မြေရှားနိုင်ငံရေးနှင့်မြန်မာ့အနာဂတ်

 829

အောင်နိုင်သူ (ဇွဲကပင်) (NP News) - စက်တင်ဘာ ၂

မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွေကို အမေရိကန်ကလိုချင်ကြောင်း ဇူလိုင် (၁၇) ရက်ကပေါ်ထွက်လာသည့်သတင်းတစ်ပုဒ်ကြောင့် မီဒီယာလောကတွင် ပွက်လောရိုက်မှုများ ဖြစ် ပေါ်ခဲ့ရပါသည်။ မြန်မာ့မြေရှားသတ္တုကိုဝယ်ယူရန် အမေရိကန် ဒုတိယသမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၏ ရုံးအဖွဲ့အစည်းအဝေးတစ်ခု၌ ဂျိမ်းစ်ကက်စ်တီလိုက အမေရိကန်အနေဖြင့် တပ်မတော်နှင့် KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပေးမှုမျိုးလုပ်သင့်သည်ဟု အကြံပြုတိုက်တွန်းခဲ့သည်။ သူသည် မြန်မာနှင့် ပတ် သက်၍ အမေရိကန်၏ စီးပွားရေးဆိုင်ရာ မူဝါဒ အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူဟု သိရှိရသည်။
ထို့ပြင် ဂျိမ်းစ်ကက်စ်တီလိုက အမေရိကန်ဒုတိယသမ္မတဗန့်စ်၏ရုံးအဖွဲ့နှင့် ရင်းနှီးဆက်စပ်မှု ရှိသူဟု လည်းဆိုပြန်သည်။ ဤသတင်းကို မီဒီယာများတွင် ဇူလိုင်လအတွင်းက အပြိုင်အဆိုင် ရေးသား ဖော်ပြလာကြသည်။ သတင်းစာဆရာ၊ စာရေးဆရာ၊ မြန်မာ့အရေးကျွမ်းကျင်သူဟုလူသိများသည့် ဘန် တေးလစ်တ နာကတောင် တရုတ်နိုင်ငံ နှာခေါင်းပေါက်ထဲက မြေရှားသတ္တုကို အမေရိကန် ကလိုချင်မှု သည် စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်သည်ဟု ထုတ်ပြောလာသည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် တော့ ထိုသတင်းက ထပ်မံ ပေါ်ထွက်လာခြင်းမရှိဘဲ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသကဲ့သို့ဖြစ်ခဲ့ သည်။
သို့သော် ဘီဘီစီ မြန်မာပိုင်းသတင်းဌာနက ဩ ဂုတ်လ (၁၃)ရက်က သတင်းတစ်ပုဒ် ထပ်မံထုတ် လွှင့်ခဲ့ပြန်ပါသည်။ အဆိုပါသတင်းမှာ ဒုတိယကမ္ဘာ စစ်ကဖောက်လုပ်အသုံးပြုခဲ့သည့် လီဒိုလမ်းမ ဟောင်းကြီးကို အိန္ဒိယက ပြန်လည်ဖောက်လုပ်တော့မည်ဆိုသည့်သတင်းဖြစ်သည်။ ဤသတင်းက ဂွမ်မော်၏ ကလိမ်ကကျစ်ငြိမ်းချမ်းရေးသတင်းလောက် လူတို့စိတ်ဝင်စားမှုမရှိကြသော်လည်း ဤ သတင်း၏နောက်ကွယ်တွင် စိတ်ဝင်စားဖွယ်ရာ အကြောင်းတရားများစွာ ရှိနေသည်။ အခန့်မသင့်လျှင် မြန်မာ့အနာဂတ်ကို ရွှေရောင်လွှမ်းသကဲ့သို့ တောက်ပစေမည်ဖြစ်သလို စနစ်တကျ အသုံးမချနိုင်ပါက လည်း မြန်မာ့မြေတွင် စစ်မီးများ ကြီးထွားလာနိုင်သည်။ အဓိကအကြောင်းမှာ မြေရှားနိုင်ငံရေးကြောင့် ဤလမ်းကို အိန္ဒိယက ပြန်လည်ပြုပြင်ဖောက်လုပ်ခြင်းဖြစ်နိုင်သည်ဟု BBC သတင်းဌာနကပါ ထည့် သွင်းသုံးသပ်လာခြင်းကြောင့်ဖြစ်သည်။
ဤ လီဒိုလမ်းမဟောင်းကြီးကို အိန္ဒိယက အ ဘယ်ကြောင့် ပြန်လည်ဖောက်လုပ်ချင်ရပါသနည်း ဆိုသည်ကို စာရေးသူတို့ ဆန်းစစ်လေ့လာကြည့်ရန် လိုမည်ဖြစ်ပါသည်။ အိန္ဒိယ-မြန်မာ-တရုတ် (၃) နိုင် ငံအတွက် ဒုတိယကမ္ဘာစစ်အတွင်း အုပ်ချုပ်ထောက်ပံ့ မှုပြုလုပ်ရန်ဖောက်လုပ်ထားသည့် လီဒိုလမ်းမ ကြီးကို ပစ်ထားခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၈၀) နီး ပါးရှိပြီဖြစ်သည်။ လီဒိုလမ်းမကြီး၏ သမိုင်း ကြောင်း အနည်းအကျဉ်းကိုပြန်ဖော်ပြရလျှင် ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့တောင်အာရှ၊ မြန်မာ၊ တောင်အာ ရှနှင့် အရှေ့အာရှတို့အတွက် စစ်အတွင်း အလွန်အရေးပါသောလမ်းတစ်ခုဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
(၁၉၄၂) ခုနှစ် နှစ်ဦးပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်မှနေ၍ ဂျပန်အမှတ်(၁၅)တပ်တော် ဗိုလ်ချုပ် ကြီး ရှိုဂျီဂိုအီဒါးတပ်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) တို့သည် အင်္ဂလိပ်တို့ကိုတိုက်ထုတ်ရန် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် မြန်မာပြည်ရှိအင်္ဂလိပ်တပ်များကလည်း ဂျပန်တပ် များကိုခုခံရန် အင်အားမလုံလောက်သဖြင့် ချန်ကေရှိတ်၏ တရုတ်ဖြူတပ်များက တောင်ငူအထိဆင်းပြီး ခုခံပေး ခဲ့သည်။ သို့သော် ဂျပန်ထိုးစစ်ကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် အင်္ဂလိပ်တပ်များက အိန္ဒိယသို့ လည်းကောင်း တရုတ်တပ်များက တရုတ်သို့လည်းကောင်း အသီးသီးဆုတ်ခွာခဲ့ရသည်။
ထိုကာလတွင် အင်္ဂလိပ်တို့သည် ကမ္ဘာနှင့်အဝှမ်း စစ်မျက်နှာ အဖွင့်ခံထားရချိန်ဖြစ်သည်။ နေရာ အနှံ့ စစ်ရေးရလဒ် အရေးမလှဖြစ်နေသောအင်္ဂလိပ်တို့ သည် ၎င်းတို့ အုပ်ချုပ်ထောက်ပံ့မှုအတွက် အဓိက အားထားရာလမ်းကြောင်းတစ်ခုဖြစ်သည့် မလက္ကာရေလက်ကြားပါ ဂျပန်တို့လက်အောက်ကျရောက်ခဲ့ရ ပြန်သည်။ ထို့ကြောင့်အင်္ဂလိပ်နှင့် မဟာမိတ်တပ်များ အတွက် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့ကိုချိတ်ဆက်ရန် လမ်းကြောင်းတစ်ခု မဖြစ်မနေလိုအပ်လာသည်။
