တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းစေရေး ကြိုးပမ်းရန်လိုအပ်ဟု ဆို

 156

ချယ်ရီ (NP News)- ဩဂုတ် ၂၁
ပညာရေးကဏ္ဍ၌ တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းရင်းသား MSME လုပ်ငန်းများကိုလည်း လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ရမည်ဖြစ်ကာ ပညာရေးကဏ္ဍ၌လည်း တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းလာစေ ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထပ်မံပြောကြားသည်။

Zawgyi Version:
တိုင္းရင္းသားကေလးငယ္မ်ား ဘာသာစကားအခက္အခဲကို ေက်ာ္လြန္၍ ေက်ာင္းထြက္ႏႈန္းေလ်ာ့နည္းေစေရး ႀကိဳးပမ္းရန္လိုအပ္ဟု ဆို
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၁
ပညာေရးက႑၌ တိုင္းရင္းသားကေလးငယ္မ်ား ဘာသာစကားအခက္အခဲကို ေက်ာ္လြန္၍ ေက်ာင္းထြက္ႏႈန္းေလ်ာ့နည္းေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း နယ္စပ္ေရးရာဝန္ႀကီးဌာနႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၂၀ ရက္)က ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာအစည္းအေဝးခန္းမ၌ နယ္စပ္ေရးရာဝန္ႀကီးဌာန ႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနတို႔မွ ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
မိမိတို႔ဝန္ႀကီးဌာန၏ အဓိကတာဝန္ျဖစ္သည့္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ အခြင့္အေရးမ်ား နစ္နာဆုံးရႈံးမႈမရွိေစေရး တည္ဆဲဥပေဒမ်ား ႏွင့္အညီ ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး တိုင္းရင္းသား MSME လုပ္ငန္းမ်ားကိုလည္း လက္လွမ္းမီသမွ် ကူညီေဆာင္႐ြက္ရမည္ျဖစ္ကာ ပညာေရးက႑၌လည္း တိုင္းရင္းသားကေလးငယ္မ်ား ဘာသာစကားအခက္အခဲကို ေက်ာ္လြန္၍ ေက်ာင္းထြက္ႏႈန္းေလ်ာ့နည္းလာေစ ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ (၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္၌ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ (ရန္ကုန္) တြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားကို ဘ႑ာေရးစည္းမ်ဥ္းစည္းကမ္းမ်ား၊ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ အခ်ိန္မီၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ထပ္မံေျပာၾကားသည္။

Related news

© 2021. All rights reserved.