိးၿမိဳ႕ကို ဝင္လာရတဲ့ ခံစားခ်က္ေလး ေျပာျပေပးပါလား။
ေျဖ - အဲဒီလို ခံစားခ်က္က ဘယ္သူ႔ဘက္မွ ပါလို႔ ေျပာတာ မဟုတ္ဘူး ကိုယ္ၿမိဳ႕၊ ကိုယ့္႐ြာ ျပန္လာတယ္ ဆိုေပမယ့္ သူစိမ္းဆီေနရတဲ့ခံစားခ်က္ႀကီး ျဖစ္ေန တယ္။ စိတ္က ဘဝင္မက်ဘူးေပါ့။ သူတို႔ကက် ဘယ္ လိုေျပာမလဲ ေနရာတကာ တ႐ုတ္စာ၊ တ႐ုတ္စကား။ ၿပီးရင္လည္း ေနရ၊ ထိုင္ရတာက ျပည္သူထက္ကို သူ တို႔ လိုခ်င္တဲ့အရာ၊ ျဖစ္ခ်င္တဲ့အရာကို ဦးစားေပး လုပ္ၾကတာေလ။ သေဘာတစ္ခုေျပာရမယ္ဆိုရင္ ကိုယ့္ၿမိဳ႕မွာရွိတဲ့ အစိုးရဌာနဆိုင္ရာပစၥည္းေတြ၊ ထရမ္စေဖာ္မာေတြ၊ ေဆး႐ုံသုံးပစၥည္းေတြ ယူတယ္ ေလ။ ၿပီးေတာ့ သူတို႔က ေလာင္းကစားကို ဦးစားေပးတယ္။ ေလာင္းကစား၊ အေပ်ာ္အပါးကို သူတို႔ အား သန္လာတာေတြ႕ရတယ္။ သူတို႔က တ႐ုတ္ေငြနဲ႔ဆိုေတာ့ သုံးႏိုင္တာေပါ့။ ေလာင္းကစားဆိုရင္ ဂိမ္း႐ုံေတြ တို႔၊ ေပၚေပၚထင္ထင္ပဲ လိုင္းေၾကးယူၿပီးဖြင့္ခိုင္းတာေလ ေလာင္းကစားေပါတာေပါ့ဗ်ာ။
ေမး - စီးပြားေရးလုပ္ေတာ့ေကာ အဆင္ေျပလား။
ေျဖ - အေရာင္းအဝယ္သမားေလးေတြကေတာ့ အဆင္ေျပပါတယ္။
ေမး - ကိုးကန႔္ထြက္ခါနီး ရက္ပိုင္းေလး အလိုမွာေကာ ဘယ္လိုထူးျခားတာ ျမင္ရလဲ။
ေျဖ - အဲဒီရက္ပိုင္းအလိုမွာဆိုရင္ ဌာနဆိုင္ရာေတြက ယူစရာရွိတာ ယူၾကတယ္။ ေန႔တိုင္း ဆက္တိုင္းပဲ တြဲ ကားေတြနဲ႔တင္ၾကတာေလ။ ေဆး႐ုံဝင္းထဲက ပစၥည္း ေတြတို႔။ သူတို႔ယူစရာရွိတာ အသည္းအသန္ ယူၾကတာေလ။ ၿပီးရင္ ၿမိဳ႕ထဲက တျဖည္းျဖည္းေပ်ာက္သြားတယ္။ အဓိက သူတို႔ယူစရာရွိတာ ယူတာပဲ။
ေမး - ဆိုေတာ့ ၿမိဳ႕က ဌာနဆိုင္ရာေတြမွာ အခြံပဲ က်န္တယ္လို႔ သိထားရတဲ့အတိုင္းေပါ့။
