အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေက ဓါးစာခံတွေအပေါ်ကို တူညီတဲ့အန္တရာယ်တွေကျရောက်စေလိမ့်မယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ သတိပေး

 136

Pika (NP News) - စက်တင်ဘာ ၁
ဂါဇာစီးတီးမြို့ကို သိမ်းပိုက်ဖို့ စီစဉ်ထားတဲ့ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို သာမက အဲ့ဒီဧရိယာအတွင်းမှာရှိတဲ့ ဓါးစာခံတွေအပေါ်ကိုလည်း တူညီတဲ့အန္တရာယ်တွေ ကျရောက်စေလိမ့်မယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုခဲ့ပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘူအိုဒီယာက “ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေအားလုံး ကို ကျွန်တော်တို့အတတ်နိုင်ဆုံးစောင့်ရှောက်သွားမှာပါ။ ဓါးစာခံတွေဟာ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ခိုက်ရေးဇုန်တွေမှာရှိနေပါလိမ့်မယ်။ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေဟာ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေသာမက ဓါးစာခံတွေအပေါ်မှာလည်း တူညီတဲ့အန္တရာယ်တွေကို ကျရောက်စေပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ သိမ်းယူမှုတွေလုပ်ဆောင်ဖို့ အစ္စရေးအစိုးရက ခွင့်ပြုခဲ့ပြီးနောက် ယခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဂါဇာကို စစ်ရေးအရသိမ်းယူမှုတွေလုပ်ဆောင်မယ့် အစ္စရေးရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ပြီး သိမ်းယူမှုတွေ မလုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ချခဲ့မယ်ဆိုရင်တောင် ဂါဇာကို သိမ်းယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြက ဓါးစာခံေတြအေပၚကို တူညီတဲ့အႏၲရာယ္ေတြက်ေရာက္ေစလိမ့္မယ္လို႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕ သတိေပး
Pika (NP News) - စက္တင္ဘာ ၁
ဂါဇာစီးတီးၿမိဳ႕ကို သိမ္းပိုက္ဖို႔ စီစဥ္ထားတဲ့ အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို သာမက အဲ့ဒီဧရိယာအတြင္းမွာရွိတဲ့ ဓါးစာခံေတြအေပၚကိုလည္း တူညီတဲ့အႏၲရာယ္ေတြ က်ေရာက္ေစလိမ့္မယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က သတိေပးေျပာဆိုခဲ့ပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ အဘူအိုဒီယာက “ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဓါးစာခံေတြအားလုံး ကို ကြၽန္ေတာ္တို႔အတတ္ႏိုင္ဆုံးေစာင့္ေရွာက္သြားမွာပါ။ ဓါးစာခံေတြဟာ ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြနဲ႔အတူ တိုက္ခိုက္ေရးဇုန္ေတြမွာရွိေနပါလိမ့္မယ္။ အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြသာမက ဓါးစာခံေတြအေပၚမွာလည္း တူညီတဲ့အႏၲရာယ္ေတြကို က်ေရာက္ေစပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသကို စစ္ေရးအရ သိမ္းယူမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရက ခြင့္ျပဳခဲ့ၿပီးေနာက္ ယခုလို ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဂါဇာကို စစ္ေရးအရသိမ္းယူမႈေတြလုပ္ေဆာင္မယ့္ အစၥေရးရဲ႕ဆုံးျဖတ္ခ်က္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သိမ္းယူမႈေတြ မလုပ္ေဆာင္ဖို႔ အစၥေရးကို တိုက္တြန္းခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ခ်ခဲ့မယ္ဆိုရင္ေတာင္ ဂါဇာကို သိမ္းယူမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ အစၥေရးအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.