ခေါင်းဆောင်တွေကြားတွေ့ဆုံမှုအတွက် ပြင်ဆင်ချိန်ကို ရုရှားက အသုံးချနေတယ်လို့ ယူကရိန်းသမ္မတပြော

 127

Pika (NP News) - စက်တင်ဘာ ၁
ရုရှားနိုင်ငံဟာ ယူကရိန်းအပေါ် ကြီးမားတဲ့တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ဖို့အတွက် နှစ်နိုင်ငံကြား ခေါင်းဆောင်တွေ တွေ့ဆုံမှုအတွက် ပြင်ဆင်ချိန်တွေကို အသုံးချနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “သံတမန်ဆက်ဆံရေးအတွက် အခွင့်အလမ်းပြတင်းပေါက်ကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ ရုရှားအပေါ်ထိရောက်မှုရှိတဲ့ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ပဲဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းအပေါ် တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်ဖို့ ခေါင်းဆောင်တွေကြားတွေ့ဆုံမှုအတွက် ပြင်ဆင် ချိန်ကို အသုံးချနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဇီလန်စကီးနဲ့ပူတင်တို့ကြားတွေ့ဆုံမှုအတွက် အချိန်အတိအကျကို လက်ရှိအချိန်အထိ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက တွန်းအားပေးခဲ့ပေမယ့်လည်း အဲဒီလိုမျိုးဆွေးနွေးပွဲအတွက် အစီအစဉ်တကျပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေခါင္းေဆာင္ေတြၾကားေတြ႕ဆုံမႈအတြက္ ျပင္ဆင္ခ်ိန္ကို ႐ုရွားက အသုံးခ်ေနတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - စက္တင္ဘာ ၁
႐ုရွားႏိုင္ငံဟာ ယူကရိန္းအေပၚ ႀကီးမားတဲ့တိုက္ခိုက္မႈအသစ္ေတြ လုပ္ေဆာင္ဖို႔အတြက္ ႏွစ္ႏိုင္ငံၾကား ေခါင္းေဆာင္ေတြ ေတြ႕ဆုံမႈအတြက္ ျပင္ဆင္ခ်ိန္ေတြကို အသုံးခ်ေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “သံတမန္ဆက္ဆံေရးအတြက္ အခြင့္အလမ္းျပတင္းေပါက္ကို ျပန္လည္ဖြင့္လွစ္ဖို႔အတြက္ တစ္ခုတည္းေသာနည္းလမ္းဟာ ႐ုရွားအေပၚထိေရာက္မႈရွိတဲ့ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ဖို႔ပဲျဖစ္ပါတယ္။ ႐ုရွားဟာ ယူကရိန္းအေပၚ တိုက္ခိုက္မႈအသစ္ေတြလုပ္ေဆာင္ဖို႔ ေခါင္းေဆာင္ေတြၾကားေတြ႕ဆုံမႈအတြက္ ျပင္ဆင္ ခ်ိန္ကို အသုံးခ်ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဇီလန္စကီးနဲ႔ပူတင္တို႔ၾကားေတြ႕ဆုံမႈအတြက္ အခ်ိန္အတိအက်ကို လက္ရွိအခ်ိန္အထိ ထုတ္ျပန္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ပူတင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက တြန္းအားေပးခဲ့ေပမယ့္လည္း အဲဒီလိုမ်ိဳးေဆြးေႏြးပြဲအတြက္ အစီအစဥ္တက်ျပင္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.