ေျဖ - ဟုတ္တယ္။ အဲဒီလို နီးနီးပဲ။ ဌာနဆိုင္ရာေတြ ဆီမွာ ရွိမွ မရွိေတာ့တာ။ အစိုးရ ဝင္လာေတာ့လည္း ေဆးပစၥည္းေတြက တန္းမစုံေသးဘူးေလ။ အခက္အခဲ ျဖစ္တာေပါ့။ တခ်ိဳ႕ဆိုရင္ ၾကားကာလ ျဖစ္ေတာ့ ေဆးကုဖို႔ ခက္သြားတာမွာ သိႏၷီဘက္အထိ လိုက္ကုၾကရတာေပါ့။ ေဆးဝါးခကေတာ့ မ်ားတာေပါ့ အစ္ကို ရာ။ ေဆး႐ုံက ခ်က္ခ်င္း မ Run ႏိုင္ေသးေတာ့ ဟို ဘက္လိုက္ကုရတာလည္း ရွိတာေပါ့။
ေမး - အစိုးရ စဝင္တဲ့ေန႔ကေကာ ဘယ္လိုအေျပာင္းအလဲ ျမင္ရလဲ။
ေျဖ - အစိုးရ စဝင္တဲ့ေန႔က တခ်ိဳ႕ဆိုရင္ ကိုယ့္အိမ္ ပ်က္တာ ျပင္စရာရွိတာ ျပင္ၾကတယ္။ အရင္က မလုပ္ ရဲဘူးေလ ဘာမွန္းမွ မသိတာ။ ကိုးကန႔္ လက္ေအာက္မွာ အိမ္ေတာင္မျပင္ဘူး ပစ္ထားတာ။ အစိုးရ လာၿပီ ေဟ့ဆိုၿပီး အိမ္ျပင္တဲ့သူေတြက ျပင္ၾကတယ္။ လုပ္ စရာရွိတဲ့သူေတြကလည္း လုပ္ၾက တယ္။ ဆိုင္ဖြင့္တဲ့ သူေတြကလည္း ဖြင့္ၾကတယ္ အဲဒီလိုေပါ့။
ေမး - လားရႈိးၿမိဳ႕ထဲ အစိုးရဝင္ေတာ့ ဘယ္လိုခံစားရလဲ။
ေျဖ - ပုံမွန္ အလုပ္လုပ္လို႔ ရၿပီ။ ပုံမွန္ေလးလည္း လူတိုင္း ေန႔တိုင္းအလုပ္လုပ္ခဲ့ရသလိုခံစားခ်က္ ျပန္ ရတယ္။ ေအးေအးေဆးေဆး စိတ္နဲ႔ ပုံမွန္လည္ပတ္ဖို႔ ဆိုတာ မလြယ္ဘူးေလ။
ေမး - အစိုးရ စဝင္ၿပီးေတာ့ ပထမရက္ေတြမွာ အခက္အခဲေတြ ျဖစ္ခဲ့ၾကလား။
ေျဖ - မျဖစ္ခဲ့ၾကဘူး။ သူတို႔ကလည္း သူတို႔ဟာနဲ႔ သူတို႔ ေနတာ။ သူတို႔ တန္းလ်ားထဲ ေနစရာရွိတာ ေန တယ္။ လုပ္စရာရွိတာ လုပ္တယ္။ ၾကပ္တာေတြ ဘာေတြ မရွိဘူးေလ ဒီအတိုင္းပဲ။
ေမး - အစိုးရ ျပန္ဝင္တဲ့အခ်ိန္မွာ အုပ္ခ်ဳပ္ေရးပိုင္းမွာ ဘယ္လိုေျပာင္းလဲတယ္လို႔ ျမင္လဲ။
ေျဖ - ကိုးကန႔္ ျပန္မယ္ဆိုေတာ့ ဌာနဆိုင္ရာ တခ်ိဳ႕ ကလည္း အရပ္ဝတ္နဲ႔ဝင္ထားတာ ရွိတယ္ေလ။ ထြက္တဲ့ အခ်ိန္မွာ အရင္လူေတြပဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးပဲ ျဖစ္တာ။ ကိုးကန႔္ မဝင္ခင္ အစိုးရ လက္ ေအာက္ကပါပဲ။