မလက္ကာရေလက်ကြားကျသွားသည့်အခါ ထောက်ပံ့ရေးလမ်းကြောင်းများအကျပ်ရိုက်သွားသည့် အင်္ဂလိပ်တို့ကို အမေရိကန်ဗိုလ်ချုပ်ကြီး စတီး ဝဲလ်က လမ်းကြောင်းတစ်ခုဖောက်လုပ်ရန် အကြံပြုခဲ့ သည်။ ယင်းမှာ အိန္ဒိယနိုင်ငံ လီဒိုမြို့မှ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်ပြည် ကူမင်းမြို့အထိဖောက်လုပ်မည့် လီဒိုလမ်းမကြီးကို အကြံပြုခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါလီဒိုလမ်းသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်အရှေ့အာရှအထိ ခရီး တွင်သဖြင့် စစ်အတွင်း အုပ်ချုပ်ထောက်ပံ့မှု ကောင်း စွာပြုလုပ်နိုင်ခြင်းကြောင့် မဟာမိတ်တပ်များက လက်ခံခဲ့ကြသည်။ ဤသို့ဖြင့် (၁၉၄၂) ဒီဇင်ဘာလတွင် သဘောတူမှုယူပြီး ဖောက်လုပ်ခဲ့သည်။ ဤလမ်း သည် စစ်အတွင်းကာလ နှစ်နှစ်ကျော်အကြာ ပြီးဆုံးပြီးနောက် (၁၉၄၅) ခုနှစ် ဇန်နဝါရီလ (၁၂)ရက်တွင် ယာဉ် (၁၁၃) စီးပါသည့်ရိက္ခာပို့ယာဉ်တန်းက တရုတ် နိုင်ငံ ကူမင်းမြို့သို့ စတင်ပြေးဆွဲနိုင်ခဲ့သည်။ ထိုအ ချိန်ကစ၍ ဒုတိယကမ္ဘာစစ်အတွင်း အဓိက အုပ်ချုပ် မှုလမ်းကြောင်းအဖြစ်အသုံးပြုခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အပြီး (၁၉၄၅)ခုနှစ် နိုဝင်ဘာလတွင် ရပ်နားထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
အမေရိကန် ဗိုလ်ချုပ်ကြီးစတီးဝဲလ် အကြံပြု၍ ဖောက်လုပ်ခဲ့သည့်ဤလမ်းကို စတီးဝဲလ်လမ်းဟု လည်းခေါ်ခဲ့ကြသည်။ အမေ့ခံဘဝဖြင့် နှစ်ပေါင်း(၈၀) မျှနေလာခဲ့ရသည့်ဤလမ်းသည် ယခုအခါ နိုင်ငံတ ကာသိလမ်းတစ်ခုဖြစ်လာတော့မည့်သဘော တွေ့မြင်လာရသည်။ အကြောင်းမှာ ဤဒေသရှိ မြေရှား သတ္တုများကို အမေရိကန်ကလိုချင်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အိန္ဒိယတွင်သန့်စင်မည်ဆိုသည့် သတင်းကလည်း ဤလီဒိုလမ်းမဟောင်းကြီးကို ပြန်လည်နိုးထစေခဲ့သည့် အချက်တစ်ချက်အနေဖြင့် ပါဝင်လိမ့်မည်ဟု ယူဆမိသည်။
ဇူလိုင်လ (၁၆ )ရက်ကလည်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အိန္ဒိ ယ တပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSMဦးဆောင် သောကိုယ် စားလှယ်အဖွဲ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက် တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအပြင် လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာဖြင့် ကျင်းပသွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်အောက်မှ လီဒိုလမ်းမဟောင်း ပြန်လည် ဖောက်လုပ်ရန်နှင့် မြေရှားသတ္တုကိစ္စရပ်များပါဝင်လိမ့် မည်ဟု BBC သတင်းဌာနအပါအဝင် နိုင်ငံရေး လေ့လာသူများက ခန့်မှန်းသုံးသပ်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ စင်ကာပူနိုင်ငံထက်ဧရိယာ ကြီးမားသည့် ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ပါဝင်သည့် ဤဒေသနှင့် မိုးမောက်မြို့နယ် တို့သည် ယနေ့ ကမ္ဘာ့သည်းခြေကြိုက်မြေရှားသတ္တုအများအပြားထွက်ရှိရာဒေသဖြစ်သည်။ မြေရှား သတ္တုရရှိရေးအတွက် ကမ္ဘာ့နိုင်ငံကြီးများက အပြင်းအထန်အားထုတ်နေကြသည်။
နိုင်ငံကြီးများ အပြိုင်အဆိုင်လိုချင်နေကြသော မြေရှားသတ္တုကြောင့် ခေတ်သစ်နိုင်ငံရေးကို မြေရှား နိုင်ငံရေးဟုပင်ခေါ်ရလောက်အောင် မြေရှားရတနာတစ်ပါး ဖြစ်လာနေသည်။ ထို့ကြောင့် မြေရှား သတ္တုနှင့် မြန်မာနိုင်ငံ၏ ပတ်သက်ဆက်စပ်မှုကိုလည်း သိရန်လိုမည်ဖြစ်သည်။
မြေရှားဒြပ်စင်များ (REEs) သည် ခေတ်မီနည်း ပညာများစွာအတွက် မရှိမဖြစ်လိုအပ်သော သတ္တု ဒြပ်စင် (၁၇)မျိုးပါရှိသော သတ္တုအုပ်စုတစ်ခုဖြစ်သည်။ ၎င်းတို့တွင် တူညီသောသတ္တုရိုင်းသိုက်များတွင် ဖြစ်ပေါ်လေ့ရှိပြီး လန်သနမ် (lanthanum) (၁၅)ခု၊ စ ကန်ဒီယမ် (scandium) နှင့် အီထရီယမ် (Yttrium) တို့ပါဝင်သည်။ REE များသည် စမတ်ဖုန်းများ၊ ကွန်ပျူတာဟာ့ဒ်ဒရိုက်များ၊ လျှပ်စစ်ကားများနှင့် မျက်နှာ ပြင်ပြားမော်နီတာများကဲ့သို့သော နည်းပညာမြင့်စက် ပစ္စည်းများထုတ်လုပ်ရန်အတွက် အရေးကြီးသည်။ ထို့ပြင် လမ်းညွှန်စနစ်များ၊ လေဆာများနှင့် ရေဒါကဲ့ သို့သော ကာကွယ်ရေးအသုံးအဆောင်များထုတ် လုပ်ရာတွင်လည်းသုံးကြသည်။ ဤဒြပ်စင်များသည် သံလိုက်၊ တောက်ပမှုနှင့် လျှပ်စစ်ဓာတ်ဂုဏ်သတ္တိ များ ကြောင့်လူသိများပြီး အသုံးချပရိုဂရမ်များစွာတွင် အစားထိုး၍မရသောအရာများဖြစ်သဖြင့် မဟာဗျူ ဟာမြောက် တန်ဖိုးရှိသည့်ဓာတ်သတ္တုမျိုးဖြစ်သည်။ တစ်ချိန်က ရေနံကြောင့်စစ်ဖြစ်ရသကဲ့သို့ ယခု လည်း မြေရှားကြောင့်စစ်ဖြစ်ရမည့်ကိန်းကို ဆိုက်လာသည်အထိ မြေရှားလိုအပ်ချက်က ကမ္ဘာတွင် မြင့် မားသထက် မြင့်မားလာနေသည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ သိသာထင်ရှားသောရာခိုင်နှုန်းဖြင့် REEs ၏ အကြီးဆုံး ထုတ်လုပ်သူဖြစ်သည်။ သူ့နောက်မှ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဘရာဇီးနှင့် ရုရှား တို့ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် မြေရှားသတ္တုကို ကုန်ကြမ်းအဆင့်၌သာ ဈေးပေါပေါဖြင့် တရုတ်ကို ရောင်းချနိုင်သေးသည့်အဆင့်တွင်သာရှိသည်။ မြေရှားသတ္တုတူး‌ဖော်မှု အများဆုံးရှိသည့်နေရာများမှာ ပန်ဝါအပါအဝင် ချီ ဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတို့ဖြစ်သည်။
သို့သော်လည်း ကုန်ကြမ်းအဆင့်တွင်သာ တူးဖော်ထုတ်လုပ်နိုင်သောမြန်မာသည် ကမ္ဘာလုံးဆိုင် ရာ မြေရှားသတ္တုလိုအပ်ချက်၏ (၅၀)ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း (၂၀၂၄)ခုနှစ် နိုဝင် ဘာလ (၃)ရက်တွင် တရုတ်သတင်းဌာနတစ်ခုဖြစ်သော Global Times ကဖော်ပြထားသည်။ REE များ သည် များစွာသောနည်းပညာများ တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်း ကဏ္ဍမှပါဝင်သော်လည်း REE သတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်းများသည် ညစ်ညမ်းမှုနှင့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများဆိုင်ရာ စိုးရိမ်မှုများအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဦးတည်စေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ များကဆိုကြသည်။ မြေရှားသတ္တုထုတ်လုပ်ရေးသည် အကောင်း၊ အဆိုး ဒွန်တွဲနေသည့်တိုင် မြေရှား သတ္တု၏တန်ဖိုးကြီးမားမှုနှင့် အသုံးတည့်မှုကမူ ယနေ့ကမ္ဘာတွင် မည်သည့်ဒြပ်သတ္တုမျှ ယှဉ်မရလောက် အောင်ကိုပင် အရေးပါနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြေရှားရရှိရေးနှင့် မြေရှားကိုသန့်စင်ပြီး နည်း ပညာမြင့် ထုတ်ကုန်များ ထုတ်လုပ်သုံးစွဲရေးအတွက် နိုင်ငံကြီးများသည် သူ့ထက်ငါအပြိုင်ဆိုသကဲ့သို့ ကြိုးပမ်းလျက်ရှိကြရာ မြေရှားသတ္တုထွက်ရှိရာ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်ကို တဖြည်းဖြည်း ရောက်ရှိလာနေသည်။
(၂၀၂၅) ခုနှစ် ဖေဖော်ဝါရီ လ (၂၈) ရက်ထုတ် RFA သတင်းတွင် ကမ္ဘာတွင် မြေရှားထုတ်လုပ် သည့် ထိပ်တန်း (၃)နိုင်ငံကိုဖော်ပြခဲ့ရာ တရုတ်၊ အမေရိကန် နှင့်မြန်မာတို့ဖြစ်ပြီး (၂၀၂၄)ခုနှစ်တွင် တရုတ်က (၇၀)ရာခိုင်နှုန်းနီးပါး၊ အမေရိကန်က (၁၁)ရာခိုင်နှုန်း ကျော်နှင့် မြန်မာက (၈) ရာခိုင်နှုန်း နီးပါး ထုတ်လုပ်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် statista အဖွဲ့က ဖေဖော် ဝါရီလတွင် ဖော်ပြထားသည်။ မြန်မာဘက်ကနေ တရုတ်ကိုတင်ပို့သည့် မြေရှားသတ္တုက (၂၀၂၄)ခုနှစ် စက်တင်ဘာလတွင် တန်ချိန် လေးထောင့်နှစ်ရာရှိခဲ့ပြီး ချီဖွေနှင့် ပန်ဝါတွင် KIA နှင့် တိုက်ပွဲဖြစ်နေသည့် အောက်တိုဘာလ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ သုံးလအတွင်း တန်ချိန် (၃၃၀ဝ)ကျော်သာတင်ပို့နိုင်တော့ သည်ဟု တရုတ်အကောက်ခွန်ဌာန၏စာရင်းများအရ သိရှိရသည်။ အဆိုပါ သုံးလတွင် ဒီဇင်ဘာလ အတွင်း တင်ပို့သည့်ပမာဏက အနည်းဆုံးဖြစ်ပြီး တန်ချိန် (၃၀ဝ) တင်ပို့ထားသည်ကိုတွေ့ရသည်။ တရုတ်ကထုတ်လုပ်တင်ပို့သည့် မြေရှားသတ္တု (၇၀%)တွင် မြန်မာမှမြေရှား မည်ရွေ့မည်မျှပါသည်ကိုမူ မှန်းဆ၍မရနိုင်သေးပေ။ အကြောင်းမှာ UWSA၊ “ဝ” ထိန်းချုပ်ရာ နယ်မြေတွင်လည်း မြေရှားသတ္တုများ ထွက်ရှိနေသောကြောင့် ဖြစ်သည်။
ယခုအခါတွင် မြေရှားသတ္တု၏အရေးပါမှုကြောင့် အမေရိကန်လည်း မြန်မာ့အရေးကို ဖြေလျှော့ ဆက်ဆံလာသည်ကိုတွေ့ရသကဲ့သို့ အိန္ဒိယကလည်း နှစ် ပေါင်း(၈၀)နီးပါးပစ်ထားခဲ့သည့် လီဒိုလမ်း (စတီးဝဲလ်လမ်း)ကို ပြန်လည်ဖောက်လုပ်ရန် တရားဝင်ထုတ် ပြောလာပြီဖြစ်သည်။ တရုတ်ကလည်း မြန်မာအစိုးရ နှင့် ဆက်ဆံရေးပြေလည်နေသည့်တိုင် ကချင်ပြည်နယ်ထဲမှ KIO/KIA အဖွဲ့နှင့် ဆက်ဆံ ရေးကို မစွန့်နိုင်ဘဲ အလိုက်အထိုက်ဆက်ဆံနေရခြင်းသည် မြေရှားသတ္တုကြောင့်ပင်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံပိုင် ကချင်ပြည် နယ်ထဲမှမြေရှားသတ္တုများကို KIO/KIA က ထိန်း ချုပ်ထားခြင်းကြောင့် KIO/KIA သည် တစ်နေ့တခြား ဓနအင်အားတောင့်တင်းလာကာ လက်နက်စက်ရုံ များရှိသည်အထိ ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့အားလုံး၏ ပင်မရေသောက်မြစ်ကြီး ဖြစ် လာနေပါသည်။
