မက္ကဆီကိုနိုင်ငံတွင် ကျင်းပခဲ့သည့်ပွဲတော် ကမ္ဘာ့ဂင်းနစ်စံချိန်(၃)ခုကို ချိုးဖျက်နိုင်ခဲ့

 702

NP News - စက်တင်ဘာ ၂
မက္ကဆီကိုနိုင်ငံ Nuevo León ပြည်နယ် Guadalupe မြို့တွင်ကျင်းပသောပွဲတော်တစ်ခုသည် အချိန်တစ်နာရီအတွင်း tacos အစားအစာပေါင်း(၁၃၂၁၅)ပွဲကို ဝန်ဆောင်မှုပေးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်သုံးခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပွဲတော်သည် ကမ္ဘာ့အကြီးဆုံးမွှေကြော်ချက်ပြုတ်မှု၊ ကမ္ဘာ့အကြီးဆုံး အကြော်အိုးနှင့် အချိန်တစ်နာရီအတွင်း tacos အစားအစာ အများဆုံးဝန်ဆောင်မှုပေးခြင်းတို့အတွက် ဂင်းနစ်စံချိန်များ ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Guadalupe မြို့တွင်ကျင်းပခဲ့သော La Discada 2025 ပွဲတော်တွင် ကျောင်းသား (၁၀ဝ)ဦးပါဝင်သောအဖွဲ့သည် ဝက်အူချောင်း၊ အမဲသား၊ ဝက်ဆားနယ် ခြောက်၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်နီနှင့် ဘီယာတို့ ပါဝင်သော la discada အစားအစာကို ချက်ပြုတ်ရန်အတွက် အချင်း(၂၃)ပေရှိသော အကြော်အိုးကို အသုံးပြုခဲ့ကြကြောင်းသိရသည်။
ထို့နောက် ထင်းမီးဖြင့် အချိန် (၃)နာရီနှင့် (၄၀)မိနစ်ကြာ ချက်ပြုတ်ခဲ့သော အလေးချိန် (၅၃၃၁) ပေါင်ရှိအစား အစာများကို ပွဲတော်သို့တက်ရောက်ခဲ့ သောလူ (၁၀ဝဝဝ)အတွက် ဝန်ဆောင်မှုပေးခဲ့ပြီး နောက် ယခုကဲ့သို့ ဂင်းနစ်စံချိန်များ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နောက်ပိုင်းတွင် ပွဲတော်မှကျန်ရှိသော tacos အစားအစာများကို ပြည်တွင်းရှိစားနပ်ရိက္ခာ အဖွဲ့ အစည်းများသို့ လှူဒါန်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပွဲတော်တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ကျင်းပခဲ့တဲ့ပွဲတော်က ကမ္ဘာ့ဂင်း နစ်စံချိန်(၃)ခုကို ချိုးဖျက်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာမိ ပါတယ်” ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

Zawgyi Version:
မကၠဆီကိုႏိုင္ငံတြင္ က်င္းပခဲ့သည့္ပြဲေတာ္ ကမာၻ႔ဂင္းနစ္စံခ်ိန္(၃)ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့
NP News - စက္တင္ဘာ ၂
မကၠဆီကိုႏိုင္ငံ Nuevo León ျပည္နယ္ Guadalupe ၿမိဳ႕တြင္က်င္းပေသာပြဲေတာ္တစ္ခုသည္ အခ်ိန္တစ္နာရီအတြင္း tacos အစားအစာေပါင္း(၁၃၂၁၅)ပြဲကို ဝန္ေဆာင္မႈေပးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္သုံးခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ပြဲေတာ္သည္ ကမာၻ႔အႀကီးဆုံးေမႊေၾကာ္ခ်က္ျပဳတ္မႈ၊ ကမာၻ႔အႀကီးဆုံး အေၾကာ္အိုးႏွင့္ အခ်ိန္တစ္နာရီအတြင္း tacos အစားအစာ အမ်ားဆုံးဝန္ေဆာင္မႈေပးျခင္းတို႔အတြက္ ဂင္းနစ္စံခ်ိန္မ်ား ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Guadalupe ၿမိဳ႕တြင္က်င္းပခဲ့ေသာ La Discada 2025 ပြဲေတာ္တြင္ ေက်ာင္းသား (၁၀ဝ)ဦးပါဝင္ေသာအဖြဲ႕သည္ ဝက္အူေခ်ာင္း၊ အမဲသား၊ ဝက္ဆားနယ္ ေျခာက္၊ ခရမ္းခ်ဥ္သီး၊ င႐ုတ္ေကာင္း၊ ၾကက္သြန္နီႏွင့္ ဘီယာတို႔ ပါဝင္ေသာ la discada အစားအစာကို ခ်က္ျပဳတ္ရန္အတြက္ အခ်င္း(၂၃)ေပရွိေသာ အေၾကာ္အိုးကို အသုံးျပဳခဲ့ၾကေၾကာင္းသိရသည္။
ထို႔ေနာက္ ထင္းမီးျဖင့္ အခ်ိန္ (၃)နာရီႏွင့္ (၄၀)မိနစ္ၾကာ ခ်က္ျပဳတ္ခဲ့ေသာ အေလးခ်ိန္ (၅၃၃၁) ေပါင္ရွိအစား အစာမ်ားကို ပြဲေတာ္သို႔တက္ေရာက္ခဲ့ ေသာလူ (၁၀ဝဝဝ)အတြက္ ဝန္ေဆာင္မႈေပးခဲ့ၿပီး ေနာက္ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္မ်ား ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေနာက္ပိုင္းတြင္ ပြဲေတာ္မွက်န္ရွိေသာ tacos အစားအစာမ်ားကို ျပည္တြင္းရွိစားနပ္ရိကၡာ အဖြဲ႕ အစည္းမ်ားသို႔ လႉဒါန္းခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ပြဲေတာ္တာဝန္ရွိသူတစ္ဦးက “ကြၽန္ေတာ္တို႔က်င္းပခဲ့တဲ့ပြဲေတာ္က ကမာၻ႔ဂင္း နစ္စံခ်ိန္(၃)ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့လို႔ တကယ္ကို ဝမ္းသာမိ ပါတယ္” ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.