ေမး - လားရႈိးကို အစိုးရဝင္ၿပီးေနာက္ ကာလတစ္ခု ၾကာခဲ့ၿပီေပါ့ေလ။ ျပည္သူေတြအေျခအေနက ဒီ ေနာက္ပိုင္း ဘယ္လိုရွိပါသလဲ။
ေျဖ - ေဆာက္လုပ္ေရးလုပ္တဲ့သူေတြလည္း အလုပ္ ရွိလာတယ္။ ေဈးေရာင္း၊ ေဈးဝယ္ေတြလည္း ျဖစ္လာ တယ္။ အရမ္း ေထာင္တက္သြားတာ မဟုတ္ေပမယ့္ သူ႔ဟာနဲ႔သူ ပုံမွန္ေတာ့ လည္ပတ္ေနတာ ေပါ့။ ခ်က္ခ်င္းႀကီး လူတိုင္းကအလုပ္အကိုင္ေတာ့ ျဖစ္မသြားဘူး။ ပုံမွန္ေလး လႈပ္ရွားေနၾကတာေပါ့။ ကုန္ထမ္းတဲ့သူေတြဆိုလည္း ကားေလးေတြဝင္ေတာ့ အလုပ္ေလးေတြ ပုံမွန္ရွိတာေပါ့။
ေမး - အစိုးရ ဝင္ၿပီးတဲ့ေနာက္ ကိုယ္တိုင္ေကာ စိတ္ခ်လက္ခ် ျဖစ္သြားတယ္ ခံစားရလား။
ေျဖ - စိတ္ခ်လက္ခ်ဆိုတာက လူတိုင္းကေတာ့ ေပ်ာ္တာေပါ့။ ကိုယ့္ၿမိဳ႕ ကိုယ့္႐ြာမွာ ေနရတယ္ဆိုတဲ့ ခံစားခ်က္က ဘယ္မွာနဲ႔မွ မတူတာ။ စိတ္ခ်ရတာေပါ့။
ေမး - အစ္ကိုက အိမ္ေထာင္ရွိတာ ဆိုေတာ့ အမ်ိဳးသမီးကေကာ ၿမိဳ႕အေျခအေနနဲ႔ ပတ္သက္လို႔ ဘယ္သူ အုပ္ခ်ဳပ္တာကို ပိုသေဘာက်တယ္ဆိုတာမ်ိဳး ေျပာျဖစ္တာ ရွိလား။
ေျဖ - အတူတူပဲ။ ကိုးကန႔္အုပ္ခ်ဳပ္တာေတာ့ မႀကိဳက္ဘူးေလ။ ဘယ္သူေနေနဗ်ာ ဆိုးတာျဖစ္ျဖစ္၊ ေကာင္းတာျဖစ္ျဖစ္ ကိုယ့္လူမ်ိဳးအုပ္ခ်ဳပ္တာ ပိုေကာင္းတာေပါ့။ ေျဖရွင္းႏိုင္တယ္ေလ။ တစ္ခုခု ျပႆနာတက္ဦးေတာ့ ေတာင္းပန္လို႔ရတယ္ဗ်။ ကိုးကန႔္က က်ေတာ့ ေတာင္းပန္လို႔ မရဘူး သြားဆို သြား၊ ထိုင္ဆိုထိုင္ အဲဒီလိုမ်ိဳးေလ။ တစ္ေသြးတစ္သံပဲ။ ဥပေဒနဲ႔ယွဥ္ရင္ ကိုယ္ကျပန္ၿပီး အသနားခံလို႔ရ တယ္။ ကိုးကန႔္က် အသနားခံတာမရွိဘူးေလ ကြာတာက အမ်ားႀကီးကြာတယ္။ စီးပြားေရး အဆင္မေျပ ရင္ေတာင္ ေနရ၊ ထိုင္ရ၊ သြားရ၊ လာရတာက လြတ္လြတ္လပ္လပ္ ျဖစ္သြားတာေပါ့။