ယခင်က ယခုမြေရှားသတ္တုများထွက်ရှိရာ ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ကို
ကချင်အထူးဒေသ(၁)အဖြစ် နဝတ/နယက ခေတ် က သတ်မှတ်ပေးခဲ့သည်။ ဦးဇခုန်တိန့်ယိန်း ဦးဆောင် သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်နှင့် BGF တပ်များကထိန်းချုပ်ထားသော ကချင်အထူးဒေသ (၁)နယ်မြေတွင် ဆော့လော်၊ ချီ ဖွေ၊ ဆဒုံး၊ ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ပါဝင်ပြီး KIA နှင့် မဟာမိတ်များက (၂၀၂၄)နှစ်ကုန်ပိုင်း အပြီးသတ်ထိုး စစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကချင် အထူး ဒေသ (၁) သတ်မှတ်ချက်ကို တရားဝင်ဖျက်သိမ်းကြောင်း KIO ကကြေညာခဲ့သည်။ KIA က ဤဒေသကို ထိန်းချုပ်ပြီး အစိုးရအာဏာအောက်မှ ဆွဲထုတ် လိုက်မှုသည် ကချင်ဒေသကိုသာမက နိုင်ငံတော်ကိုပါ များစွာ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းရေးခေါင်းစဉ်အောက်မှ သူ့အရပ်၊ သူ့ဒေသကို သူ့လူမျိုးများ အုပ်ချုပ်စီမံနိုင်ရန် နဝတ၊ နအဖ အစိုးရ က ကချင်အထူးဒေသ (၁)အဖြစ် အုပ်ချုပ်စေခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ အုပ်ချုပ်ခွင့်ပေးခြင်းသည် ဖက်ဒရယ် သဘောဆန်သည့် အုပ်ချုပ်မှုပုံစံဖြစ်သည့်တိုင် KIO/KIA လက်ထဲ ယခုလိုအလွယ်တကူ ပြန်ရောက်သွားခဲ့ ရသည်က နိုင်ငံတော်အတွက် များစွာနစ်နာရ သည်။ နောင်တစ်ချိန် ထိုသို့မဖြစ်စေရန် သင်ခန်းစာယူရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် ခေတ်သစ် နည်းပညာ လောကအတွက် မပါမဖြစ်အရေးပါနေသော မြေရှားသတ္တုသည် ယခုအခါ ပျိုတိုင်းကြိုက် သည့် နှင်းဆီခိုင် ဖြစ်လာနေသဖြင့် မြန်မာ့မြေသည်လည်း ပျိုတိုင်းကြိုက်သည့်နှင်းဆီသဖွယ် ဖြစ်လာနေ ပြီဖြစ်သည်။ ထိုနည်းတူ မြေရှားသတ္တုထွက်ရှိရာမြန်မာ့မြေသည်လည်း တစ်နေ့တခြား တန်ဖိုးမြင့်မား သထက် မြင့်မားလာနေသည်။
ထို့ကြောင့် တရုတ်-အမေရိကန်-အိန္ဒိယ ဆိုသည့် နိုင်ငံကြီး (၃)နိုင်ငံကလည်း ဤဒေသရှိ မြေရှား သတ္တုကိုရရှိရေးနှင့် လက်ဝါးကြီးအုပ်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလာနေပြီဖြစ်သည်။ ဤသို့ သောအခြေအနေတွင် မြန်မာ့မြေရှားသတ္တုထွက်ရှိရာ ဒေသကြီးတစ်ခုလုံး KIA ကထိန်းချုပ်ထားသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် အလုပ်သင့်ဆုံးအလုပ်မှာ မြေရှားထွက်ရှိရာ ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ကို ပြည်ထောင်စုရင်ခွင်ထဲ အမြန်ဆုံးပြန်လည်ရောက်ရှိ စေရန် အရင်ဆုံး ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မြေရှားသတ္တုနယ်မြေများ ပြည်ထောင်စု အစိုးရ အောက်သို့ အမြန်ဆုံးရောက်ရှိစေရန် အရင်ဆုံး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရေရှည်ထိန်းသိမ်း စောင့် ရှောက်နိုင်ရန်လည်း စီမံဆောင်ရွက်ကြရန်လို အပ်သည်။ မြေရှားသတ္တုကိုကိုင်ထားနိုင်သရွေ့ ကမ္ဘာ့နိုင်ငံ ရေး၊ မြန်မာ့နိုင်ငံရေးကို စိတ်ကြိုက်ကစားနိုင်မည် လည်းဖြစ်သည်။ မြေရှားသတ္တုသည် အစိုးရထိန်းချုပ်မှု အောက် ပြန်လည်ရောက်ရှိလာပါက KIO/KIA သည်လည်း အစွယ်ကျိုးသွားပြီး ၎င်းထောက်ပံ့ပေးထား သည့်သူပုန်များကိုလည်း ထောက်ပံ့မှုအလိုလို ရပ်သွားမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးကိုကြည့်ပြန်လျှင်လည်း အမေရိကန်၊ တရုတ်၊ အိန္ဒိယ ၊ ရုရှား စသော နည်းပညာ မြင့် နိုင်ငံများကို လိုသလိုထုတ်ရောင်းပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကောင်းမွန်မှုကို တည် ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုနည်းတူ ယင်းနိုင်ငံကြီးကိုလည်း လိမ္မာပါးနပ်စွာဖြင့် မဟာဗျူဟာကျကျ ဆက်ဆံရန် အလွန်အရေးကြီးသည်။ လက်ရှိအချိန်တွင် မြေရှား သတ္တုသည် သုံးတတ်လျှင် ဆေး၊ မသုံး တတ်လျှင် ဘေးသဖွယ်ဖြစ်နိုင်သကဲ့သို့ မြေရှားလုရာကတစ်ဆင့်စစ်ပွဲများဖြစ်ပွားလာနိုင်သည်ကိုလည်း သတိပြုရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ခေတ်သစ်နိုင်ငံရေးက မြေရှားနိုင်ငံရေးဖြစ်လာနေ သဖြင့် ဤ မြေရှားသတ္တုထွက်ရှိရာဒေသကို နိုင်ငံတော်အစိုးရလက်ဝယ်တွင် ကိုင်ထားပြီး ကမ္ဘာ့နိုင်ငံရေး ကို မဟာဗျူဟာကျကျ ကစားနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ရွှေရောင်လွှမ်းသောအနာဂတ်ကို ပိုင်ဆိုင်ရတော့မည်မှာ မလွဲမသွေဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

Zawgyi Version:
ေျမရွားႏိုင္ငံေရးႏွင့္ျမန္မာ့အနာဂတ္
