လက်နက်ကိုင်ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာဆုံးရှုံးနေပြီး အချို့မှာ ပျောက်ကွယ်မည့်အရေး စိုးရိမ်ရ

452

သက်ပိုင် (NP News) - စက်တင်ဘာ ၂
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာဆုံး ရှုံးနေပြီး အချို့မှာ ပျောက်ကွယ်မည့်အရေး စိုးရိမ်နေရကြောင်း သုတေသီများနှင့် ပညာရှင်များက NP News က တစ်ဆင့် ထောက်ပြပြောကြားသည်။
နိုင်ငံ၏ အထင်ကရသမိုင်းဝင်နေရာများ ဖြစ်သည့် ဂုတ်ထိပ်တံတား၊ ဧရာဝတီမြစ်၊ အင်းတော် ကြီး၊ အလောင်းတော်ကဿပ နှင့် အခြားသော ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုများမှာ လက်နက်ကိုင် သောင်း ကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ဂုတ်ထိပ်တံတားကိုဆိုရင်လည်း မိုင်းခွဲ ဖျက်ဆီးခံလိုက်ရတာ ရှိတယ်။ ဧရာဝတီမြစ်ကြီးဆိုရင် လည်း ရွှေမျောပေါင်း သောင်းခြောက်ထောင်နဲ့ ဖျက်ဆီးနေတယ်။ အင်းတော်ကြီးဆိုရင်လည်း KIA က ရွှေတွေတူးပြီး ဖျက်ဆီးနေတယ်။ အလောင်းတော် ကဿပဆိုရင်လည်း ဘာသစ်ပင်မှ မကျန်တော့ဘူး။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူတွေအတွက် ဆုံးရှုံးမှုတွေပါပဲ။ ဒါတွေဟာ အစားထိုးလို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီလိုလုပ်နေတဲ့ လက်နက်ကိုင်တွေ ဟာ လုံးဝမလုပ်သင့်တဲ့အရာကို လုပ်တာပါပဲ” ဟု အမည်မဖော်လိုသည့် သုတေသီတစ်ဦးက ပြောသည်။ ထို့ပြင် လက်နက်ကိုင်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများစွာ စစ်ဘေးတိမ်းရှောင်ကြရသည့်အတွက် ယင်းဒေသရှိ ဒြပ်မဲ့ ယဉ်ကျေး မှုများမှာ ပျောက်ဆုံး ပျက်စီးနိုင်ခြေများရှိနေပြီး အချို့မှာ ပျောက်ပျက်သွားပြီဖြစ်ကြောင်း မြတ်တော်ဝင် မြန်မာမှုလုပ်ငန်းတည်ထောင်သူ ထိပ်တင်စည်သူဟိန်းက ဆိုသည်။
“ဒြပ်မဲ့ပိုင်းဆိုရင် တချို့ဘုရားပွဲတော်အစဉ်အလာတွေ ပျောက်ပျက်ပျက်စီးကုန်တယ်။ စစ်ဘေး ကြောင့် ပြေးကြလွှားကြတဲ့အခါ ရက်ကန်းခတ် ခြင်းအတတ်ပညာလိုမျိုးဆိုရင်လည်း လက်ဆင့်ကမ်း မသင်ကြားနိုင်တော့တာမျိုးပေါ့။ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ထုံးတမ်းဓလေ့တွေဟာ ဒီကိစ္စတွေ ကြာရှည်လာတာနဲ့ မေ့လျော့ပျောက်ကွယ်သွားတတ်တော့ ဒါတွေဟာ ဒြပ်မဲ့ယဉ်ကျေးမှုတွေ ပျောက်ဆုံး တာပါပဲ”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်သောင်း ကျန်းသူများ၏ လုပ်ရပ်များကြောင့် အဓိကဆုံးရှုံးနေ သူများမှာ ပြည်သူများသာဖြစ်ကြောင်းနှင့် ၎င်းတို့ဖျက်ဆီးလိုက်သည့်အကျိုးဆက်များကိုလည်း ပြည်သူ များက လည်စင်းခံနေကြရကြောင်း သဘာဝပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။