ေမး - အရင္ ကိုးကန႔္လက္ေအာက္မွာ ျမန္မာ့ ထုံးစံ လျပည့္၊ လကြယ္ေန႔ေတြလည္း ေဈးမပိတ္ဘူးလို႔ ၾကားတယ္။
ေျဖ - ဟုတ္တယ္။ တ႐ုတ္ေတြ မ်ားတာကိုး။ အစိုးရကေတာ့ လျပည့္၊ လကြယ္ ပိတ္တယ္ေလ။
ေမး - လားရႈိးဟာ ကိုးကန႔္ လက္ေအာက္မွာ တ႐ုတ္ယဥ္ေက်းမႈကို သြတ္သြင္းခံခဲ့ရဖူးတယ္လို႔ ေျပာရမ လား။ သမိုင္းတစ္ခုေပါ့။
ေျဖ - အစပဲရွိေသးတာ တခ်ိဳ႕ဆိုင္ေတြဆို တ႐ုတ္ စာနဲ႔ပဲ ေရးၾကေတာ့တာ။ ျမန္မာစာေတာင္ သိပ္မေရး ခ်င္ဘူး။ေလာက္ကိုင္ ပုံစံမ်ိဳး ထြင္တာေလ။ အစ္ကိုက လည္း ဆီဆိုင္ကအစ တ႐ုတ္စာနဲ႔။ တခ်ိဳ႕ ေဟာ့ ေပါ့ ဆိုင္ေတြဆို တ႐ုတ္စာေတြနဲ႔။ အခုေတာ့ မေတြ႕ေတာ့ ပါဘူး။
ေမး - အစိုးရအုပ္ခ်ဳပ္ၿပီးတဲ့ေနာက္ တရားဥပေဒ စိုးမိုးေရးက ဘယ္လိုအေျခအေနရွိလဲ။ ဒီတစ္ ေလွ်ာက္ မွာေပါ့။
ေျဖ - အခုေနာက္ပိုင္း လုတာတို႔ဘာတို႔ေတာ့ ျပန္ရွိလာတယ္။ ဆိုင္ကယ္ဘာညာလုတယ္၊ ပစၥည္းလုတာ ေတြ ျပန္ေတြ႕လာရတယ္။
ေမး - အစိုးရ ဝင္ဝင္ခ်င္းမွာေတာ့ ၿငိမ္တယ္ေပါ့။
ေျဖ - ဟုတ္ ၿငိမ္တယ္။ အခုေနာက္ပိုင္း အခု လပိုင္း၊ ရက္ပိုင္းမွာ ခိုးဆိုးလုေလးပါတယ္။ ဒါေပမဲ့ မိတာ လည္း ရွိပါတယ္။
ေမး - ၿမိဳ႕စည္ပင္သာယာဝေျပာေရးအေနနဲ႔ လားရႈိး ဟာ စစ္ေဘးေၾကာင့္ အႀကီးအက်ယ္ အထိနာခဲ့တယ္။ ကိုးကန႔္ကၿမိဳ႕ကို သူတို႔ထိန္းခ်ဳပ္တုန္းမွာ စိတ္ပါလက္ ပါနဲ႔ ျပန္ထူေထာင္ေပးခဲ့သလား။
ေျဖ - အစ္ကိုရာ သူတို႔စိတ္ပါလက္ပါလုပ္မယ္ဆိုရင္ ၿမိဳ႕ေတာ္ခန္းမ အရင္ျပင္ရမွာေပါ့။ သူတို႔လုပ္ခဲ့တာ ေလ။ သူတို႔နဲ႔ဆိုင္တာ ဆိုင္တာပဲလုပ္သြားတယ္။ ဘာမွ တစ္ခုမွမျပင္ဘူး။ လမ္းေလာက္ပဲ သန႔္ရွင္းေရး လုပ္ၿပီးသြားတာပဲ။
ေမး - အစိုးရက ထိန္းခ်ဳပ္ၿပီးေတာ့ေကာ ျပန္လည္ ျမႇင့္တင္၊ တည္ေဆာက္ေရး လုပ္ေနရလား။
