ဒရုန်းခြိမ်းခြောက်မှုတွေကို တန်ပြန်မယ့် အလျင်အမြန်တုံ့ပြန်ရေးတပ်ဖွဲ့တွေကို ဂျာမနီစစ်တပ်ဖွဲ့စည်းနေ

121
Pika (NP News) - နိုဝင်ဘာ ၉
ဒရုန်းခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလျင်အမြန်တုံ့ပြန်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းနေတယ်လို့ ဂျာမနီ စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂျာမနီစစ်တပ်က “ဒီလိုမျိုး ဒရုန်းတိုက်ဖျက်ရေးယူနစ်တွေကို စတင်ဖွဲ့စည်းနေပါပြီ” လို့ ပြောခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေနဲ့ အရပ်ဘက်လေဆိပ်တွေအနီးမှာ ဒရုန်းတွေတွေ့ရှိမှု တိုးလာခြင်း ကြောင့် အခက်ကြုံနေရတဲ့ ဘယ်လ်ဂျီယံနိုင်ငံက တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တယ်လို့လည်း ဂျာမနီစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံရဲ့တောင်းဆိုမှုနဲ့အတူ ဂျာမနီရဲ့ ဒရုန်းတန်ပြန်ရေးကျွမ်းကျင်သူ တွေကို စေလွှတ်ပေးသွားမယ်လို့လည်း ဂျာမနီစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဥရောပတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ဒရုန်းဖြစ်ရပ်တွေကြောင့် ရုရှားနဲ့တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် စစ်အခြေစိုက်စခန်းတွေအပေါ်မှာ ပျံသန်းလာနိုင်တဲ့ ဒရုန်းတွေကို ပစ်ချဖို့ ဗြိတိန်စစ်တပ်ကို ခွင့်ပြုသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်(၂)ပတ်လောက်အကြာ မှာ ဂျာမနီစစ်တပ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို တန္ျပန္မယ့္ အလ်င္အျမန္တုံ႔ျပန္ေရးတပ္ဖြဲ႕ေတြကို ဂ်ာမနီစစ္တပ္ဖြဲ႕စည္းေန
Pika (NP News) - ႏိုဝင္ဘာ ၉
ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ အလ်င္အျမန္တုံ႔ျပန္ေရးတပ္ဖြဲ႕ေတြကို ဖြဲ႕စည္းေနတယ္လို႔ ဂ်ာမနီ စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂ်ာမနီစစ္တပ္က “ဒီလိုမ်ိဳး ဒ႐ုန္းတိုက္ဖ်က္ေရးယူနစ္ေတြကို စတင္ဖြဲ႕စည္းေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးေတြနဲ႔ အရပ္ဘက္ေလဆိပ္ေတြအနီးမွာ ဒ႐ုန္းေတြေတြ႕ရွိမႈ တိုးလာျခင္း ေၾကာင့္ အခက္ႀကဳံေနရတဲ့ ဘယ္လ္ဂ်ီယံႏိုင္ငံက ေတာင္းဆိုမႈတစ္ခုျပဳလုပ္ခဲ့တယ္လို႔လည္း ဂ်ာမနီစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံႏိုင္ငံရဲ႕ေတာင္းဆိုမႈနဲ႔အတူ ဂ်ာမနီရဲ႕ ဒ႐ုန္းတန္ျပန္ေရးကြၽမ္းက်င္သူ ေတြကို ေစလႊတ္ေပးသြားမယ္လို႔လည္း ဂ်ာမနီစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဥေရာပတစ္ဝွမ္းမွာျဖစ္ပြားခဲ့တဲ့ဒ႐ုန္းျဖစ္ရပ္ေတြေၾကာင့္ ႐ုရွားနဲ႔တင္းမာမႈေတြ ျမင့္တက္လာခဲ့ၿပီးေနာက္ စစ္အေျခစိုက္စခန္းေတြအေပၚမွာ ပ်ံသန္းလာႏိုင္တဲ့ ဒ႐ုန္းေတြကို ပစ္ခ်ဖို႔ ၿဗိတိန္စစ္တပ္ကို ခြင့္ျပဳသြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး John Healey က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္(၂)ပတ္ေလာက္အၾကာ မွာ ဂ်ာမနီစစ္တပ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။