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - စက္တင္ဘာ ၂
ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ထဲက ေျမရွားသတၱဳေတြကို အေမရိကန္ကလိုခ်င္ေၾကာင္း ဇူလိုင္ (၁၇) ရက္ကေပၚထြက္လာသည့္သတင္းတစ္ပုဒ္ေၾကာင့္ မီဒီယာေလာကတြင္ ပြက္ေလာ႐ိုက္မႈမ်ား ျဖစ္ ေပၚခဲ့ရပါသည္။ ျမန္မာ့ေျမရွားသတၱဳကိုဝယ္ယူရန္ အေမရိကန္ ဒုတိယသမၼတ ဂ်ိမ္းစ္ေဒးဗစ္ဗန႔္စ္၏ ႐ုံးအဖြဲ႕အစည္းအေဝးတစ္ခု၌ ဂ်ိမ္းစ္ကက္စ္တီလိုက အေမရိကန္အေနျဖင့္ တပ္မေတာ္ႏွင့္ KIA ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးေပးမႈမ်ိဳးလုပ္သင့္သည္ဟု အႀကံျပဳတိုက္တြန္းခဲ့သည္။ သူသည္ ျမန္မာႏွင့္ ပတ္ သက္၍ အေမရိကန္၏ စီးပြားေရးဆိုင္ရာ မူဝါဒ အရာရွိေဟာင္းတစ္ဦးျဖစ္ခဲ့ဖူးသူဟု သိရွိရသည္။
ထို႔ျပင္ ဂ်ိမ္းစ္ကက္စ္တီလိုက အေမရိကန္ဒုတိယသမၼတဗန႔္စ္၏႐ုံးအဖြဲ႕ႏွင့္ ရင္းႏွီးဆက္စပ္မႈ ရွိသူဟု လည္းဆိုျပန္သည္။ ဤသတင္းကို မီဒီယာမ်ားတြင္ ဇူလိုင္လအတြင္းက အၿပိဳင္အဆိုင္ ေရးသား ေဖာ္ျပလာၾကသည္။ သတင္းစာဆရာ၊ စာေရးဆရာ၊ ျမန္မာ့အေရးကြၽမ္းက်င္သူဟုလူသိမ်ားသည့္ ဘန္ ေတးလစ္တ နာကေတာင္ တ႐ုတ္ႏိုင္ငံ ႏွာေခါင္းေပါက္ထဲက ေျမရွားသတၱဳကို အေမရိကန္ ကလိုခ်င္မႈ သည္ စိတ္ကူးယဥ္ဆန္ျခင္းသာျဖစ္သည္ဟု ထုတ္ေျပာလာသည္။ ရက္သတၱပတ္အနည္းငယ္အၾကာတြင္ ေတာ့ ထိုသတင္းက ထပ္မံ ေပၚထြက္လာျခင္းမရွိဘဲ ေပ်ာက္ျခင္းမလွ ေပ်ာက္ကြယ္သြားသကဲ့သို႔ျဖစ္ခဲ့ သည္။
သို႔ေသာ္ ဘီဘီစီ ျမန္မာပိုင္းသတင္းဌာနက ဩ ဂုတ္လ (၁၃)ရက္က သတင္းတစ္ပုဒ္ ထပ္မံထုတ္ လႊင့္ခဲ့ျပန္ပါသည္။ အဆိုပါသတင္းမွာ ဒုတိယကမာၻ စစ္ကေဖာက္လုပ္အသုံးျပဳခဲ့သည့္ လီဒိုလမ္းမ ေဟာင္းႀကီးကို အိႏၵိယက ျပန္လည္ေဖာက္လုပ္ေတာ့မည္ဆိုသည့္သတင္းျဖစ္သည္။ ဤသတင္းက ဂြမ္ေမာ္၏ ကလိမ္ကက်စ္ၿငိမ္းခ်မ္းေရးသတင္းေလာက္ လူတို႔စိတ္ဝင္စားမႈမရွိၾကေသာ္လည္း ဤ သတင္း၏ေနာက္ကြယ္တြင္ စိတ္ဝင္စားဖြယ္ရာ အေၾကာင္းတရားမ်ားစြာ ရွိေနသည္။ အခန႔္မသင့္လွ်င္ ျမန္မာ့အနာဂတ္ကို ေ႐ႊေရာင္လႊမ္းသကဲ့သို႔ ေတာက္ပေစမည္ျဖစ္သလို စနစ္တက် အသုံးမခ်ႏိုင္ပါက လည္း ျမန္မာ့ေျမတြင္ စစ္မီးမ်ား ႀကီးထြားလာႏိုင္သည္။ အဓိကအေၾကာင္းမွာ ေျမရွားႏိုင္ငံေရးေၾကာင့္ ဤလမ္းကို အိႏၵိယက ျပန္လည္ျပဳျပင္ေဖာက္လုပ္ျခင္းျဖစ္ႏိုင္သည္ဟု BBC သတင္းဌာနကပါ ထည့္ သြင္းသုံးသပ္လာျခင္းေၾကာင့္ျဖစ္သည္။
ဤ လီဒိုလမ္းမေဟာင္းႀကီးကို အိႏၵိယက အ ဘယ္ေၾကာင့္ ျပန္လည္ေဖာက္လုပ္ခ်င္ရပါသနည္း ဆိုသည္ကို စာေရးသူတို႔ ဆန္းစစ္ေလ့လာၾကည့္ရန္ လိုမည္ျဖစ္ပါသည္။ အိႏၵိယ-ျမန္မာ-တ႐ုတ္ (၃) ႏိုင္ ငံအတြက္ ဒုတိယကမာၻစစ္အတြင္း အုပ္ခ်ဳပ္ေထာက္ပံ့ မႈျပဳလုပ္ရန္ေဖာက္လုပ္ထားသည့္ လီဒိုလမ္းမ ႀကီးကို ပစ္ထားခဲ့သည္မွာ ယေန႔ဆိုလွ်င္ ႏွစ္ေပါင္း (၈၀) နီး ပါးရွိၿပီျဖစ္သည္။ လီဒိုလမ္းမႀကီး၏ သမိုင္း ေၾကာင္း အနည္းအက်ဥ္းကိုျပန္ေဖာ္ျပရလွ်င္ ဒုတိယကမာၻစစ္အတြင္းက အေရွ႕ေတာင္အာရွ၊ ျမန္မာ၊ ေတာင္အာ ရွႏွင့္ အေရွ႕အာရွတို႔အတြက္ စစ္အတြင္း အလြန္အေရးပါေသာလမ္းတစ္ခုဟုဆိုလွ်င္လည္း မွားမည္မဟုတ္ေပ။
(၁၉၄၂) ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ထိုင္း-ျမန္မာနယ္စပ္မွေန၍ ဂ်ပန္အမွတ္(၁၅)တပ္ေတာ္ ဗိုလ္ခ်ဳပ္ ႀကီး ရႈိဂ်ီဂိုအီဒါးတပ္မ်ားႏွင့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) တို႔သည္ အဂၤလိပ္တို႔ကိုတိုက္ထုတ္ရန္ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္ခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ျမန္မာျပည္ရွိအဂၤလိပ္တပ္မ်ားကလည္း ဂ်ပန္တပ္ မ်ားကိုခုခံရန္ အင္အားမလုံေလာက္သျဖင့္ ခ်န္ေကရွိတ္၏ တ႐ုတ္ျဖဴတပ္မ်ားက ေတာင္ငူအထိဆင္းၿပီး ခုခံေပး ခဲ့သည္။ သို႔ေသာ္ ဂ်ပန္ထိုးစစ္ကို ေတာင့္ခံႏိုင္စြမ္းမရွိသျဖင့္ အဂၤလိပ္တပ္မ်ားက အိႏၵိယသို႔ လည္းေကာင္း တ႐ုတ္တပ္မ်ားက တ႐ုတ္သို႔လည္းေကာင္း အသီးသီးဆုတ္ခြာခဲ့ရသည္။
ထိုကာလတြင္ အဂၤလိပ္တို႔သည္ ကမာၻႏွင့္အဝွမ္း စစ္မ်က္ႏွာ အဖြင့္ခံထားရခ်ိန္ျဖစ္သည္။ ေနရာ အႏွံ႔ စစ္ေရးရလဒ္ အေရးမလွျဖစ္ေနေသာအဂၤလိပ္တို႔ သည္ ၎တို႔ အုပ္ခ်ဳပ္ေထာက္ပံ့မႈအတြက္ အဓိက အားထားရာလမ္းေၾကာင္းတစ္ခုျဖစ္သည့္ မလကၠာေရလက္ၾကားပါ ဂ်ပန္တို႔လက္ေအာက္က်ေရာက္ခဲ့ရ ျပန္သည္။ ထို႔ေၾကာင့္အဂၤလိပ္ႏွင့္ မဟာမိတ္တပ္မ်ား အတြက္ အေရွ႕အာရွ၊ အေရွ႕ေတာင္အာရွႏွင့္ ေတာင္အာရွတို႔ကိုခ်ိတ္ဆက္ရန္ လမ္းေၾကာင္းတစ္ခု မျဖစ္မေနလိုအပ္လာသည္။
