ရုရှား၊ တရုတ်နိုင်ငံတို့နဲ့အတူ နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေကို ဒေါ်နယ်ထရမ့်လုပ်ဆောင်လိုနေ

 238

Pika (NP News) - သြဂုတ် ၂၇
ရုရှား၊ တရုတ်နိုင်ငံတို့ နဲ့ နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေ လုပ်ဆောင်လိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှား၊ တရုတ်နိုင်ငံတို့နဲ့လုပ်ဆောင်ဖို့ ကျွန်တော်တို့ကြိုးပမ်းနေတဲ့အရာတွေထဲက တစ်ခုက နျူကလီးယားကင်းစင်ရေးပဲဖြစ်ပါတယ်။ ပြီးတော့ အဲဒါက အရမ်းအရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှုမလုပ်ဆောင်ခင် ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “နျူကလီးယားကင်းစင်ရေးဟာ အလွန်ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ရုရှားကလည်း အဲဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ တရုတ်ကလည်း အဲဒီလိုမျိုးလုပ်ဖို့ ဆန္ဒရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ နျူကလီးယားလက်နက် တွေကို ပြန့်ပွားခွင့်ပြုလို့ မရပါဘူး။ နျူကလီးယားလက်နက်တွေကို တားဆီးဖို့လိုအပ်ပါတယ်။ နျူကလီးယား လက်နက်တွေက အရမ်းစွမ်းအားကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့တွေ့ဆုံလိုတဲ့ ၎င်းရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့မှုနဲ့အတူ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔အတူ န်ဴကလီးယားကင္းစင္ေရးေဆြးေႏြးပြဲေတြကို ေဒၚနယ္ထရမ့္လုပ္ေဆာင္လိုေန
Pika (NP News) - ၾသဂုတ္ ၂၇
႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔ နဲ႔ န်ဴကလီးယားကင္းစင္ေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္လိုတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ႀကိဳးပမ္းေနတဲ့အရာေတြထဲက တစ္ခုက န်ဴကလီးယားကင္းစင္ေရးပဲျဖစ္ပါတယ္။ ၿပီးေတာ့ အဲဒါက အရမ္းအေရးႀကီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံမႈမလုပ္ေဆာင္ခင္ ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “န်ဴကလီးယားကင္းစင္ေရးဟာ အလြန္ႀကီးမားတဲ့ ရည္႐ြယ္ခ်က္တစ္ခုလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ႐ုရွားကလည္း အဲဒီလိုလုပ္ဖို႔ ဆႏၵရွိပါတယ္။ ၿပီးေတာ့ တ႐ုတ္ကလည္း အဲဒီလိုမ်ိဳးလုပ္ဖို႔ ဆႏၵရွိမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ န်ဴကလီးယားလက္နက္ ေတြကို ျပန႔္ပြားခြင့္ျပဳလို႔ မရပါဘူး။ န်ဴကလီးယားလက္နက္ေတြကို တားဆီးဖို႔လိုအပ္ပါတယ္။ န်ဴကလီးယား လက္နက္ေတြက အရမ္းစြမ္းအားႀကီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ယခုႏွစ္အတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံလိုတဲ့ ၎ရဲ႕ဆႏၵေတြကို ထုတ္ေဖာ္ျပသခဲ့မႈနဲ႔အတူ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.