ကျားဖြူပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်း ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် FPTP စနစ် ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

302

သန့်ဇင်(NP News)-စက်တင်ဘာ ၁
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်ပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းသည် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် နိုင်သူအကုန်ယူ (FPTP) စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းက ယမန်နေ့(ဩဂုတ်လ ၃၁ရက်) မွန်းလွဲ (၁၂) နာရီတွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင် ကျင်းပသော ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ( ကျားဖြူပါတီ ) ဗဟိုဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တိုင်းနှင့်ပြည်နယ်များမှ ပါတီခေါင်းဆောင် များ တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ ကြောင်း သိရသည်။
“ကျွန်တော်က ပဲခူးတိုင်းမှာ FPTP အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်မှာ။ အမျိုးသားလွှတ်တော်မှာ FPTP ဝင်ပြိုင်တယ် ဆိုရင် အမျိုးသားလွှတ်တော်ဖြစ်ချင်တာပေါ့။ အမျိုးသားလွှတ်တော်ကို ရောက်သွား ရင်တော့ ဒါကတော့ ဆက်လက်စောင့်ကြည့်ရမှာပေါ့”ဟု ဦးစိုင်းအိုက်ပေါင်းက NP News ကိုပြောသည်။
၂၀၂၅-၂၀၂၆ ခုနှစ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် မဲအများဆုံးရသူ နိုင်သူ အကုန်ယူ ( FPTP )စနစ် ဖြင့်ကျင်းပမည့် မဲဆန္ဒနယ် (၈၄) နယ်ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
က်ားျဖဴပါတီဥကၠ႒ဦးစိုင္းအိုက္ေပါင္း ပဲခူးတိုင္းေဒသႀကီးအမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္တြင္ FPTP စနစ္ ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္
သန႔္ဇင္(NP News)-စက္တင္ဘာ ၁
ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္ပါတီဥကၠ႒ဦးစိုင္းအိုက္ေပါင္းသည္ ပဲခူးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္တြင္ ႏိုင္သူအကုန္ယူ (FPTP) စနစ္ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
၎က ယမန္ေန႔(ဩဂုတ္လ ၃၁ရက္) မြန္းလြဲ (၁၂) နာရီတြင္ ပဲခူးၿမိဳ႕၊ မဇင္းရပ္ကြက္တြင္ က်င္းပေသာ ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုက ရက္တစ္ပါတီ( က်ားျဖဴပါတီ ) ဗဟိုဥကၠ႒အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားႏွင့္ တိုင္းႏွင့္ျပည္နယ္မ်ားမွ ပါတီေခါင္းေဆာင္ မ်ား ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ေၾကာင္း သိရသည္။
“ကြၽန္ေတာ္က ပဲခူးတိုင္းမွာ FPTP အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဝင္ၿပိဳင္မွာ။ အမ်ိဳးသားလႊတ္ေတာ္မွာ FPTP ဝင္ၿပိဳင္တယ္ ဆိုရင္ အမ်ိဳးသားလႊတ္ေတာ္ျဖစ္ခ်င္တာေပါ့။ အမ်ိဳးသားလႊတ္ေတာ္ကို ေရာက္သြား ရင္ေတာ့ ဒါကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာေပါ့”ဟု ဦးစိုင္းအိုက္ေပါင္းက NP News ကိုေျပာသည္။
၂၀၂၅-၂၀၂၆ ခုႏွစ္တြင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲအမ်ားဆုံးရသူ ႏိုင္သူ အကုန္ယူ ( FPTP )စနစ္ ျဖင့္က်င္းပမည့္ မဲဆႏၵနယ္ (၈၄) နယ္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။