ေျဖ - ေလာေလာဆယ္ေတာ့ သူတို႔လည္း ျဖည္းျဖည္း ခ်င္း လုပ္ေနၾကတာပဲ။ ၿမိဳ႕ေတာ္ခန္းမလည္း ျပင္ေန ၾကၿပီေလ။ ႐ုံးပိုင္းေတြကေတာ့ အခုေရာက္၊ အခု Run ႏိုင္တာ ေတြ႕ရတယ္။ လဝကတို႔ ဘာတို႔က လုပ္ ေပးတယ္။ အရင္လို ပုံမွန္ပါပဲ။ ရဲစခန္းေတြက လည္း ပုံမွန္လည္ပတ္ေနၿပီ။ ေက်ာင္းေတြလည္း ပုံမွန္လည္ပတ္ေနၿပီ။
ေမး - လားရႈိးက တိုက္ပြဲ မျဖစ္ခင္က အေျခအေနကို ေတာ္ေတာ္မ်ားမ်ား ျပန္ေရာက္ေနၿပီလား။
ေျဖ - အဲဒီလို အေျခအေနကေတာ့ ေရာက္ၿပီ။ ျပည္ သူေတြကေတာ့ ပ်က္စီးသြားတာေတြကို တအိအိ ႐ုန္း ရမွာေပါ့။ လုပ္ရမွာေပါ့။
ေမး - လားရႈိး ၿမိဳ႕သားတစ္ေယာက္အေနနဲ႔ ငါလုံၿခဳံ ၿပီလို႔ စိတ္ဒုန္းဒုန္း ခ်ႏိုင္ၿပီလား။
ေျဖ - ကြၽန္ေတာ္ကေတာ့ အရင္က ေၾကာက္စိတ္ မရွိဘူး။ အခုဆို ပိုယုံၾကည္ခ်က္ရွိတယ္။ ျဖစ္ႏိုင္စရာ အေၾကာင္းလည္း မရွိေတာ့ဘူးေလ။ ၿမိဳ႕ခံေတြကေတာ့ ျဖစ္ရင္ ဘယ္မွာမွ မေရွာင္ခ်င္ေတာ့ဘူး ေျမက်င္းတူး ၿပီး ပုန္းရင္ ပုန္းရပေလ့ေစ။ ထပ္ျဖစ္ရင္လည္း ေရွာင္ ရမယ့္အင္အား မရွိေတာ့ဘူးေလ။ ျဖစ္စရာလည္း မရွိ ေတာ့ပါဘူး။ အစိုးရလည္း သူ႔ဌာနဆိုင္ရာ လည္ပတ္ ေနၿပီပဲကို။ ျဖစ္ရင္လည္း ဘယ္သူမွလက္ခံမွာ မဟုတ္ ဘူး။ ျဖစ္ေအာင္လုပ္တဲ့သူကိုလည္း ဘယ္သူမွ လက္ ခံမွာ မဟုတ္ေတာ့ဘူးေလ။
ေမး - လက္နက္ကိုင္ဘက္က ၿမိဳ႕တစ္ၿမိဳ႕ကို ထိန္း ခ်ဳပ္ႏိုင္ၿပီဆိုရင္ ငါနဲ႔မတူ ငါ့ရန္သူဆိုၿပီး သတ္တာ ေတြ ရွိတယ္ေပါ့ေလ။ တရားလက္လြတ္ေပါ့။ အစိုးရက ျပန္ဝင္ၿပီးေတာ့ေကာ ဒါမ်ိဳးလုပ္တာ ရွိလား။
ေျဖ - တစ္ခုမွကို မရွိဘူး။ သူတို႔လိုမ်ိဳး မလုပ္ဘူး အစ္ကို။ သူတို႔ အုပ္ခ်ဳပ္ေရး ယႏၲရား လည္ပတ္ေအာင္ လုပ္မယ္။ လုံၿခဳံေရးအပိုင္း လုပ္မယ္။ ၿပီးရင္ ကိုယ္နဲ႔ မတူတာကိုရပ္ကြက္ထဲ တံခါးေခါက္ဝင္ဆြဲတာ မေတြ႕ေသးဘူး။ အစ္ကိုရာ ရပ္ကြက္ထဲ အရင္ နယ္ေျမမႉး လုပ္ခဲ့တဲ့သူေတြ ရွိတယ္ေလ။ သူတို႔ ယုတ္မာ မယ္ဆိုရင္ လုပ္လို႔ရတာပဲ။ သူတို႔ မလုပ္ဘူးေလ။ သူတို႔ လုံၿခဳံေရးကို ေကာင္းေကာင္းလုပ္ေနတာပဲ ေတြ႕ ရတယ္။