မလကၠာေရလက္ၾကားက်သြားသည့္အခါ ေထာက္ပံ့ေရးလမ္းေၾကာင္းမ်ားအက်ပ္႐ိုက္သြားသည့္ အဂၤလိပ္တို႔ကို အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး စတီး ဝဲလ္က လမ္းေၾကာင္းတစ္ခုေဖာက္လုပ္ရန္ အႀကံျပဳခဲ့ သည္။ ယင္းမွာ အိႏၵိယႏိုင္ငံ လီဒိုၿမိဳ႕မွ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းအထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ကို ျဖတ္ၿပီး တ႐ုတ္ျပည္ ကူမင္းၿမိဳ႕အထိေဖာက္လုပ္မည့္ လီဒိုလမ္းမႀကီးကို အႀကံျပဳခဲ့ျခင္းျဖစ္ပါသည္။
အဆိုပါလီဒိုလမ္းသည္ ေတာင္အာရွ၊ အေရွ႕ေတာင္အာရွႏွင့္ တ႐ုတ္ျပည္အေရွ႕အာရွအထိ ခရီး တြင္သျဖင့္ စစ္အတြင္း အုပ္ခ်ဳပ္ေထာက္ပံ့မႈ ေကာင္း စြာျပဳလုပ္ႏိုင္ျခင္းေၾကာင့္ မဟာမိတ္တပ္မ်ားက လက္ခံခဲ့ၾကသည္။ ဤသို႔ျဖင့္ (၁၉၄၂) ဒီဇင္ဘာလတြင္ သေဘာတူမႈယူၿပီး ေဖာက္လုပ္ခဲ့သည္။ ဤလမ္း သည္ စစ္အတြင္းကာလ ႏွစ္ႏွစ္ေက်ာ္အၾကာ ၿပီးဆုံးၿပီးေနာက္ (၁၉၄၅) ခုႏွစ္ ဇန္နဝါရီလ (၁၂)ရက္တြင္ ယာဥ္ (၁၁၃) စီးပါသည့္ရိကၡာပို႔ယာဥ္တန္းက တ႐ုတ္ ႏိုင္ငံ ကူမင္းၿမိဳ႕သို႔ စတင္ေျပးဆြဲႏိုင္ခဲ့သည္။ ထိုအ ခ်ိန္ကစ၍ ဒုတိယကမာၻစစ္အတြင္း အဓိက အုပ္ခ်ဳပ္ မႈလမ္းေၾကာင္းအျဖစ္အသုံးျပဳခဲ့ေသာ္လည္း ဒုတိယ ကမာၻစစ္အၿပီး (၁၉၄၅)ခုႏွစ္ ႏိုဝင္ဘာလတြင္ ရပ္နားထားခဲ့သည္မွာ ယေန႔တိုင္ျဖစ္သည္။
အေမရိကန္ ဗိုလ္ခ်ဳပ္ႀကီးစတီးဝဲလ္ အႀကံျပဳ၍ ေဖာက္လုပ္ခဲ့သည့္ဤလမ္းကို စတီးဝဲလ္လမ္းဟု လည္းေခၚခဲ့ၾကသည္။ အေမ့ခံဘဝျဖင့္ ႏွစ္ေပါင္း(၈၀) မွ်ေနလာခဲ့ရသည့္ဤလမ္းသည္ ယခုအခါ ႏိုင္ငံတ ကာသိလမ္းတစ္ခုျဖစ္လာေတာ့မည့္သေဘာ ေတြ႕ျမင္လာရသည္။ အေၾကာင္းမွာ ဤေဒသရွိ ေျမရွား သတၱဳမ်ားကို အေမရိကန္ကလိုခ်င္သကဲ့သို႔ ေနာက္ဆက္တြဲအေနျဖင့္ အိႏၵိယတြင္သန႔္စင္မည္ဆိုသည့္ သတင္းကလည္း ဤလီဒိုလမ္းမေဟာင္းႀကီးကို ျပန္လည္ႏိုးထေစခဲ့သည့္ အခ်က္တစ္ခ်က္အေနျဖင့္ ပါဝင္လိမ့္မည္ဟု ယူဆမိသည္။
ဇူလိုင္လ (၁၆ )ရက္ကလည္း ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မ ေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းအား အိႏၵိ ယ တပ္မေတာ္ကာကြယ္ေရးဆိုင္ရာ ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ ဒုတိယစစ္ဦးစီးခ်ဳပ္ (ေထာက္လွမ္းေရး) Lieutenant General Shrinjay Pratap Singh, AVSM, YSMဦးေဆာင္ ေသာကိုယ္ စားလွယ္အဖြဲ႕က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လာေရာက္ေတြ႕ဆုံခဲ့သည္။
ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္ လက္ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ကိစၥရပ္မ်ားအျပင္ လုံၿခဳံေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္း ေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား၊ ျမန္မာႏိုင္ငံတြင္ လြတ္လပ္၍တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတစ္ရပ္ကို အႏွစ္သာရရွိစြာျဖင့္ က်င္းပသြားမည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေခါင္းစဥ္ေအာက္မွ လီဒိုလမ္းမေဟာင္း ျပန္လည္ ေဖာက္လုပ္ရန္ႏွင့္ ေျမရွားသတၱဳကိစၥရပ္မ်ားပါဝင္လိမ့္ မည္ဟု BBC သတင္းဌာနအပါအဝင္ ႏိုင္ငံေရး ေလ့လာသူမ်ားက ခန႔္မွန္းသုံးသပ္လာၾကသည္။ မည္သို႔ပင္ဆိုေစကာမူ စင္ကာပူႏိုင္ငံထက္ဧရိယာ ႀကီးမားသည့္ ေဆာ့ေလာ္၊ ခ်ီေဖြ၊ ဆဒုံး၊ ပန္ဝါ၊ ကန္ပိုင္တီၿမိဳ႕တို႔ပါဝင္သည့္ ဤေဒသႏွင့္ မိုးေမာက္ၿမိဳ႕နယ္ တို႔သည္ ယေန႔ ကမာၻ႔သည္းေျခႀကိဳက္ေျမရွားသတၱဳအမ်ားအျပားထြက္ရွိရာေဒသျဖစ္သည္။ ေျမရွား သတၱဳရရွိေရးအတြက္ ကမာၻ႔ႏိုင္ငံႀကီးမ်ားက အျပင္းအထန္အားထုတ္ေနၾကသည္။
ႏိုင္ငံႀကီးမ်ား အၿပိဳင္အဆိုင္လိုခ်င္ေနၾကေသာ ေျမရွားသတၱဳေၾကာင့္ ေခတ္သစ္ႏိုင္ငံေရးကို ေျမရွား ႏိုင္ငံေရးဟုပင္ေခၚရေလာက္ေအာင္ ေျမရွားရတနာတစ္ပါး ျဖစ္လာေနသည္။ ထို႔ေၾကာင့္ ေျမရွား သတၱဳႏွင့္ ျမန္မာႏိုင္ငံ၏ ပတ္သက္ဆက္စပ္မႈကိုလည္း သိရန္လိုမည္ျဖစ္သည္။
ေျမရွားျဒပ္စင္မ်ား (REEs) သည္ ေခတ္မီနည္း ပညာမ်ားစြာအတြက္ မရွိမျဖစ္လိုအပ္ေသာ သတၱဳ ျဒပ္စင္ (၁၇)မ်ိဳးပါရွိေသာ သတၱဳအုပ္စုတစ္ခုျဖစ္သည္။ ၎တို႔တြင္ တူညီေသာသတၱဳ႐ိုင္းသိုက္မ်ားတြင္ ျဖစ္ေပၚေလ့ရွိၿပီး လန္သနမ္ (lanthanum) (၁၅)ခု၊ စ ကန္ဒီယမ္ (scandium) ႏွင့္ အီထရီယမ္ (Yttrium) တို႔ပါဝင္သည္။ REE မ်ားသည္ စမတ္ဖုန္းမ်ား၊ ကြန္ပ်ဴတာဟာ့ဒ္ဒ႐ိုက္မ်ား၊ လွ်ပ္စစ္ကားမ်ားႏွင့္ မ်က္ႏွာ ျပင္ျပားေမာ္နီတာမ်ားကဲ့သို႔ေသာ နည္းပညာျမင့္စက္ ပစၥည္းမ်ားထုတ္လုပ္ရန္အတြက္ အေရးႀကီးသည္။ ထို႔ျပင္ လမ္းၫႊန္စနစ္မ်ား၊ ေလဆာမ်ားႏွင့္ ေရဒါကဲ့ သို႔ေသာ ကာကြယ္ေရးအသုံးအေဆာင္မ်ားထုတ္ လုပ္ရာတြင္လည္းသုံးၾကသည္။ ဤျဒပ္စင္မ်ားသည္ သံလိုက္၊ ေတာက္ပမႈႏွင့္ လွ်ပ္စစ္ဓာတ္ဂုဏ္သတၱိ မ်ား ေၾကာင့္လူသိမ်ားၿပီး အသုံးခ်ပ႐ိုဂရမ္မ်ားစြာတြင္ အစားထိုး၍မရေသာအရာမ်ားျဖစ္သျဖင့္ မဟာဗ်ဴ ဟာေျမာက္ တန္ဖိုးရွိသည့္ဓာတ္သတၱဳမ်ိဳးျဖစ္သည္။ တစ္ခ်ိန္က ေရနံေၾကာင့္စစ္ျဖစ္ရသကဲ့သို႔ ယခု လည္း ေျမရွားေၾကာင့္စစ္ျဖစ္ရမည့္ကိန္းကို ဆိုက္လာသည္အထိ ေျမရွားလိုအပ္ခ်က္က ကမာၻတြင္ ျမင့္ မားသထက္ ျမင့္မားလာေနသည္။
