အစ္စရေးနိုင်ငံမှာ စစ်ပွဲအဆုံးသတ်ရေးနဲ့ ဓါးစာခံတွေပြန်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေ ထပ်မံ ဖြစ်ပွား

136

Pika (NP News) - သြဂုတ် ၂၇
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးနဲ့ ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေပြန်လွှတ်ပေးရေးကို တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ အစ္စရေးနိုင်ငံ Tel Aviv မြို့မှာ ထပ်မံဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ Tel Avivမြို့ရဲ့လမ်းမတွေကို ပိတ်ဆို့ထားပြီး အစ္စရေးအလံတွေကို ဝှေ့ယမ်းကာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေရဲ့ဓါတ်ပုံတွေကို ကိုင်ဆောင်ထားတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဓါတ်ပုံတွေမှာတွေ့မြင်ခဲ့ရပါတယ်။ အစ္စရေးနိုင်ငံ Tel Aviv မြို့မှာရှိတဲ့ အမေရိကန်သံရုံးအနီးနဲ့ နိုင်ငံတစ်ဝှမ်းက ဝန်ကြီးတွေရဲ့နေအိမ်တွေအပြင်ဘက်မှာ ဆန္ဒပြပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့ အစ္စရေးမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။ ဓါးစာခံတွေရဲ့မိသားစုတွေကို ကိုယ်စားပြုတဲ့ဖိုရမ်က “စားပွဲဝိုင်းပေါ်မှာ ကမ်းလှမ်းချက် တစ်ခု ရှိပါတယ်။ သဘောတူညီချက် မရမချင်း စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲကနေ မထကြဖို့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် မကြာခင်အချိန်အတွင်းလုပ်ဆောင်မယ့် အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့အစည်းအဝေးဟာ အပစ်အခတ်ရပ်စဲ ရေး နဲ့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေပြန်လွှတ်ပေးရေး သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုအသစ်တွေကို ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသတွင်းမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အစၥေရးႏိုင္ငံမွာ စစ္ပြဲအဆုံးသတ္ေရးနဲ႔ ဓါးစာခံေတြျပန္လႊတ္ေပးေရးအတြက္ ေတာင္းဆိုဆႏၵျပမႈေတြ ထပ္မံ ျဖစ္ပြား
Pika (NP News) - ၾသဂုတ္ ၂၇
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲအဆုံးသတ္ေရးနဲ႔ ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြျပန္လႊတ္ေပးေရးကို ေတာင္းဆိုတဲ့ဆႏၵျပပြဲေတြ အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕မွာ ထပ္မံျဖစ္ပြားလ်က္ရွိတယ္လို႔ သိရပါတယ္။
ဆႏၵျပပြဲအတြင္း ဆႏၵျပသူေတြဟာ Tel Avivၿမိဳ႕ရဲ႕လမ္းမေတြကို ပိတ္ဆို႔ထားၿပီး အစၥေရးအလံေတြကို ေဝွ႔ယမ္းကာ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြရဲ႕ဓါတ္ပုံေတြကို ကိုင္ေဆာင္ထားတာကိုလည္း ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဓါတ္ပုံေတြမွာေတြ႕ျမင္ခဲ့ရပါတယ္။ အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးအနီးနဲ႔ ႏိုင္ငံတစ္ဝွမ္းက ဝန္ႀကီးေတြရဲ႕ေနအိမ္ေတြအျပင္ဘက္မွာ ဆႏၵျပပြဲေတြျဖစ္ပြားလ်က္ရွိတယ္လို႔ အစၥေရးမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဓါးစာခံေတြရဲ႕မိသားစုေတြကို ကိုယ္စားျပဳတဲ့ဖိုရမ္က “စားပြဲဝိုင္းေပၚမွာ ကမ္းလွမ္းခ်က္ တစ္ခု ရွိပါတယ္။ သေဘာတူညီခ်က္ မရမခ်င္း ေစ့စပ္ညႇိႏႈိင္းေရးေဆြးေႏြးပြဲကေန မထၾကဖို႔ ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္ေတြကို ေတာင္းဆိုပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ မၾကာခင္အခ်ိန္အတြင္းလုပ္ေဆာင္မယ့္ အစၥေရးလုံၿခဳံေရးအစိုးရအဖြဲ႕အစည္းအေဝးဟာ အပစ္အခတ္ရပ္စဲ ေရး နဲ႔ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြျပန္လႊတ္ေပးေရး သေဘာတူညီခ်က္အတြက္ ေစ့စပ္ညႇိႏႈိင္းမႈအသစ္ေတြကို ေဆြးေႏြးဖို႔ ျဖစ္ႏိုင္တယ္လို႔လည္း ေဒသတြင္းမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။