ေမး - လက္ရွိမွာ လားရႈိးၿမိဳ႕ ျပန္လည္ထူေထာင္ေရးမွာ အစိုးရက ဘယ္ေလာက္ ရာခိုင္ႏႈန္းေလာက္ ျပန္ တည္ေဆာက္ၿပီးၿပီလို႔ ေျပာႏိုင္မလဲ။
ေျဖ - ကြၽန္ေတာ့္ အထင္ေပါ့ ေလာေလာဆယ္ေတာ့ (၇၀) ရာခိုင္ႏႈန္းေတာ့ အဆင္ေျပေနၿပီ ထင္တယ္။ ပ်က္စီးတာေတြ ဘာေတြနဲ႔ေပါ့။ လုံးလုံး ပ်က္သြားတာ မ်ိဳးကိုေတာ့ သူတို႔ တျဖည္းျဖည္းခ်င္း လုပ္ၾကမွာ ေပါ့။
ေမး - မီးေကာ မွန္ၿပီလား။
ေျဖ - မီးကေတာ့ လာတဲ့ဘက္ လာတယ္။ မလာတဲ့ ဘက္က မလာေသးဘူး။ တခ်ိဳ႕ရပ္ကြက္ေတြက ထရမ္စေဖာ္မာေတြ သူတို႔သယ္သြားေတာ့ မီးမရဘူး။ အခုထိ မလုပ္ႏိုင္ေသးဘူး။ ႀကိဳးေတြ ဘာေတြေတာ့ သြယ္ေနၾကၿပီ။ ထရမ္စေဖာ္မာက ေလာက္ကိုင္အထိ ယူသြားတာေလ။
ေမး - ဆိုေတာ့ မၾကာခင္ တစ္ၿမိဳ႕လုံးမီးရေတာ့မယ္ေပါ့။
ေျဖ - ၾကားတာေတာ့ ေနာက္လထဲ ရမယ္ ၾကားတယ္။ ေျပာထားတာေတာ့ ရွိတယ္။
ေမး - အစ္ကိုက ၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ ဘယ္ ေလာက္ကာလအတြင္း ၿမိဳ႕က ပုံမွန္ ျပန္ျဖစ္သြားမယ္ ထင္လဲ။
ေျဖ - ကြၽန္ေတာ့္အထင္ေတာ့ ဒီႏွစ္ပိုင္းေလာက္ ေကာင္းေကာင္းလုပ္ၿပီးၿပီဆို ေနာက္ႏွစ္ေလာက္ ပုံမွန္ ျဖစ္မယ္ထင္တယ္။
ေမး - ဘယ္လို အခ်က္ေတြကိုၾကည့္ၿပီး ေျပာႏိုင္လဲ။
ေျဖ - တခ်ိဳ႕ကလည္း အိမ္ေတြ ဘာေတြ ပ်က္စီးတာ မ်ားေတာ့ အလုပ္အကိုင္နဲ႔ယွဥ္ရင္ တအိအိေတာ့ ျပင္ရမွာပဲ။ ေနာက္ႏွစ္ပိုင္းေလာက္ဆိုရင္ေတာ့ ကိုယ့္ အိမ္ကိုယ့္ယာ အားလုံးျပင္ၿပီးရင္ ပုံမွန္ ျပန္ျဖစ္ သြားမယ္ထင္တယ္။