တ႐ုတ္ႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာ သိသာထင္ရွားေသာရာခိုင္ႏႈန္းျဖင့္ REEs ၏ အႀကီးဆုံး ထုတ္လုပ္သူျဖစ္သည္။ သူ႔ေနာက္မွ အေမရိကန္၊ ဩစေၾတးလ်၊ အိႏၵိယ၊ ဗီယက္နမ္၊ ဘရာဇီးႏွင့္ ႐ုရွား တို႔ျဖစ္သည္။ျမန္မာႏိုင္ငံအေနျဖင့္ ေျမရွားသတၱဳကို ကုန္ၾကမ္းအဆင့္၌သာ ေဈးေပါေပါျဖင့္ တ႐ုတ္ကို ေရာင္းခ်ႏိုင္ေသးသည့္အဆင့္တြင္သာရွိသည္။ ေျမရွားသတၱဳတူး‌ေဖာ္မႈ အမ်ားဆုံးရွိသည့္ေနရာမ်ားမွာ ပန္ဝါအပါအဝင္ ခ်ီ ေဖြ၊ ေဆာ့ေလာ္၊ ဖီေမာ္ေဒသတို႔ျဖစ္သည္။
သို႔ေသာ္လည္း ကုန္ၾကမ္းအဆင့္တြင္သာ တူးေဖာ္ထုတ္လုပ္ႏိုင္ေသာျမန္မာသည္ ကမာၻလုံးဆိုင္ ရာ ေျမရွားသတၱဳလိုအပ္ခ်က္၏ (၅၀)ရာခိုင္ႏႈန္းေက်ာ္ကို ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း (၂၀၂၄)ခုႏွစ္ ႏိုဝင္ ဘာလ (၃)ရက္တြင္ တ႐ုတ္သတင္းဌာနတစ္ခုျဖစ္ေသာ Global Times ကေဖာ္ျပထားသည္။ REE မ်ား သည္ မ်ားစြာေသာနည္းပညာမ်ား တိုးတက္မႈအတြက္ မရွိမျဖစ္လိုအပ္ၿပီး ကမာၻ႔စီးပြားေရးႏွင့္ နည္း ပညာဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အေရးပါေသာအခန္း က႑မွပါဝင္ေသာ္လည္း REE သတၱဳတူးေဖာ္ျခင္းႏွင့္ သန႔္စင္ျခင္းမ်ားသည္ ညစ္ညမ္းမႈႏွင့္ ေရဒီယိုသတၱိႂကြ စြန႔္ပစ္ပစၥည္းမ်ားဆိုင္ရာ စိုးရိမ္မႈမ်ားအပါအဝင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာစိန္ေခၚမႈမ်ားကို ဦးတည္ေစႏိုင္သည္ဟု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသူ မ်ားကဆိုၾကသည္။ ေျမရွားသတၱဳထုတ္လုပ္ေရးသည္ အေကာင္း၊ အဆိုး ဒြန္တြဲေနသည့္တိုင္ ေျမရွား သတၱဳ၏တန္ဖိုးႀကီးမားမႈႏွင့္ အသုံးတည့္မႈကမူ ယေန႔ကမာၻတြင္ မည္သည့္ျဒပ္သတၱဳမွ် ယွဥ္မရေလာက္ ေအာင္ကိုပင္ အေရးပါေနသည္ကိုေတြ႕ရသည္။ ထို႔ေၾကာင့္ ေျမရွားရရွိေရးႏွင့္ ေျမရွားကိုသန႔္စင္ၿပီး နည္း ပညာျမင့္ ထုတ္ကုန္မ်ား ထုတ္လုပ္သုံးစြဲေရးအတြက္ ႏိုင္ငံႀကီးမ်ားသည္ သူ႔ထက္ငါအၿပိဳင္ဆိုသကဲ့သို႔ ႀကိဳးပမ္းလ်က္ရွိၾကရာ ေျမရွားသတၱဳထြက္ရွိရာ ျမန္မာႏိုင္ငံသည္လည္း ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚကို တျဖည္းျဖည္း ေရာက္ရွိလာေနသည္။
(၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီ လ (၂၈) ရက္ထုတ္ RFA သတင္းတြင္ ကမာၻတြင္ ေျမရွားထုတ္လုပ္ သည့္ ထိပ္တန္း (၃)ႏိုင္ငံကိုေဖာ္ျပခဲ့ရာ တ႐ုတ္၊ အေမရိကန္ ႏွင့္ျမန္မာတို႔ျဖစ္ၿပီး (၂၀၂၄)ခုႏွစ္တြင္ တ႐ုတ္က (၇၀)ရာခိုင္ႏႈန္းနီးပါး၊ အေမရိကန္က (၁၁)ရာခိုင္ႏႈန္း ေက်ာ္ႏွင့္ ျမန္မာက (၈) ရာခိုင္ႏႈန္း နီးပါး ထုတ္လုပ္ခဲ့သည္ဟု အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ အေျခစိုက္ statista အဖြဲ႕က ေဖေဖာ္ ဝါရီလတြင္ ေဖာ္ျပထားသည္။ ျမန္မာဘက္ကေန တ႐ုတ္ကိုတင္ပို႔သည့္ ေျမရွားသတၱဳက (၂၀၂၄)ခုႏွစ္ စက္တင္ဘာလတြင္ တန္ခ်ိန္ ေလးေထာင့္ႏွစ္ရာရွိခဲ့ၿပီး ခ်ီေဖြႏွင့္ ပန္ဝါတြင္ KIA ႏွင့္ တိုက္ပြဲျဖစ္ေနသည့္ ေအာက္တိုဘာလ၊ ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာလ သုံးလအတြင္း တန္ခ်ိန္ (၃၃၀ဝ)ေက်ာ္သာတင္ပို႔ႏိုင္ေတာ့ သည္ဟု တ႐ုတ္အေကာက္ခြန္ဌာန၏စာရင္းမ်ားအရ သိရွိရသည္။ အဆိုပါ သုံးလတြင္ ဒီဇင္ဘာလ အတြင္း တင္ပို႔သည့္ပမာဏက အနည္းဆုံးျဖစ္ၿပီး တန္ခ်ိန္ (၃၀ဝ) တင္ပို႔ထားသည္ကိုေတြ႕ရသည္။ တ႐ုတ္ကထုတ္လုပ္တင္ပို႔သည့္ ေျမရွားသတၱဳ (၇၀%)တြင္ ျမန္မာမွေျမရွား မည္ေ႐ြ႕မည္မွ်ပါသည္ကိုမူ မွန္းဆ၍မရႏိုင္ေသးေပ။ အေၾကာင္းမွာ UWSA၊ “ဝ” ထိန္းခ်ဳပ္ရာ နယ္ေျမတြင္လည္း ေျမရွားသတၱဳမ်ား ထြက္ရွိေနေသာေၾကာင့္ ျဖစ္သည္။
ယခုအခါတြင္ ေျမရွားသတၱဳ၏အေရးပါမႈေၾကာင့္ အေမရိကန္လည္း ျမန္မာ့အေရးကို ေျဖေလွ်ာ့ ဆက္ဆံလာသည္ကိုေတြ႕ရသကဲ့သို႔ အိႏၵိယကလည္း ႏွစ္ ေပါင္း(၈၀)နီးပါးပစ္ထားခဲ့သည့္ လီဒိုလမ္း (စတီးဝဲလ္လမ္း)ကို ျပန္လည္ေဖာက္လုပ္ရန္ တရားဝင္ထုတ္ ေျပာလာၿပီျဖစ္သည္။ တ႐ုတ္ကလည္း ျမန္မာအစိုးရ ႏွင့္ ဆက္ဆံေရးေျပလည္ေနသည့္တိုင္ ကခ်င္ျပည္နယ္ထဲမွ KIO/KIA အဖြဲ႕ႏွင့္ ဆက္ဆံ ေရးကို မစြန႔္ႏိုင္ဘဲ အလိုက္အထိုက္ဆက္ဆံေနရျခင္းသည္ ေျမရွားသတၱဳေၾကာင့္ပင္ျဖစ္သည္။
လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံပိုင္ ကခ်င္ျပည္ နယ္ထဲမွေျမရွားသတၱဳမ်ားကို KIO/KIA က ထိန္း ခ်ဳပ္ထားျခင္းေၾကာင့္ KIO/KIA သည္ တစ္ေန႔တျခား ဓနအင္အားေတာင့္တင္းလာကာ လက္နက္စက္႐ုံ မ်ားရွိသည္အထိ ျပည္တြင္းေသာင္းက်န္းသူ လက္နက္ကိုင္ အဖြဲ႕အားလုံး၏ ပင္မေရေသာက္ျမစ္ႀကီး ျဖစ္ လာေနပါသည္။
ယခင္က ယခုေျမရွားသတၱဳမ်ားထြက္ရွိရာ ေဆာ့ေလာ္၊ ခ်ီေဖြ၊ ဆဒုံး၊ ပန္ဝါ၊ ကန္ပိုင္တီၿမိဳ႕တို႔ကို
ကခ်င္အထူးေဒသ(၁)အျဖစ္ နဝတ/နယက ေခတ္ က သတ္မွတ္ေပးခဲ့သည္။ ဦးဇခုန္တိန႔္ယိန္း ဦးေဆာင္ သည့္ ကခ်င္ဒီမိုကေရစီသစ္တပ္မေတာ္ (NDA-K) ျပည္သူ႔စစ္ႏွင့္ BGF တပ္မ်ားကထိန္းခ်ဳပ္ထားေသာ ကခ်င္အထူးေဒသ (၁)နယ္ေျမတြင္ ေဆာ့ေလာ္၊ ခ်ီ ေဖြ၊ ဆဒုံး၊ ပန္ဝါ၊ ကန္ပိုင္တီၿမိဳ႕တို႔ပါဝင္ၿပီး KIA ႏွင့္ မဟာမိတ္မ်ားက (၂၀၂၄)ႏွစ္ကုန္ပိုင္း အၿပီးသတ္ထိုး စစ္ဆင္သိမ္းပိုက္ခဲ့သည္။ ထို႔ေနာက္ ကခ်င္ အထူး ေဒသ (၁) သတ္မွတ္ခ်က္ကို တရားဝင္ဖ်က္သိမ္းေၾကာင္း KIO ကေၾကညာခဲ့သည္။ KIA က ဤေဒသကို ထိန္းခ်ဳပ္ၿပီး အစိုးရအာဏာေအာက္မွ ဆြဲထုတ္ လိုက္မႈသည္ ကခ်င္ေဒသကိုသာမက ႏိုင္ငံေတာ္ကိုပါ မ်ားစြာ ထိခိုက္နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည္။ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ ၿငိမ္းေရးေခါင္းစဥ္ေအာက္မွ သူ႔အရပ္၊ သူ႔ေဒသကို သူ႔လူမ်ိဳးမ်ား အုပ္ခ်ဳပ္စီမံႏိုင္ရန္ နဝတ၊ နအဖ အစိုးရ က ကခ်င္အထူးေဒသ (၁)အျဖစ္ အုပ္ခ်ဳပ္ေစခဲ့ျခင္းျဖစ္သည္။
ဤကဲ့သို႔ အုပ္ခ်ဳပ္ခြင့္ေပးျခင္းသည္ ဖက္ဒရယ္ သေဘာဆန္သည့္ အုပ္ခ်ဳပ္မႈပုံစံျဖစ္သည့္တိုင္ KIO/KIA လက္ထဲ ယခုလိုအလြယ္တကူ ျပန္ေရာက္သြားခဲ့ ရသည္က ႏိုင္ငံေတာ္အတြက္ မ်ားစြာနစ္နာရ သည္။ ေနာင္တစ္ခ်ိန္ ထိုသို႔မျဖစ္ေစရန္ သင္ခန္းစာယူရမည္ျဖစ္သည္။ အႏွစ္ခ်ဳပ္ဆိုရလွ်င္ ေခတ္သစ္ နည္းပညာ ေလာကအတြက္ မပါမျဖစ္အေရးပါေနေသာ ေျမရွားသတၱဳသည္ ယခုအခါ ပ်ိဳတိုင္းႀကိဳက္ သည့္ ႏွင္းဆီခိုင္ ျဖစ္လာေနသျဖင့္ ျမန္မာ့ေျမသည္လည္း ပ်ိဳတိုင္းႀကိဳက္သည့္ႏွင္းဆီသဖြယ္ ျဖစ္လာေန ၿပီျဖစ္သည္။ ထိုနည္းတူ ေျမရွားသတၱဳထြက္ရွိရာျမန္မာ့ေျမသည္လည္း တစ္ေန႔တျခား တန္ဖိုးျမင့္မား သထက္ ျမင့္မားလာေနသည္။
ထို႔ေၾကာင့္ တ႐ုတ္-အေမရိကန္-အိႏၵိယ ဆိုသည့္ ႏိုင္ငံႀကီး (၃)ႏိုင္ငံကလည္း ဤေဒသရွိ ေျမရွား သတၱဳကိုရရွိေရးႏွင့္ လက္ဝါးႀကီးအုပ္ႏိုင္ေရးအတြက္ အျပင္းအထန္ႀကိဳးစားလာေနၿပီျဖစ္သည္။ ဤသို႔ ေသာအေျခအေနတြင္ ျမန္မာ့ေျမရွားသတၱဳထြက္ရွိရာ ေဒသႀကီးတစ္ခုလုံး KIA ကထိန္းခ်ဳပ္ထားသည္မွာ မျဖစ္သင့္သည့္ကိစၥျဖစ္သည္။ ထို႔ေၾကာင့္ ဤအခ်ိန္တြင္ အလုပ္သင့္ဆုံးအလုပ္မွာ ေျမရွားထြက္ရွိရာ ေဆာ့ေလာ္၊ ခ်ီေဖြ၊ ဆဒုံး၊ ပန္ဝါ၊ ကန္ပိုင္တီၿမိဳ႕တို႔ကို ျပည္ေထာင္စုရင္ခြင္ထဲ အျမန္ဆုံးျပန္လည္ေရာက္ရွိ ေစရန္ အရင္ဆုံး ႀကိဳးပမ္းအားထုတ္ၾကရမည္ျဖစ္သည္။ ေျမရွားသတၱဳနယ္ေျမမ်ား ျပည္ေထာင္စု အစိုးရ ေအာက္သို႔ အျမန္ဆုံးေရာက္ရွိေစရန္ အရင္ဆုံး ေဆာင္႐ြက္ရမည္ျဖစ္သကဲ့သို႔ ေရရွည္ထိန္းသိမ္း ေစာင့္ ေရွာက္ႏိုင္ရန္လည္း စီမံေဆာင္႐ြက္ၾကရန္လို အပ္သည္။ ေျမရွားသတၱဳကိုကိုင္ထားႏိုင္သေ႐ြ႕ ကမာၻ႔ႏိုင္ငံ ေရး၊ ျမန္မာ့ႏိုင္ငံေရးကို စိတ္ႀကိဳက္ကစားႏိုင္မည္ လည္းျဖစ္သည္။ ေျမရွားသတၱဳသည္ အစိုးရထိန္းခ်ဳပ္မႈ ေအာက္ ျပန္လည္ေရာက္ရွိလာပါက KIO/KIA သည္လည္း အစြယ္က်ိဳးသြားၿပီး ၎ေထာက္ပံ့ေပးထား သည့္သူပုန္မ်ားကိုလည္း ေထာက္ပံ့မႈအလိုလို ရပ္သြားမည္ျဖစ္သည္။
ကမာၻ႔ႏိုင္ငံေရးကိုၾကည့္ျပန္လွ်င္လည္း အေမရိကန္၊ တ႐ုတ္၊ အိႏၵိယ ၊ ႐ုရွား စေသာ နည္းပညာ ျမင့္ ႏိုင္ငံမ်ားကို လိုသလိုထုတ္ေရာင္းၿပီး ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးေကာင္းမြန္မႈကို တည္ ေဆာက္ႏိုင္မည္ျဖစ္ပါသည္။ ထိုနည္းတူ ယင္းႏိုင္ငံႀကီးကိုလည္း လိမၼာပါးနပ္စြာျဖင့္ မဟာဗ်ဴဟာက်က် ဆက္ဆံရန္ အလြန္အေရးႀကီးသည္။ လက္ရွိအခ်ိန္တြင္ ေျမရွား သတၱဳသည္ သုံးတတ္လွ်င္ ေဆး၊ မသုံး တတ္လွ်င္ ေဘးသဖြယ္ျဖစ္ႏိုင္သကဲ့သို႔ ေျမရွားလုရာကတစ္ဆင့္စစ္ပြဲမ်ားျဖစ္ပြားလာႏိုင္သည္ကိုလည္း သတိျပဳရမည္ ျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစကာမူ ေခတ္သစ္ႏိုင္ငံေရးက ေျမရွားႏိုင္ငံေရးျဖစ္လာေန သျဖင့္ ဤ ေျမရွားသတၱဳထြက္ရွိရာေဒသကို ႏိုင္ငံေတာ္အစိုးရလက္ဝယ္တြင္ ကိုင္ထားၿပီး ကမာၻ႔ႏိုင္ငံေရး ကို မဟာဗ်ဴဟာက်က် ကစားႏိုင္မည္ဆိုလွ်င္ ျမန္မာႏိုင္ငံသည္ ေ႐ႊေရာင္လႊမ္းေသာအနာဂတ္ကို ပိုင္ဆိုင္ရေတာ့မည္မွာ မလြဲမေသြျဖစ္ေၾကာင္း အႀကံျပဳေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.