ယူကရိန်းက ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူးလို့ ရုရှားအစိုးရ ဝေဖန်

293

Pika (NP News) - သြဂုတ် ၂၃
ရုရှားနဲ့ရေရှည်ငြိမ်းချမ်းရေးအတွက် စိတ်ဝင်စားမှုမရှိတာကို ယူကရိန်းဘက်က ပွင့်ပွင့်လင်းလင်းပြသနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား တွေ့ဆုံမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အလက်စကာပြည်နယ်မှာလုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း သိသာထင်ရှား တဲ့တိုးတက်မှုအချို့ကိုရရှိခဲ့တယ်လို့လည်း ဆာဂေးလာရော့ဗ်က အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း တရားမျှတပြီး ရေရှည်အခြေချနေထိုင်မှုအတွက် စိတ်ဝင်စားမှုမရှိတာကိုပြသခဲ့တဲ့ ယူကရိန်း အရာရှိအချို့ရဲ့မှတ်ချက်တွေကို ကိုးကားပြီး ဆာဂေးလာရော့ဗ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ယူကရိန်းရဲ့နယ်မြေအချို့ဟာ ရုရှားနိုင်ငံဆီမှာ ဆုံးရှုံးခဲ့ရတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့အကြံပေး မီခေးလ်ပိုဒိုလီယက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဆာဂေးလာရော့ဗ်ရဲ့ဝေဖန်ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။
ဒါ့ပြင် ယူကရိန်းအစိုးရဟာ လုံခြုံရေးအာမခံချက်တွေကို ရရှိပြီးတာနဲ့တစ်ပြိုင်နက် ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းသွားလိမ့်မှာဖြစ်ပြီး ရုရှားကို အားနည်းလာစေဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေကိုချမှတ်ဖို့ အနောက်အုပ်စုကို တောင်းဆိုလိမ့်မယ်လို့လည်း ဆာဂေးလာရော့ဗ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက ၿငိမ္းခ်မ္းေရးကို စိတ္မဝင္စားဘူးလို႔ ႐ုရွားအစိုးရ ေဝဖန္
Pika (NP News) - ၾသဂုတ္ ၂၃
႐ုရွားနဲ႔ေရရွည္ၿငိမ္းခ်မ္းေရးအတြက္ စိတ္ဝင္စားမႈမရွိတာကို ယူကရိန္းဘက္က ပြင့္ပြင့္လင္းလင္းျပသေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ၾကား ေတြ႕ဆုံမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ အလက္စကာျပည္နယ္မွာလုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲအတြင္း သိသာထင္ရွား တဲ့တိုးတက္မႈအခ်ိဳ႕ကိုရရွိခဲ့တယ္လို႔လည္း ဆာေဂးလာေရာ့ဗ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း တရားမွ်တၿပီး ေရရွည္အေျခခ်ေနထိုင္မႈအတြက္ စိတ္ဝင္စားမႈမရွိတာကိုျပသခဲ့တဲ့ ယူကရိန္း အရာရွိအခ်ိဳ႕ရဲ႕မွတ္ခ်က္ေတြကို ကိုးကားၿပီး ဆာေဂးလာေရာ့ဗ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။
ယူကရိန္းရဲ႕နယ္ေျမအခ်ိဳ႕ဟာ ႐ုရွားႏိုင္ငံဆီမွာ ဆုံးရႈံးခဲ့ရတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးရဲ႕အႀကံေပး မီေခးလ္ပိုဒိုလီယက္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဆာေဂးလာေရာ့ဗ္ရဲ႕ေဝဖန္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။
ဒါ့ျပင္ ယူကရိန္းအစိုးရဟာ လုံၿခဳံေရးအာမခံခ်က္ေတြကို ရရွိၿပီးတာနဲ႔တစ္ၿပိဳင္နက္ ဆုံးရႈံးသြားတဲ့နယ္ေျမေတြကို ျပန္လည္ရယူဖို႔ ႀကိဳးပမ္းသြားလိမ့္မွာျဖစ္ၿပီး ႐ုရွားကို အားနည္းလာေစဖို႔အတြက္ ပိတ္ဆို႔အေရးယူမႈေတြကိုခ်မွတ္ဖို႔ အေနာက္အုပ္စုကို ေတာင္းဆိုလိမ့္မယ္လို႔လည္း ဆာေဂးလာေရာ့ဗ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။