ေမး - လားရႈိးၿမိဳ႕ကလူေတြ စစ္ကိုေၾကာက္သြား ၿပီလား။
ေျဖ - ေတာ္ေတာ္ေၾကာက္သြားၿပီ (ရယ္လ်က္)။ ေနာက္ျဖစ္ရင္ ဘယ္သူမွ မေရွာင္ႏိုင္ေတာ့တာ။ ေပကပ္ ေနၾကရမွာပဲ။ တခ်ိဳ႕ဆို အိမ္ လုံးဝ ပ်က္စီးတယ္။ အမိုးမရွိ၊ ဘာမရွိနဲ႔ အိမ္မွာ ေျပာင္သလင္း ခါကုန္တာ လည္း အမ်ားႀကီးပဲ။
ေမး - စစ္ဟာ လားရႈိးၿမိဳ႕သားေတြကို ဘယ္ေလာက္အထိ စိတ္ဒဏ္ရာရေစတယ္ ထင္လဲ။
ေျဖ - စိတ္ဒဏ္ရာရတာ မေျပာနဲ႔ မ်က္ႏွာလည္း ငယ္ ရတယ္။ တခ်ိဳ႕ဆိုရင္ အိမ္မွာ မက်န္ေတာ့ဘူးဆိုတဲ့ ခံစားခ်က္ကေတာ့ ရွိမွာပဲ။ စိတ္ဒဏ္ရာထက္ စစ္ကို စိတ္နာတဲ့သူ အမ်ားႀကီးပဲ။
ေမး - အရင္က အြန္လိုင္းမွာ ျမင္ရတယ္ေလ။ စစ္ေဘးေရွာင္ေတြ လာရင္ လားရႈိးက သူတို႔အရင္က အခက္အခဲႀကဳံဖူးေတာ့ လိုလိုလားလား ကူညီၾကတယ္ဆိုတာ။ အဲဒီက ဟုတ္ပါသလား။
ေျဖ - ဟုတ္တယ္ဗ်။ ဘာလို႔လဲဆိုေတာ့ အခု စစ္ေဘးေရွာင္ေတြ ဒီဘက္လာၾကတယ္။ အိမ္ခန္းခေတြ ပိုေတာင္မယူဘူး။ သူတို႔ စစ္ေရွာင္လာၾကတယ္ေဟ့ ဆိုၿပီး တခ်ိဳ႕ဆိုရင္ ရပ္ကြက္ထဲမွာ ပစၥည္းေဝတာ ရွိ တယ္။ တခ်ိဳ႕ကလည္း အိမ္ငွားခ တစ္ဝက္ေလာက္ပဲ ယူတာလည္း ရွိတယ္။
ေမး - အစိုးရက လားရႈိးကို ျပန္ထိန္းခ်ဳပ္ၿပီးတဲ့ေနာက္ အားမလို အားမရ ျဖစ္တာရွိလား။
ေျဖ - ႀကီးႀကီးမားမားေတာ့ မရွိဘူး။ ခိုးဆိုးလုႏႈိက္ေတြ ပေပ်ာက္ေအာင္ေတာ့ လုပ္ေပးေစခ်င္တယ္။ တခ်ိဳ႕က မရွိပါဘူးဆို အလုပ္ခံရေတာ့ ဘဝက သြားၿပီေလ။ အဲဒီလိုမ်ိဳးေတာ့ ၾကပ္ၾကပ္မတ္မတ္ လုပ္ေပး ႏိုင္ရင္ ေကာင္းတာေပါ့။
ေမး - လားရႈိးၿမိဳ႕ခံ တစ္ေယာက္အေနနဲ႔ တျခား စစ္ေဘးသင့္ ၿမိဳ႕ကလူေတြကို ဘာေျပာခ်င္လဲ။
ေျဖ - တစ္ႏိုင္ငံလုံး ကိုယ္ၿမိဳ႕လို ဘယ္သူမွ မျဖစ္ေစခ်င္ဘူး။

Related news

© 2021. All rights reserved.