အနောက်အာဖရိကကမ်းလွန်မှာ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၇ဝ)ဦး သေဆုံး

237

Pika (NP News) - စက်တင်ဘာ ၁
အနောက်အာဖရိကကမ်းရိုးတမ်းရဲ့ကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကိုတင်ဆောင်လာတဲ့ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၇၀)ဦးသေဆုံးခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဥရောပကိုရွှေ့ပြောင်းကြတဲ့လမ်းကြောင်းတစ်လျှောက် လူအသေ အပျောက်အများဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂမ်ဘီယာနိုင်ငံသားတွေနဲ့ ဆီနီဂေါ နိုင်ငံသားတွေကို တင်ဆောင်လာတဲ့သင်္ဘောဟာ ဂမ်ဘီယာနိုင်ငံကနေ ထွက်ခွာခဲ့ပြီးနောက် မော်ရီတေးနီးယား ကမ်းလွန်မှာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ ခရီးသည်(၁၅၀)ဦးခန့်ကို တင်ဆောင်လာတာဖြစ်ပြီး ၎င်းတို့အနက်(၁၆)ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေဟာ လက်ရှိအချိန်အထိ ရုပ်အလောင်း(၇၀)လောင်းကိုသာ ပြန်လည်ဆယ်ယူနိုင်သေးပြီး လူပေါင်း(၁၀၀)ကျော် သေဆုံးနိုင်ဖွယ်ရှိနေ တယ်လို့ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အာဖရိကအနောက်ဘက်ကမ်းရိုးတန်းကနေ Canary ကျွန်းစုတွေဆီကိုသွားလာတဲ့ အတ္တလန်တိတ်ရွှေ့ပြောင်း သွားလာမှုလမ်းကြောင်းဟာ စပိန်ကိုရောက်ရှိဖို့ကြိုးစားနေတဲ့အာဖရိကရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံး အသုံးပြုကြလေ့ရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေနာက္အာဖရိကကမ္းလြန္မွာ သေဘၤာတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၇ဝ)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၁
အေနာက္အာဖရိကကမ္း႐ိုးတမ္းရဲ႕ကမ္းလြန္ပင္လယ္ျပင္မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကိုတင္ေဆာင္လာတဲ့ သေဘၤာတစ္စီးတိမ္းေမွာက္ခဲ့ရာ အနည္းဆုံးလူ(၇၀)ဦးေသဆုံးခဲ့တယ္လို႔ ဂမ္ဘီယာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဥေရာပကိုေ႐ႊ႕ေျပာင္းၾကတဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ လူအေသ အေပ်ာက္အမ်ားဆုံးျဖစ္ရပ္ေတြထဲက တစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဂမ္ဘီယာႏိုင္ငံသားေတြနဲ႔ ဆီနီေဂါ ႏိုင္ငံသားေတြကို တင္ေဆာင္လာတဲ့သေဘၤာဟာ ဂမ္ဘီယာႏိုင္ငံကေန ထြက္ခြာခဲ့ၿပီးေနာက္ ေမာ္ရီေတးနီးယား ကမ္းလြန္မွာ တိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔ ဂမ္ဘီယာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီသေဘၤာဟာ ခရီးသည္(၁၅၀)ဦးခန႔္ကို တင္ေဆာင္လာတာျဖစ္ၿပီး ၎တို႔အနက္(၁၆)ဦးကိုသာ ကယ္ဆယ္ႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ သေဘၤာတိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အာဏာပိုင္ေတြဟာ လက္ရွိအခ်ိန္အထိ ႐ုပ္အေလာင္း(၇၀)ေလာင္းကိုသာ ျပန္လည္ဆယ္ယူႏိုင္ေသးၿပီး လူေပါင္း(၁၀၀)ေက်ာ္ ေသဆုံးႏိုင္ဖြယ္ရွိေန တယ္လို႔ ဂမ္ဘီယာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အာဖရိကအေနာက္ဘက္ကမ္း႐ိုးတန္းကေန Canary ကြၽန္းစုေတြဆီကိုသြားလာတဲ့ အတၱလန္တိတ္ေ႐ႊ႕ေျပာင္းသြားလာမႈလမ္းေၾကာင္းဟာ စပိန္ကိုေရာက္ရွိဖို႔ႀကိဳးစားေနတဲ့အာဖရိကေ႐ႊ႕ေျပာင္းေနထိုင္သူေတြ အမ်ားဆုံး အသုံးျပဳၾကေလ့ရွိတဲ့လမ္းေၾကာင္းတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။