အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း ဝန်ကြီးချုပ်သေဆုံးခဲ့မှုအတွက် လက်စားချေသွားမယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ကတိပြု

194

Pika (NP News) - စက်တင်ဘာ ၁
ယခုသီတင်းပတ်အတွင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားခဲ့တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ ဝန်ကြီးချုပ်နဲ့အခြားနိုင်ငံရေးခေါင်းဆောင်တွေအတွက် အစ္စရေးကို ပြန်လည်လက်စားချေသွားမယ်လို့ ယီမင် အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုပြောဆိုခဲ့ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့အကြီးအကဲ Mahdi al-Mashat က “အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေအားလုံးအတွက် ပြန်လည်လက်စားချေပေးသွားမယ်လို့ ကျွန်တော်တို့ကတိပြုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အချိန်မနှောင်းခင် အစ္စရေးကနေထွက်ခွာကြဖို့ နိုင်ငံခြားကုမ္ပဏီတွေကို Mahdi al-Mashat က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ၎င်းတို့ရဲ့ဝန်ကြီးချုပ် သေဆုံးသွားခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ဩဂုတ်လ(၃၀)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုလိုသတိပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ Ahmed Ghaleb Nasser Al-Rahawi ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါ တယ်။ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတယ်လို့ပြောဆိုခဲ့တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကတည်းက နေ့စဉ်နီးပါးဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးရဲ႕တိုက္ခိုက္မႈေတြအတြင္း ဝန္ႀကီးခ်ဳပ္ေသဆုံးခဲ့မႈအတြက္ လက္စားေခ်သြားမယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ကတိျပဳ
Pika (NP News) - စက္တင္ဘာ ၁
ယခုသီတင္းပတ္အတြင္း အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသြားခဲ့တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ ဝန္ႀကီးခ်ဳပ္နဲ႔အျခားႏိုင္ငံေရးေခါင္းေဆာင္ေတြအတြက္ အစၥေရးကို ျပန္လည္လက္စားေခ်သြားမယ္လို႔ ယီမင္ အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က ကတိျပဳေျပာဆိုခဲ့ပါတယ္။
ဟူသီလက္နက္ကိုင္အဖြဲ႕အႀကီးအကဲ Mahdi al-Mashat က “အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသြားခဲ့တဲ့ လူေတြအားလုံးအတြက္ ျပန္လည္လက္စားေခ်ေပးသြားမယ္လို႔ ကြၽန္ေတာ္တို႔ကတိျပဳပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အခ်ိန္မေႏွာင္းခင္ အစၥေရးကေနထြက္ခြာၾကဖို႔ ႏိုင္ငံျခားကုမၸဏီေတြကို Mahdi al-Mashat က သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း ၎တို႔ရဲ႕ဝန္ႀကီးခ်ဳပ္ ေသဆုံးသြားခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ၿပီးခဲ့တဲ့ဩဂုတ္လ(၃၀)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုသတိေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ Ahmed Ghaleb Nasser Al-Rahawi ဟာ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။ ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတယ္လို႔ေျပာဆိုခဲ့တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕နဲ႔ အစၥေရးတို႔ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြဟာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ကတည္းက ေန႔စဥ္နီးပါးျဖစ္ပြားလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။