“သူတို့က သူတို့လူတစ်စုစာအတွက် မြန်မာနိုင်ငံရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးကြတာ။ ဒါပေမဲ့ တကယ်တမ်းခံရရင် ပြည်သူတစ်ရပ်လုံးက ဆုံးရှုံးနစ်နာရတာပဲ။ ဧရာဝတီမြစ်အထက်ပိုင်းကနေစပြီး အလယ်ပိုင်းအထိရွှေတူးတယ်။ အဲဒီကရတဲ့ အကျိုးအမြတ်ကသူတို့ရတာ။ နောက်ဆက်တွဲဆိုးကျိုးက ပြည်သူတွေပဲခံရမှာ၊ နောက်ပြီး လက်နက်အားကိုးနဲ့ သစ်တွေကိုအပြောင်ခုတ်ကြတယ်။ မိုးရွာတော့ ရေဒလဟောဆင်းပြီး ပြည်သူတွေပဲ ရေကြီးမှုဒဏ် ကိုခံရတယ်။ဒါက အဖြေပါပဲ” ဟု ၎င်းက ရှင်းပြ သည်။ နှစ်ပေါင်း (၁၂၅)နှစ်သက်တမ်းရှိ ကမ္ဘာ ကျော်ဂုတ်ထိပ်တံတားကို TNLA တို့က ဩဂုတ်လ (၂၄) ရက်၊ နံနက်ပိုင်းကမိုင်းထောင် ဖောက်ခွဲခဲ့ပြီး ထိုလုပ်ရပ်အပေါ် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်း (၂၀) ကျော်က ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

Zawgyi Version:
လက္နက္ကိုင္ပဋိပကၡေၾကာင့္ ျမန္မာႏိုင္ငံ၏ ျဒပ္ရွိ၊ ျဒပ္မဲ့ ယဥ္ေက်းမႈအေမြအႏွစ္မ်ားစြာဆုံးရႈံးေနၿပီး အခ်ိဳ႕မွာ ေပ်ာက္ကြယ္မည့္အေရး စိုးရိမ္ရ
သက္ပိုင္ (NP News) - စက္တင္ဘာ ၂
လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ ျဒပ္ရွိ၊ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားစြာဆုံး ရႈံးေနၿပီး အခ်ိဳ႕မွာ ေပ်ာက္ကြယ္မည့္အေရး စိုးရိမ္ေနရေၾကာင္း သုေတသီမ်ားႏွင့္ ပညာရွင္မ်ားက NP News က တစ္ဆင့္ ေထာက္ျပေျပာၾကားသည္။
ႏိုင္ငံ၏ အထင္ကရသမိုင္းဝင္ေနရာမ်ား ျဖစ္သည့္ ဂုတ္ထိပ္တံတား၊ ဧရာဝတီျမစ္၊ အင္းေတာ္ ႀကီး၊ အေလာင္းေတာ္ကႆပ ႏွင့္ အျခားေသာ ျဒပ္ရွိ၊ျဒပ္မဲ့ယဥ္ေက်းမႈမ်ားမွာ လက္နက္ကိုင္ ေသာင္း က်န္းသူမ်ား၏ ဖ်က္ဆီးမႈေၾကာင့္ ဆုံးရႈံးမႈမ်ားစြာျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
