ယူကရိန်းငြိမ်းချမ်းရေးအတွက် ထောက်ခံမှုတွေကို အိန္ဒိယဝန်ကြီးချုပ် ထပ်မံအတည်ပြု

 134

Pika (NP News) - စက်တင်ဘာ ၁
ယူကရိန်းမှာ ငြိမ်းချမ်းစွာအခြေချနေထိုင်မှုအတွက် အိန္ဒိယရဲ့ထောက်ခံမှုတွေကို အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထပ်မံအတည်ပြုခဲ့တယ်လို့ သိရပါတယ်။
မိုဒီဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်စဉ်အချိန်အတွင်း ယခုလိုထပ်မံအတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းရဲ့တောင်းဆိုမှုတွေကို မိုဒီက ထောက်ခံခဲ့တယ်လို့ ဇီလန်စကီးကပြောကြားခဲ့ပါတယ်။
ဇီလန်စကီးနဲ့ မိုဒီတို့ဟာ ယူကရိန်းပဋိပက္ခနဲ့ဆက်စပ်တဲ့ မကြာသေးခင်ကတိုးတက်မှုတွေနဲ့ပတ်သက်တဲ့ အမြင်တွေကိုမျှဝေခဲ့ကြပြီး ယူကရိန်းမှာငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းမှုတွေအတွက် အိန္ဒိယရဲ့ထောက်ခံမှုတွေကို မိုဒီက အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
မိုဒီရဲ့ရုံးထုတ်ပြန်ချက်မှာ "မိုဒီနဲ့ ဇီလန်စကီးတို့ဟာ အိန္ဒိယ-ယူကရိန်း နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး အပြန်အလှန် အကျိုးစီးပွားရှိတဲ့ နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီးက "အပစ်အခတ်ရပ်စဲဖို့ လိုအပ်တယ်ဆိုတဲ့အချက်နဲ့ သံတမန်ရေးအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ရုရှားက ရှင်းရှင်းလင်းလင်းအချက်ပြရမယ်ဆိုတဲ့အယူအဆကို မိုဒီက ထောက်ခံပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းၿငိမ္းခ်မ္းေရးအတြက္ ေထာက္ခံမႈေတြကို အိႏၵိယဝန္ႀကီးခ်ဳပ္ ထပ္မံအတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၁
ယူကရိန္းမွာ ၿငိမ္းခ်မ္းစြာအေျခခ်ေနထိုင္မႈအတြက္ အိႏၵိယရဲ႕ေထာက္ခံမႈေတြကို အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ထပ္မံအတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။
မိုဒီဟာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္စဥ္အခ်ိန္အတြင္း ယခုလိုထပ္မံအတည္ျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အပစ္အခတ္ရပ္စဲေရးအတြက္ ယူကရိန္းရဲ႕ေတာင္းဆိုမႈေတြကို မိုဒီက ေထာက္ခံခဲ့တယ္လို႔ ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးနဲ႔ မိုဒီတို႔ဟာ ယူကရိန္းပဋိပကၡနဲ႔ဆက္စပ္တဲ့ မၾကာေသးခင္ကတိုးတက္မႈေတြနဲ႔ပတ္သက္တဲ့ အျမင္ေတြကိုမွ်ေဝခဲ့ၾကၿပီး ယူကရိန္းမွာၿငိမ္းခ်မ္းေရးဆိုင္ရာႀကိဳးပမ္းမႈေတြအတြက္ အိႏၵိယရဲ႕ေထာက္ခံမႈေတြကို မိုဒီက အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
မိုဒီရဲ႕႐ုံးထုတ္ျပန္ခ်က္မွာ "မိုဒီနဲ႔ ဇီလန္စကီးတို႔ဟာ အိႏၵိယ-ယူကရိန္း ႏွစ္ႏိုင္ငံမိတ္ဖက္ဆက္ဆံေရး တိုးတက္မႈကို ျပန္လည္သုံးသပ္ၿပီး အျပန္အလွန္ အက်ိဳးစီးပြားရွိတဲ့ နယ္ပယ္အားလုံးမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုတိုးျမႇင့္ဖို႔ နည္းလမ္းေတြကို ေဆြးေႏြးခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီးက "အပစ္အခတ္ရပ္စဲဖို႔ လိုအပ္တယ္ဆိုတဲ့အခ်က္နဲ႔ သံတမန္ေရးအတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ႐ုရွားက ရွင္းရွင္းလင္းလင္းအခ်က္ျပရမယ္ဆိုတဲ့အယူအဆကို မိုဒီက ေထာက္ခံပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.