မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ထပ်မံတွေ့ဆုံလိုတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 270

Pika (NP News) - သြဂုတ် ၂၇

ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ထပ်မံတွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့အိမ်ဖြူတော်မှာ တွေ့ဆုံမှုတွေလုပ်ဆောင်နေမှုနဲ့အတူ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
၎င်းရဲ့သမ္မတပထမသက်တမ်းအတွင်း ကင်ဂျုံအန်းနဲ့သုံးကြိမ်တွေ့ဆုံခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ဟာ ကင်ဂျုံအန်းနဲ့ ၎င်းရဲ့ဆက်ဆံရေးကို ချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ၎င်းဟာ ကင်ဂျုံအန်းအကြောင်းကို အခြားလူတွေ အားလုံးထက်ပိုသိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “တစ်နေ့နေ့မှာတော့ ကျွန်တော် ကင်ဂျုံအန်းနဲ့တွေ့ဆုံသွားမှာပါ။ ကင်ဂျုံအန်းနဲ့တွေ့ဆုံဖို့လည်း မျှော်လင့်ထားပါတယ်။ သူနဲ့ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းနဲ့တွေ့ဆုံဆွေးနွေးမှုတွေကို ယခုနှစ်အတွင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ထပ္မံေတြ႕ဆုံလိုတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ၾသဂုတ္ ၂၇
ယခုႏွစ္အတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ထပ္မံေတြ႕ဆုံဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေတာင္ကိုရီးယားသမၼတ လီေဂ်းေျမာင္နဲ႔အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
၎ရဲ႕သမၼတပထမသက္တမ္းအတြင္း ကင္ဂ်ဳံအန္းနဲ႔သုံးႀကိမ္ေတြ႕ဆုံခဲ့ဖူးတဲ့ ေဒၚနယ္ထရမ့္ဟာ ကင္ဂ်ဳံအန္းနဲ႔ ၎ရဲ႕ဆက္ဆံေရးကို ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၎ဟာ ကင္ဂ်ဳံအန္းအေၾကာင္းကို အျခားလူေတြ အားလုံးထက္ပိုသိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “တစ္ေန႔ေန႔မွာေတာ့ ကြၽန္ေတာ္ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံသြားမွာပါ။ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ သူနဲ႔ကြၽန္ေတာ့္ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြကို ယခုႏွစ္အတြင္း လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.