“ဂုတ္ထိပ္တံတားကိုဆိုရင္လည္း မိုင္းခြဲ ဖ်က္ဆီးခံလိုက္ရတာ ရွိတယ္။ ဧရာဝတီျမစ္ႀကီးဆိုရင္ လည္း ေ႐ႊေမ်ာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ဖ်က္ဆီးေနတယ္။ အင္းေတာ္ႀကီးဆိုရင္လည္း KIA က ေ႐ႊေတြတူးၿပီး ဖ်က္ဆီးေနတယ္။ အေလာင္းေတာ္ ကႆပဆိုရင္လည္း ဘာသစ္ပင္မွ မက်န္ေတာ့ဘူး။ ဒါေတြဟာ ကြၽန္ေတာ္တို႔ျပည္သူေတြအတြက္ ဆုံးရႈံးမႈေတြပါပဲ။ ဒါေတြဟာ အစားထိုးလို႔ရတဲ့အရာေတြ မဟုတ္ပါဘူး။ ဒီလိုလုပ္ေနတဲ့ လက္နက္ကိုင္ေတြ ဟာ လုံးဝမလုပ္သင့္တဲ့အရာကို လုပ္တာပါပဲ” ဟု အမည္မေဖာ္လိုသည့္ သုေတသီတစ္ဦးက ေျပာသည္။ ထို႔ျပင္ လက္နက္ကိုင္ေသာင္းက်န္းသူမ်ား၏ တိုက္ခိုက္မႈေၾကာင့္ ေဒသခံမ်ားစြာ စစ္ေဘးတိမ္းေရွာင္ၾကရသည့္အတြက္ ယင္းေဒသရွိ ျဒပ္မဲ့ ယဥ္ေက်း မႈမ်ားမွာ ေပ်ာက္ဆုံး ပ်က္စီးႏိုင္ေျခမ်ားရွိေနၿပီး အခ်ိဳ႕မွာ ေပ်ာက္ပ်က္သြားၿပီျဖစ္ေၾကာင္း ျမတ္ေတာ္ဝင္ ျမန္မာမႈလုပ္ငန္းတည္ေထာင္သူ ထိပ္တင္စည္သူဟိန္းက ဆိုသည္။
“ျဒပ္မဲ့ပိုင္းဆိုရင္ တခ်ိဳ႕ဘုရားပြဲေတာ္အစဥ္အလာေတြ ေပ်ာက္ပ်က္ပ်က္စီးကုန္တယ္။ စစ္ေဘး ေၾကာင့္ ေျပးၾကလႊားၾကတဲ့အခါ ရက္ကန္းခတ္ ျခင္းအတတ္ပညာလိုမ်ိဳးဆိုရင္လည္း လက္ဆင့္ကမ္း မသင္ၾကားႏိုင္ေတာ့တာမ်ိဳးေပါ့။ ေခတ္အဆက္ဆက္ က်င့္သုံးခဲ့တဲ့ ထုံးတမ္းဓေလ့ေတြဟာ ဒီကိစၥေတြ ၾကာရွည္လာတာနဲ႔ ေမ့ေလ်ာ့ေပ်ာက္ကြယ္သြားတတ္ေတာ့ ဒါေတြဟာ ျဒပ္မဲ့ယဥ္ေက်းမႈေတြ ေပ်ာက္ဆုံး တာပါပဲ”ဟု ၎က ေျပာသည္။
လက္ရွိအခ်ိန္တြင္ လက္နက္ကိုင္ေသာင္း က်န္းသူမ်ား၏ လုပ္ရပ္မ်ားေၾကာင့္ အဓိကဆုံးရႈံးေန သူမ်ားမွာ ျပည္သူမ်ားသာျဖစ္ေၾကာင္းႏွင့္ ၎တို႔ဖ်က္ဆီးလိုက္သည့္အက်ိဳးဆက္မ်ားကိုလည္း ျပည္သူ မ်ားက လည္စင္းခံေနၾကရေၾကာင္း သဘာဝပတ္ဝန္းက်င္ အေရးတက္ႂကြလႈပ္ရွားသူတစ္ဦးကဆိုသည္။
“သူတို႔က သူတို႔လူတစ္စုစာအတြက္ ျမန္မာႏိုင္ငံရဲ႕ အေမြအႏွစ္ေတြကို ဖ်က္ဆီးၾကတာ။ ဒါေပမဲ့ တကယ္တမ္းခံရရင္ ျပည္သူတစ္ရပ္လုံးက ဆုံးရႈံးနစ္နာရတာပဲ။ ဧရာဝတီျမစ္အထက္ပိုင္းကေနစၿပီး အလယ္ပိုင္းအထိေ႐ႊတူးတယ္။ အဲဒီကရတဲ့ အက်ိဳးအျမတ္ကသူတို႔ရတာ။ ေနာက္ဆက္တြဲဆိုးက်ိဳးက ျပည္သူေတြပဲခံရမွာ၊ ေနာက္ၿပီး လက္နက္အားကိုးနဲ႔ သစ္ေတြကိုအေျပာင္ခုတ္ၾကတယ္။ မိုး႐ြာေတာ့ ေရဒလေဟာဆင္းၿပီး ျပည္သူေတြပဲ ေရႀကီးမႈဒဏ္ ကိုခံရတယ္။ဒါက အေျဖပါပဲ” ဟု ၎က ရွင္းျပ သည္။ ႏွစ္ေပါင္း (၁၂၅)ႏွစ္သက္တမ္းရွိ ကမာၻ ေက်ာ္ဂုတ္ထိပ္တံတားကို TNLA တို႔က ဩဂုတ္လ (၂၄) ရက္၊ နံနက္ပိုင္းကမိုင္းေထာင္ ေဖာက္ခြဲခဲ့ၿပီး ထိုလုပ္ရပ္အေပၚ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းေပါင္း (၂၀) ေက်ာ္က ကန႔္ကြက္ရႈတ္ခ်ခဲ့ၾကသည္။