ကော့နွဲ့တံတား ပြန်လည်ပြုပြင်ရေးအဖွဲ့ကို Suicide Drone ဖြင့်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး

 593

သန့်ဇင် ( NP News )-စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်ရှိ KNU၊ PDFပူးပေါင်းအဖွဲ့ မိုင်းထောင်ဖျက်ဆီးခဲ့‌သော ကော့နွဲ့တံတားပြုပြင်ရေးအဖွဲ့အား Suicide Drone ဖြင့်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU ၊ PDF အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ (၄၀) ရှိ သံကူကွန်ကရစ် အမျိုးအစား ကော့နွဲ့တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့‌ကြောင်း သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး အများပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကော့နွဲ့တံတား ပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သည့် အင်ဂျင်နီယာ ၁ ဦးနှင့် လုပ်သား ၂၆ ဦးတို့သည် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့ (စက်တင်ဘာ ၁ ရက်)၊ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တံတား၏ အနောက်မြောက်ဘက်မီတာ ၃၆၀၀ ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏ တောင်ဘက်မီတာ ၃၇၀၀ ခန့်အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone (၂)စင်းဖြင့် တံတားလုပ်ငန်းဆောင်ရွက်နေသူများအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ KNU ၊ PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား (၁) ဦးသေဆုံးကာ၊ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ကနဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လမ်း၊ တံတားများအား ဖျက်ဆီးခြင်းသည်ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကို များစွာထိခိုက်နစ်နာစေလျက်ရှိသဖြင့် ဒေသခံပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိပဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်သမားများအား အရေးယူတုန့်ပြန်နိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version

ေကာ့ႏြဲ႕တံတား ျပန္လည္ျပဳျပင္ေရးအဖြဲ႕ကို Suicide Drone ျဖင့္တိုက္ခိုက္မႈေၾကာင့္ တစ္ဦးေသဆုံး

သန႔္ဇင္ ( NP News )-စက္တင္ဘာ ၁

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ အာရွလမ္းမႀကီးေပၚရွိ KNU၊ PDFပူးေပါင္းအဖြဲ႕ မိုင္းေထာင္ဖ်က္ဆီးခဲ့‌ေသာ ေကာ့ႏြဲ႕တံတားျပဳျပင္ေရးအဖြဲ႕အား Suicide Drone ျဖင့္တိုက္ခိုက္မႈေၾကာင့္ တစ္ဦးေသဆုံးကာ (၈) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

KNU ၊ PDF အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅)ရက္တြင္ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊ ေကာ့ကရိတ္-ျမဝတီသြား အာရွလမ္းမႀကီးေပၚရွိ ေကာ့ႏြဲ႕ေက်း႐ြာအနီး အရွည္ ၁၉၆ ေပ၊ အက်ယ္ေပ (၄၀) ရွိ သံကူကြန္ကရစ္ အမ်ိဳးအစား ေကာ့ႏြဲ႕တံတားအား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့‌ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့မႈေၾကာင့္ ကုန္စည္စီးဆင္းမႈမ်ား ရပ္တန႔္ခဲ့ရၿပီး အမ်ားျပည္သူမ်ား သြားလာေရးအခက္အခဲမ်ားျဖစ္ေပၚခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္အစိုးရက ေဒသခံျပည္သူမ်ား၏ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈ အဆင္ေျပေခ်ာေမြ႕ေစေရး ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိရာ ေကာ့ႏြဲ႕တံတား ျပန္လည္ျပဳျပင္ေရး တံတားအထူးအဖြဲ႕မွ ဒုတိယၫႊန္ၾကားေရးမႉးဦးေဆာင္သည့္ အင္ဂ်င္နီယာ ၁ ဦးႏွင့္ လုပ္သား ၂၆ ဦးတို႔သည္ တံတားျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ ယေန႔ (စက္တင္ဘာ ၁ ရက္)၊ မြန္းလြဲ ၁ နာရီ မိနစ္ ၃၀ ခန႔္တြင္ KNU ႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက တံတား၏ အေနာက္ေျမာက္ဘက္မီတာ ၃၆၀၀ ခန႔္အကြာရွိ ပ်ားပင္ေက်း႐ြာေနရာႏွင့္ တံတား၏ ေတာင္ဘက္မီတာ ၃၇၀၀ ခန႔္အကြာရွိ ၿမိဳ႕ေဟာင္းေက်း႐ြာေနရာတို႔မွ Suicide Drone (၂)စင္းျဖင့္ တံတားလုပ္ငန္းေဆာင္႐ြက္ေနသူမ်ားအား တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ KNU ၊ PDF ပူးေပါင္းအဖြဲ႕၏ တိုက္ခိုက္ခံရမႈေၾကာင့္ တံတားလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ အမ်ိဳးသား (၁) ဦးေသဆုံးကာ၊ (၈) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ျဖစ္ပြားရာ ေနရာတစ္ဝိုက္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေကာ့ကရိတ္ၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ပို႔ေဆာင္၍ ကနဦးေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးခဲ့ကာ ဘားအံၿမိဳ႕ရွိ ေတာင္ကေလးေဆး႐ုံသို႔ ဆက္လက္ပို႔ေဆာင္ေဆးကုသႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးခဲ့‌ေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ားအေနျဖင့္ စစ္ေရးႏွင့္သက္ဆိုင္ျခင္းမရွိေသာ လမ္း၊ တံတားမ်ားအား ဖ်က္ဆီးျခင္းသည္ေဒသႏွင့္ ေဒသခံမ်ား၏ လူမႈစီးပြားဘဝမ်ားကို မ်ားစြာထိခိုက္နစ္နာေစလ်က္ရွိသျဖင့္ ေဒသခံျပည္သူလူထုက လုံးဝလက္ခံႏိုင္ျခင္းမရွိပဲ ကန႔္ကြက္ရႈံ႕ခ်လ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံးေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လည္း အၾကမ္းဖက္သမားမ်ားအား အေရးယူတုန႔္ျပန္ႏိုင္ေရး လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.